အနည်းဆုံးလုပ်ခ ဘတ် ၄၀၀ ပြဋ္ဌာန်းရန် ကိစ္စရပ် ထိုင်းအလုပ်သမားဝန်ကြီးပြောကြား


27 October, 2023

အနည်းဆုံးလုပ်ခ ဘတ် ၄၀၀ ပြဋ္ဌာန်းရန် ကိစ္စရပ် ထိုင်းအလုပ်သမားဝန်ကြီးပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဇန်န၀ါရီလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ထိုင်းတစ်နိုင်ငံလုံး အနည်းဆုံးလုပ်ခ ဘတ် ၄၀၀ ပြဋ္ဌာန်းရန် ဖြစ်နိုင်ဖွယ်မရှိဟု အလုပ်သမားဝန်ကြီးကပြောကြားပါသည်။ 


ထိုင်းနိုင်ငံမှ ပြည်နယ်အားလုံးတွင် အနိမ့်ဆုံးလုပ်ခလစာကို နှစ်ကုန်တွင် ဘတ် ၄၀၀ အထိ တိုးမြှင့်ရန် အစိုးရ၏ မူဝါဒသည် မဖြစ်နိုင်ကြောင်း အလုပ်သမားဝန်ကြီး Phiphat Ratchakitprakarn က ကြာသပတေးနေ့ (အောက်တိုဘာ ၂၆)တွင် ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁ ရက် နောက်ဆုံးထား၍ နိုင်ငံတလွှား လုပ်သားများအတွက် နှစ်သစ်ကူးလက်ဆောင်အဖြစ် အနိမ့်ဆုံးလုပ်ခလစာ တိုးပေးမည့် ကတိအတွက် ငွေကြေးဖောင်းပွမှုနှုန်း အပါအဝင် အချက်အများအပြားကို ထည့်သွင်းစဉ်းစားရမည်ဟု Phiphat က ပြောသည်။

“ပြည်နယ်အားလုံးမှာ အနည်းဆုံး အခကြေးငွေ တစ်ရက်ကို ဘတ် ၄၀၀ ကို တပြိုင်နက်တည်း တိုးဖို့ မဖြစ်နိုင်ဘူး၊ လက်ရှိမှာ ပြည်နယ်အလိုက် အနည်းအများ ကွာခြားပါတယ်။ အနည်းဆုံးက ၃၂၈ ဘတ် ဖြစ်ပြီး အများဆုံးက ၃၅၄ ဘတ် ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

“တိုးမြှင့်မှုကို ပြည်နယ်အလိုက် နှုန်းထားအမျိုးမျိုးနဲ့ အကောင်အထည်ဖော်သင့်တယ်။ ဒီနည်းလမ်းကို သုံးပွင့်ဆိုင်ကော်မတီနဲ့ အရင်ဆွေးနွေးဖို့ ဝန်ကြီးဌာနက စီစဉ်နေပါတယ်”ဟု ၎င်းက ပြောကြားသည်။

 သုံးပွင့်ဆိုင်ကော်မတီတွင် အလုပ်ရှင်၊ အလုပ်သမားများနှင့် အစိုးရကဏ္ဍမှ ကိုယ်စားလှယ်များ ပါဝင်သည်။ 

အနိမ့်ဆုံး အခကြေးငွေ တိုးမြှင့်မှုသည် အလုပ်သမားများ၏ ကျွမ်းကျင်မှုအပေါ် အခြေခံ ရမည်။ ထို့ပြင် ထိုင်း နိုင်ငံသားများကို ဦးစားပေးရမည်ဟု Pipat မှ ပြောကြားသည်။

နိုဝင်ဘာလတွင် ပြုလုပ်ရန် စီစဉ်ထားသည့် သုံးပွင့်ဆိုင် ကော်မတီ အစည်းအဝေးတွင် လုပ်ငန်းကဏ္ဍတခုချင်းအရ နှင့် ပြည်နယ်တခုချင်းအရ အနိမ့်ဆုံးလုပ်ခလစာတိုးမည့်နှုန်းကို အပြီးသတ် ဆွေးနွေးဆုံးဖြတ်နိုင်လိမ့်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။ 

“နေ့စဉ် အနည်းဆုံး အခကြေးငွေ တိုးမြှင့်ခြင်းမှာ ကောင်းကျိုး ဆိုးကျိုး နှစ်မျိုးလုံး ရှိတာကြောင့် မလွဲမသွေ ဂရုတစိုက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်”ဟု Pipat မှ ပြောကြားသည်။

 “လက်ရှိ အလုပ်သမား ၁၇ သန်းအထိ အလုပ်ခန့်ထားတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းကဏ္ဍမှ လုပ်ငန်းများက ထိခိုက်မှု အများဆုံး ဖြစ်ပါလိမ့်မယ်။ အဲဒီ လုပ်ငန်းငယ်တွေက တိုးမြှင့်လိုက်တဲ့ လုပ်ခလစာကို ပေးဖို့ မတတ်နိုင်ရင်  လူ ၈-၉ သန်းခန့် အလုပ်လက်မဲ့ ဖြစ်သွားနိုင်ချေရှိပါတယ်"ဟု ၎င်းက ပြောကြားသည်။

အနိမ့်ဆုံးနေ့စဉ်လုပ်အားခ တိုးမြှင့်ရေးကို အစိုးရက ဦးစားပေးအဖြစ် သတ်မှတ်ပြီး ဇန်နဝါရီ ၁ ရက်မှ စတင်အသက်ဝင်မည်ဖြစ်သည်။
 အထူးသဖြင့် ငွေကြေးဖောင်းပွမှုနှင့် လူနေမှုစရိတ်များ မြင့်တက်လာခြင်းတို့ကို ရင်ဆိုင်နေရသော ထိုင်းနိုင်ငံ၏ စီးပွားရေး နှေးကွေးနေမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ သို့သော် အလုပ်သမားဈေးကွက်နှင့်  အလုပ်ရှင်တွေအပေါ်  ဖိအားကျရောက်နေသည်။
Source nationthailand 
 

Labour Affairs Read 263 times