ပင်လယ်ရေအောက် ဓာတ်အားလိုင်းဖြင့် အင်ဒိုနီးရှားမှ ဓာတ်အားတင်သွင်းရန် စင်ကာပူ အတည်ပြု ခွင့်ပြု


09 September, 2023

ပင်လယ်ရေအောက် ဓာတ်အားလိုင်းဖြင့် အင်ဒိုနီးရှားမှ ဓာတ်အားတင်သွင်းရန် စင်ကာပူ အတည်ပြု ခွင့်ပြု

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


စင်ကာပူသည် ၂၀၃၅ ခုနှစ်တွင်  နိုင်ငံတွင်း ဓာတ်အားဖြန့်ဖြူးသည့် စုစုပေါင်း ပမာဏ၏  ၃၀% (4GW)ကို ကာဗွန်နည်းသော အရင်းအမြစ်များမှ  တင်သွင်းရန် ရည်ရွယ်ထားသည်။

စင်ကာပူမှ စွမ်းအင်စျေးကွက် အာဏာပိုင် Energy Market Authority (EMA) သည် အင်ဒိုနီးရှားနိုင်ငံမှ ကာဗွန်နည်းသော ဓာတ်အား ၂ ဂီဂါဝပ် (2 GW) ကို တင်သွင်းရန် ကုမ္ပဏီငါးခုအား သတ်မှတ်ထားသော အခြေအနေများအရ လုပ်ဆောင်ရန် အတည်ပြု ခွင့်ပြုချက်ပေးခဲ့သည်။

သတ်မှတ်ထားသော အခြေအနေများအရ လုပ်ဆောင်ရန် အတည်ပြု ခွင့်ပြုချက်ကို EMA က ၎င်းထံ အဆိုပြုထားသော လျှပ်စစ်ဓာတ်အားတင်သွင်းရန် စီမံကိန်းသည် နည်းပညာအရနှင့် စီးပွားဖြစ် လုပ်ကိုင်ရပ်တည်နိုင်သည်ဟု ပဏာမအကဲဖြတ်ပြီးသည့်အခါ ခွင့်ပြုပေးပါသည်။

ယခု ခွင့်ပြုလိုက်သည့် လုပ်ငန်း ၅ ခုနှင့် တင်သွင်းမည့် မီဂါဝပ်များမှာ
• Pacific Medco Solar - 0.6GW
(PacificLight Renewables, Medco Power Global နှင့် Gallant Venture တို့ ပူးပေါင်းလုပ်ကိုင်သည်)
• Adaro Solar International- 0.4GW
(PT Adaro Clean Energy Indonesia ၏ လုပ်ငန်းခွဲ)
•  EDP Renewables APAC - 0.4GW
•  Vanda RE - 0.3GW
( Gurin Energy နှင့် Gentari International Renewables တို့ ပူးပေါင်းလုပ်ကိုင်သည်)
•  Keppel Energy - 0.3GW
တို့ ဖြစ်ပါသည်။


အဆိုပါ စီမံကိန်းများတွင် နေရောင်ခြည်စွမ်းအင်သုံး photovoltaics (PV) နှင့် ဘက်ထရီ စွမ်းအင်သိုလှောင်မှုစနစ် (BESS) ထုတ်လုပ်ရေးစက်ရုံများကို အင်ဒိုနီးရှားတွင် တည်ထောင်မည်ဖြစ်သည်။
၎င်းတို့သည် ၂၀၂၇ ခုနှစါ နှစ်ကုန်ပိုင်းမှစတင်၍ စီးပွားဖြစ် လုပ်ငန်းစတင်လည်ပတ်ရန် ရည်မှန်းထားသည်။


“နောက်တဆင့်အနေနဲ့ ကုမ္ပဏီတွေက ပင်လယ် ရေအောက်ဓာတ်အားလိုင်းအတွက် အဆိုပြုထားတဲ့ လမ်းကြောင်းကို ကွင်းဆင်းလေ့လာရပါမယ်။ အင်ဒိုနီးရှားအာဏာပိုင်တွေရဲ့ အတည်ပြုချက် ရယူရပါမယ်" ဟု EMA က ပြောကြားသည်။

Keppel Energy သည် ကမ္ဘောဒီးယားမှ 1GW တင်သွင်းရန်အတွက်လည်း အတည်ပြု ခွင့်ပြုချက် ရရှိထားပါသည်။

စင်ကာပူသည် လာအို-ထိုင်း-မလေးရှား-စင်ကာပူ လျှပ်စစ်ဓာတ်အား ပေါင်းစည်းရေး စီမံကိန်းအရ ၂၀၂၂ ခုနှစ် ဇွန်လတွင် ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှတစ်ဆင့် လာအိုနိုင်ငံမှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် လျှပ်စစ်ဓာတ်အားကို စင်ကာပူနိုင်ငံသို့ စတင်တင်သွင်းခဲ့ပါသည်။ ရေအားလျှပ်စစ်ဖြစ်ပြီး ၁၀၀ မီဂါဝပ် (100NW) အထိ တင်သွင်းနိုင်ပါသည်။

Source straitstimes 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 655 times