အင်တာနက် ပိတ်တာ ဘယ်လောက် တန်ဖိုးကြီးကြီး ထိသလဲ

21 August, 2021

Top10VPN မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ မြန်မာ အင်တာနက် ပိတ်ခြင်းကြောင့် စီးပွားရေး ထိခိုက်တာ ၂၀၂၁ အတွင်း တန်ဖိုးအကြီးမားဆုံး ဖြစ်ခဲ့ပါတယ်။

ဒုတိယနေရာမှာတော့ အန္ဒိယနိုင်ငံ ရှိနေပြီး အိန္ဒိယနိုင်ငံကို မီလာနိုင်ဖွယ်ရှိတဲ့ နိုင်ဂျီးရီးယားနိုင်ငံက တတိယနေရာမှာ ရှိနေပါတယ်။

အင်တာနက်ချိတ်ဆက်မှု အချိန်ပြည့် ရရှိရေးဟာ တစ်နေ့ထက်တစ်နေ့ ပိုအရေးပါလာနေချိန်မှာ အင်တာနက် ရပ်ဆိုင်းထားမှုတွေဟာ ဖြစ်နေကျအဖြစ် ဆက်လက်ဖြစ်ပွားနေပါတယ်။ အဲဒီလို အင်တာနက်ပိတ်ထားတာတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြသခြင်းကို အာဏာပြပြီး အဟန့်အတား ပြုကြတာ ဖြစ်ပါတယ်။ ဒီတော့ စီးပွားရေးကဏ္ဍ ဂယက်ထကုန်တာကို အလေးအမှုမပြုကြဘူး။

အင်တာနက် ပိတ်လို့ စီးပွားရေးကဏ္ဍ ဂယက်ထတာကြောင့် တန်ဖိုး ဘယ်လောက်ကြီးကြီး အထိနာသလဲ။ စီးပွားရေး တစ်ရပ်လုံးလား။ တစ်စိတ်တစ်ပိုင်းလား။ ဘယ်လိုပဲဖြစ်ဖြစ် တန်ဖိုးပမာဏ မနည်းပါဘူး။

Top10VPN ရဲ့ ဒေတာတွေအရ ၂၀၁၉ ခုနှစ်နောက်ပိုင်း အဓိက internet shutdown ၂၃၄ ကြိမ်ကို နိုင်ငံပေါင်း ၃၄ နိုင်ငံမှာ ဖြစ်ပွားခဲ့တယ်။ စီးပွားရေးနစ်နာတဲ့ တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံ ရှိတယ်။
၂၀၂၁ ခုနှစ် မကုန်ဆုံးသေးပမဲ့ လောလောဆယ်အထိ စီးပွားရေးနစ်နာတဲ့ တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဘီလျံ ကျော်နေပြီ ဖြစ်ပါတယ။ ၂၀၂၁ ခုနှစ် ဇူလိုင်လ တစ်လတည်းမှာ internet shutdown စုစုပေါင်း ၈,၂၁၈ နာရီ ရှိခဲ့ပါတယ်။
စီးပွားရေး နစ်နာပုံက internet shutdown တစ်ခုနဲ့တစ်ခု တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူကြဘူး။
စီးပွားရေး နစ်နာပုံက ထိခိုက်တဲ့ လူဉီးရေ အရွယ်အစား၊ ပိတ်ထားတဲ့ကာလ ကြာမြင့်ချိန်၊ အင်တာနက် ပိတ်တဲ့ အတိုင်းအတာ၊ စီးပွားရေးက အင်တာနက်အပေါ် တည်မှီနေမှု စတဲ့ အကြောင်းရင်းခံတွေ ကွဲပြားရင် နစ်နာပုံလည်း ကွာခြားပါတယ်။
ဥပမာ ချဒ်နိုင်ငံကို ကြည့်ရင် နာရီ ၃၀ ပိတ်ထားလိုက်တာ လူဦးရေ ၁ ဒသမ ၁ သန်းကို ထိခိုက်တယ်။ တိုင်းပြည်အနေဖြင့် အမေရိကန်ဒေါ်လာ ၉၀၀,၀၀၀ နစ်နာသွားတယ်။ အာမေးနီးယားမှာ အင်တာနက် ပိတ်ထားတဲ့အတွက် လူဦးရေ ၁ ဒသမ ၉ သန်း ထိခိုက်တယ်။ တိုင်းပြည်အနေဖြင့် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆ သန်း နစ်နာခဲ့ပါတယ်။

အင်တာနက် ဖြတ်တောက်ပုံများတွင် အဓိကအားဖြင့် သုံးမျိုး ရှိပါတယ်

  • အင်တာနက် ဘလက်အောက်
    Internet blackout
    အင်တာနက်ကို လုံးဝအပြီးအပြတ် ဖြတ်တောက်ထားလိုက်တာ ဖြစ်ပါတယ်။ မည်သည့်နည်းနှင့်မှ အင်တာနက်ကို သုံးစွဲ၍ မရနိုင်ပါ။ အင်တာနက် မပေါ်ခင်တုန်းကအတိုင်း ဖြစ်နေစေပါတယ်။
  • ဆိုရှယ်မီဒီယာ ပိတ်ပင်ခြင်း
    Social media shutdowns
    လူသုံးများတဲ့ ဆိုရှယ်မီဒီယာများ သုံးလို့မရတော့အောင် ဖြတ်တောက်ထားခြင်း ဖြစ်ပါတယ်။ Facebook, WhatsApp, Twitter အစရှိတဲ့ ဆိုရှယ်ပလက်ဖောင်းတွေပေါ်ကို တက်သုံးလို့ မရတော့ဘူး။ VPN ကို သုံးစွဲပြီး တားဆီးထားတာတွေကို ရှောင်ကွင်းသုံးစွဲနိုင်ပါတယ်။
  • လိုင်းကို အပြင်းအထန် ညှစ်ထားခြင်း
    Severe throttling
    အင်တာနက် အမြန်နှုန်းကို နှေးကွေးအောင် တမင်ဖန်တီးထားတာ ဖြစ်ပါတယ်။ အမြန်နှုန်းက 2G အဆင့်အထိ လျှော့ချထားပြီး 2G ကိုပင်လျှင် ကောင်းကောင်းသုံးလို့ မရတော့တဲ့အထိ ဖြစ်နေတတ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ သတိပြုမိစရာက အကြီးမားဆုံး အင်တာနက် ရှပ်ဒေါင်း သုံးခုရဲ့ ပမာဏက ကျန်တာတွေကို အသေးအမွှား ဖြစ်သွားရအောင် တိုင်းပြည်စီးပွား နစ်နာမှု ကြီးမားနေတာ ဖြစ်ပါတယ်။

Screenshot_2021-08-14_224141.jpg

 

  • နိုင်ဂျီးရီးယား
    အမေရိကန်ဒေါ်လာ ၃၆၆ ဒသမ ၉ သန်း

နိုင်ဂျီးရီးယားမှာ စီးပွားရေးက ဆိုရှယ်မီဒီယာ ပလက်ဖောင်းနဲ့ ယှက်နွယ်နေတယ်။
၂၀၂၁ ဇွန်လမှာ နိုင်ဂျီးရီးယား သမ္မတ Muhammadu Buhari က လတ်တလောလတွေမှာ အစိုးရအဆောက်အဉီတွေကို တိုက်ခိုက်နေကြတာအတွက် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ ခြိမ်းခြောက်တဲ့ ပို့စ်ကို တွစ်တာမှာ တင်လိုက်တယ်။ အဲဒီပို့စ်ကို တွစ်တာက ဖြုတ်ချလိုက်တဲ့အတွက် နိုင်ဂျီးရီးယားအစိုးရက တွစ်တာကို သူ့နိုင်ငံမှာ သုံးလို့မရေအောင် ပိတ်ပင်ထားလိုက်တယ်။
နိုင်ဂျီးရီးယား တစ်နိုင်ငံလုံးမှာ တွစ်တာကို သုံးလို့ မရတော့တဲ့အတွက် စီးပွားရေးလုပ်ငန်း ကြီးလတ်ငယ်မရွေး ထိခိုက်ကုန်တယ်။ ဘဏ်တွေကလည်း တွစ်တာကနေ အသိပေးစရာ ကြေညာချက်တွေ တင်လို့ မရတော့ဘူး။ တွစ်တာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းကို ကြော်ငြာကိစ္စထက် စားသုံးသူတွေအတွက် ဝန်ဆောင်မှုတွေ ပေးဖို့ သုံးကြတဲ့အတွက် လုပ်ငန်းတွေ ဒုက္ခရောက်ကုန်တယ်။ ပိတ်ပင်ထားတာ နာရီ ၁၄၀၀ ရှိလာချိန်မျာ လူဦးရေ ၁၀၄ ဒသမ ၄ သန်းမှာ ထိခိုက်နစ်နာမှုတွေ စတင်ခံစားလာကြရတယ်။
နိုင်ဂျီးရီးယား အစိုးရက ဆိုရှယ်မီဒီယာလောက်နဲ့တင် မပြီးဘူး။ သတင်းမီဒီယာတွေ ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် ပိတ်ပင်မှုတွေ လုပ်ကိုင်ဖို့ ပြင်ဆင်တယ်။ လုပ်ငန်းတွေအနေဖြင့် ဆိုရှယ်မီဒီယာ တွစ်တာမှ တစ်ဆင့် စားသုံးသူတွေနဲ့ အပြန်အလှန် အဆက်အသွယ်မပြတ် ရှိနေခဲ့ကြရာမှ အဆက်အသွယ်တွေ ပြတ်တောက်ကုန်တယ်။

 

  • အိန္ဒိယနိုင်ငံ
    အမေရိကန်ဒေါ်လာ ၃၆၈ ဒသမ ၁ သန်း

အိန္ဒိယနိုင်ငံက အင်တာနက် ပိတ်တာကြောင့် စီးပွားရေးနစ်နာတဲ့ ပမာဏက ထိပ်ဆုံးမှာ ရှိနေခဲ့တဦ အကြိမ်ကြိမ် ဖြစ်ပါတယ်။ မိုဒီအစိုးရက လူထုဆန္ဒပြတာတွေကို ကိုင်တွယ်မှု အမျိုးမျိုး လုပ်ဆောင်ခဲ့တာမှာ အင်တာနက်ကို ပိတ်ထားတာ နာ ရီ၁,၀၃၂ ကြာမြင့်ပြီး လူဉီးရေ ၁၇ ဒသမ ၂ သန်းကို ထိခိုက်ခဲ့တယ်။

၂၀၂၁ ဇန်နဝါရီလကုန်ပိုင်းမှာ လယ်သမားတွေ ဆန္ဒပြကြတာ အရှိန်မြင့်မားလာချိန်မှာ အင်တာနက် ပိတ်ထားလိုက်တယ်။ စိုက်ပျိုးရေး ထုတ်ကုန်ဈေးနှုန်း ထိန်းချုပ်တဲ့စည်းကမ်းချက်တွေ ပြောင်းလဲခြင်းအပေါ် ဆန္ဒပြခဲ့ကြတာ ပါဝင်သူ သန်း ၂၅၀ ဝန်းကျင် ရှိတယ်။
ကက်ရှ်မီးယားပြည်နယ်မှာ အင်တာနက်ကို လိုင်းမပိတ်ပေမဲ့ နှေးအောင် လုပ်ထားတာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက ဖြစ်ပါတယ်။ နှေးလွန်းတာကြောင့် 2G ကိုတောင် သုံးလို့ မရနိုင်ဘူး။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကျမှ ပုံမှန်ပြန်ဖြစ်သွားခဲ့တယ်။ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ အကြာဆုံး အင်တာနက် ရက်စက်မှုအဖြစ် မှတ်တမ်းတင်ခံရတယ်။

အိန္ဒိယနိုင်ငံက အင်တာနက်ပိတ်တဲ့အကျင့် ရှိခဲ့တာ နှစ်ပေါင်း အတော်ကြာခဲ့ပြီ။ ကမ္ဘာ့ အင်တာနက် ပိတ်ခြင်းမှာ ၇၀% က အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့တာတွေ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း အင်တာနက်ပိတ်ခြင်းကြောင့် စီးပွားနစ်နာပမာဏစာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့တာ မြန်မာနိုင်ငံမှာ အင်တာနက် မပိတ်ခင်အချိန်အထိ ဖြစ်ပါတယ်။

 Screenshot_2021-08-14_223626.jpg

  • မြန်မာနိုင်ငံ
    အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဆန်းမှာ စစ်တပ်မှ အာဏာသိမ်းခဲ့ပြီးတဲ့နောက်မှာ တစ်နိုင်ငံလုံးကို အင်တာနက် ပိတ်တာ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့တယ်။ Facebook ပလက်ဖောင်းကို ပိတ်ပင်တယ်။ ညစဉ်ညတိုင်း တစ်နိုင်ငံလုံးကို အင်တာနက်လုံးဝ ပိတ်ထားတာ ၂၇ ညဆက်တိုက် လုပ်ဆောင်ခဲ့တာ ဧပြီလ ၇ ရက်အထိ ဖြစ်ပါတယ်။ ဧပြီလ ၂၈ ရက်ကတည်းက Facebook, Instagram နဲ့ WhatsApp တို့ကို ပိတ်ထားတယ်။ အင်တာနက် သုံးစွဲလို့ ရတဲ့ ဝဘ်ဆိုက်တွေကိုလည်း ကန့်သတ်ထားတယ်။ မေလကုန်မှာ စာရင်းဖြူ ထုတ်ပြန်ထားတဲ့ ဝဘ်ဆိုက်တွေကိုသာ သွားလို့ရတယ်။ အင်တာနက် သုံးစွဲသူတွေက VPN အမျိုးမျိုး သုံးစွဲပြီး ဝဘ်ဆိုက်တွေဆီ သွားကြရတယ်။
လူဦးရေ ၂၂ သန်း ထိခိုက်ခဲ့ပြီး အင်တာနက်ပိတ်တဲ့ ကြာမြင့်ချိန် စုစုပေါင်းက ၅,၄၆၆ နာရီ ရှိခဲ့တာကြောင့် လူမှုနဲ့ စီးပွားရေး ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်ခဲ့တယ်။ တယ်လီကွန်းလုပ်ငန်းကဏ္ဍမှာလည်း အကြီးအကျယ် ထိခိုက်ခဲ့တယ်။ Telenor Myanmar က မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု တစ်ရပ်လုံး စာရင်းမှ ပယ်ချက်ခဲ့ပြီးတဲ့နောက်မှာ M1 Group ထံ မြန်မာနိုင်ငံရှိ လုပ်ကိုင်နေမှု တစ်ရပ်လုံးကို ရောင်းချခဲ့တယ်။

  • အဓိက တွေ့ရှိချက်များ

၂၀၁၉ ခုနှစ်မှ စ၍ အဓိကကျတဲ့ အင်တာနက်ပိတ်ခြင်း ၂၃၄ ခုတို့ ၄၃ နိုင်ငံတွင် ဖြစ်ပွားခဲ့တယ်။
ဤကာလအတွင်း စီးပွားရေးအရပ်ရပ်တို့တွါင် အင်တာနက် ကန့်သတ်ခြင်း ပိတ်ပင်ခြင်းတို့ကြောင့် စီးပွားရေး ထိခိုက်သည့် ပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံ ဖြစ်ပါတယ်။

  • ၂၀၂၁ ခုနှစ်

၂၀၂၁ ခုနှစ်အတွင်း အင်တာနက် ပိတ်ခြင်းများရဲ့ ထိခိုက်မှုကို ဩဂုတ်လ ၅ ရက်အထိ ထည့်သွင်းတွက်ချက်ထားတယ်။ ကျူးဘားနိုင်ငံတွင် ကန့်သတ်ချုပ်ချယ်ခြင်းများလည်း အပါအဝင် ဖြစ်ပါတယ်။
နိုင်ငံ ၁၉ ခုတို့တွင် အင်တာနက် ပိတ်ခြင်း ၂၉ ခု ဖြစ်ပွားခဲ့ပြီး စီးပွားရေးထိခိုက်မှု ပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ ရှိခဲ့တယ်။
ကမ္ဘာတစ်လွှား အင်တာနက် ပိတ်ချိန် စုစုပေါင်းမှာ ၉,၇၅၄ နာရီ ရှိပါတယ်။
အင်တာနက် ပိတ်ခြင်းကြောင့် စီးပွားရေး ထိခိုက်မှု အများဆုံးနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်ပြီး တန်ဖိုးပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ ရှိပါတယ်။ စီးပွားရေး ထိခိုက်မှု အများဆုံးနိုင်ငံများ စာရင်းတွင် အိန္ဒိယနိုင်ငံက ဒုတိယနေရာတွင် ရှိနေပြီး နိုင်ဂျီးရီးယားနိုင်ငံက တတိယနေရာတွင် ရှိနေပါတယ်။

Google sheet အပြည့်အစုံ စာရင်းကို ကြည့်ရန် ထိပါ

The full list can be viewed here.

Tips Read 446 times