နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းအထိ ပါဝင်သည့် မြန်မာကုမ္ပဏီများ၏ နိုင်ငံခြားငွေလက်ကျန်စာ


16 July, 2022

နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းအထိ ပါဝင်သည့် မြန်မာကုမ္ပဏီများ၏ နိုင်ငံခြားငွေလက်ကျန်စာရင်းကိစ္စ

 

နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းအထိ ပါဝင်သည့် မြန်မာကုမ္ပဏီများ၏ နိုင်ငံခြားငွေလက်ကျန်စာရင်းကိစ္စနှင့် စပ်လျဉ်း၍  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂ဝ၂၂ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်ကို မျှဝေအပ်ပါသည်။


စာအမှတ်၊ အက်ဖ်အီး- ၁ / ၇၅၄
ရက်စွဲ၊ ၂ဝ၂၂ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်

အကြောင်းအရာ။ နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းအထိ ပါဝင်သည့် မြန်မာကုမ္ပဏီများ၏ နိုင်ငံခြားငွေလက်ကျန်စာရင်းကိစ္စ

ရည် ညွှန်း ချက် ။ (၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ၏ (၁၄-၇-၂၀၂၂) ရက်စွဲပါ စာအမှတ်၊ ၁၁/၁၁/၁၆-နဝက (၀၆၅၃/၂၀၂၂)

(၂) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၃-၄-၂၀၂၂)ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ် ၁၂/၂၀၂၂

၁။  နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၃၂/၂၀၂၂) တွင် “နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ % အထိ ပါဝင်သည့် မြန်မာကုမ္ပဏီများ၏ နိုင်ငံခြားသုံးငွေစာရင်းမှ နိုင်ငံခြားငွေများအား မြန်မာကျပ်ငွေဖြင့် လဲလှယ်သွားရန်” ဆုံးဖြတ်ခဲ့ပြီး နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ % အထိ ပါဝင်သည့် မြန်မာကုမ္ပဏီများ၏ စာရင်းအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပေးပို့ လာပါသည်။

၂။ သို့ဖြစ်ပါ၍ နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD)လိုင်စင်ရဘဏ်များအနေဖြင့် အောက်ပါတို့ကို မပျက်မကွက် ဆောင်ရွက်ရန်ဖြစ်ကြောင်း အကြောင်းကြားပါသည် -

(က) ယခုစာနှင့် နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ % အထိ ပါဝင်သည့် မြန်မာကုမ္ပဏီများ၏ စာရင်းအား ပူးတွဲ ပေးပို့ထားပါသည်၊

( ခ ) အထက်အပိုဒ် (က) ပါ စာရင်းအနက်မှ မိမိတို့ဘဏ်တွင် စာရင်းဖွင့်လှစ်ထားသည့် ကုမ္ပဏီများ၏ နိုင်ငံခြားငွေစာရင်းလက်ကျန်အား ပူးတွဲပါဇယားတွင် ဖြည့်စွက်၍ (၁၅-၇-၂၀၂၂) ရက်နေ့၊ ညနေ (၆:၀၀) နာရီ နောက်ဆုံးထားပြီး email: facts cov.mm သို့ ပေးပို့ရန်ဖြစ်ပါသည်၊

( ဂ ) အဆိုပါမိမိတို့ဘဏ်အသီးသီးတွင် ဖွင့်လှစ်ထားသော ကုမ္ပဏီများ၏ နိုင်ငံခြားငွေစာရင်းမှ လက်ကျန်ငွေကို မြန်မာကျပ်ငွေဖြင့် လဲလှယ်ဝယ်ယူခြင်းကို ဆောလျင်စွာ ဆောင်ရွက်၍ ဝယ်ယူရရှိသည့်ပမာဏကို (၁၈-၇-၂၀၂၂) ရက်နေ့၊ ညနေ (၆:၀၀) နာရီ နောက်ဆုံးထား၍ Bank-Customer (Bid) နှင့် Non-Trade Inward (Real Time - R) စာရင်းများတွင် ထည့်သွင်းတင်ပြရန်ဖြစ်ကြောင်း အကြောင်းကြားပါသည်။

၃။ အထက်အပိုဒ် (၂) တွင် ညွှန်ကြားထားသည့်အချက်များအား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၅ အရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အကြောင်းကြားပါသည်။

#MyanmarIndustriesGuide

Telegram Channel
https://t.me/Guid4U

Banking & Loan Laws and Regulations Read 16385 times