မလေးရှား အပါအဝင် ၄ နိုင်ငံ အိုပက် ဝင်မည်ဟု ပြောကြား


07 July, 2023

မလေးရှား အပါအဝင် ၄ နိုင်ငံ အိုပက် ဝင်မည်ဟု ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


မလေးရှားနိုင်ငံသည်  အိုပက်အဖွဲ့သို့ ဝင်ရောက်ရန် တိုင်ပင်ခဲ့သည့် ၄ နိုင်ငံအနက် တစ်နိုင်ငံ ဖြစ်သည်။ 

အိုပက်အဖွဲ့၏ ဘုံရည်မှန်းချက်ဖြစ်သည့် ရေနံဈေးနှုန်းတည်ငြိမ်ရေးကို ပါဝင်လုပ်ဆောင်သည့် နိုင်ငံများတွင်  မလေးရှားနိုင်ငံ ပါဝင်သည်ဟု အိုပက်က ပြောကြားသည်။

မလေးရှားသည် ရေနံတင်ပို့ရောင်းချသည့်နိုင်ငံများအဖွဲ့ Organization of the Petroleum Exporting Countries (OPEC) တွင် ပူးပေါင်းပါဝင်ရန် တိုင်ပင်ထားသည့် လေးနိုင်ငံထဲတွင် ပါဝင်ကြောင်း အိုပက်၏ အတွင်းရေးမှူးချုပ် ဟိုင်သမ် အယ်လ် ဂါးစ်က ပြောသည်။
 ကျန်သည့် သုံးနိုင်ငံမှာ အဇာဘိုင်ဂျန်၊ ဘရူနိုင်းနှင့် မက္ကဆီကို၊ ဘာနာမာတို့ဖြစ်သည်။
 ၎င်းတို့သည် ၂၀၁၇ ခုနှစ်မှစတင်၍ အိုပက်နှင့် စည်းစည်းလုံးလုံး ရှိခဲ့သည်ဟု အယ်လ် ဂါးစ်က ပြောသည်။

အဆိုပါ ၄ နိုင်ငံသည် Opec+ တွင် အဖွဲ့ဝင်အဖြစ် ပါဝင်သည်။
Opec+ တွင် ၂၃ နိုင်ငံ ပါဝင်ပြီး ရုရှားက ဦးဆောင်သည်။ Opec+ တွင် ပါဝင်သော နိုင်ငံများသည် မိမိဆန္ဒအလျောက် ရေနံထုတ်လုပ်မှု လျှော့ချခြင်း ကဲ့သို့သော Opec မှ ချမှတ်သည့် စီမံချက်များတွင် ပါဝင်လုပ်ကိုင်ကြသည်။

အိုပက်က ရေနံဈေးကွက်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တည်ငြိမ်စေမည့် တူညီသော မဟာဗျူဟာ ရည်မှန်းချက်များ ထားရှိသည့် နိုင်ငံများကို အဖွဲ့တွင် ထည့်သွင်းပြီး အဖွဲ့ဝင်နိုင်ငံအရေအတွက်ကို တိုးမြှင့်ရန် မျှော်မှန်းထားသည်ဟု အယ်လ် ဂါးစ်က ပြောကြားသည်။

"သူတို့ လေးနိုင်ငံက ၂၀၂၀ ပြည့်နှစ်မှာ စျေးကွက်ပြိုကျချိန်မှ အရည်အသွေးကို မှတ်ကျောက်တင်နိုင်ပါတယ်။ စိန်ခေါ်မှုများကို ဖြတ်သန်းခဲ့ကြတယ်။ သူတို့ လေးနိုင်ငံစလုံးမှာ ရေနံဈေးကွက်တည်ငြိမ်ဖို့ ဘုံရည်မှန်းချက် ရှိတယ်" ဟု အယ်လ် ဂါးစ်က ပြောကြားသည်။

၁၉၆၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော အိုပက်သည် ရေနံမူဝါဒများကို ပေါင်းစပ်ညှိနှိုင်းကာ မျှတပြီး တည်ငြိမ်သော ရေနံစျေးနှုန်းများ ရရှိစေရန် ရည်ရွယ်ချက် ထားရှိပါသည်။

လက်ရှိတွင် အဖွဲ့ဝင် ၁၃ နိုင်ငံရှိပြီး အများစုမှာ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့မှ နိုင်ငံများဖြစ်သည်။

အိုပက် အဖွဲ့ဝင် နိုင်ငံများသည် ကမ္ဘာ့ရေနံစိမ်း၏ ၃၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပါသည်။

Source FMT
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Energy News Read 379 times