အာဆီယံ ၅ နိုင်ငံ နှင့်အိန္ဒိယ ၂၀၂၃ စီးပွားကြီးထွားနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း ခန့်မှန်းချက်


28 December, 2022

အာဆီယံ ၅ နိုင်ငံ နှင့်အိန္ဒိယ ၂၀၂၃ စီးပွားကြီးထွားနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း ခန့်မှန်းချက်များ းထုတ်ပြန်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဂျပန်စီးပွားရေး သုတေသန Japan Center for Economic Research -JCER နှင့် Nikkei  တို့သည် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ နောက်ဆုံးသုံးလပတ်အတွက် အများအမြင်သုံးသပ်ချက်စစ်တမ်းကို ကောက်ယူခဲ့ကြသည်။ 
အိန္ဒိယ နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ အကြီးဆုံးစီးပွားရေးငါးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှ စီးပွားရေးပညာရှင်များနှင့် လေ့လာသုံးသပ်သူများထံမှ အဖြေ ၃၄ ခုရရှိခဲ့သည်။ 
အဆိုပါ နိုင်ငံခြောက်နိုင်ငံမှ ငါးနိုင်ငံသည် ၂၀၂၂ ထက် ၂၀၂၃ တွင်ပြည်တွင်းစုစုပေါင်းထုတ်ကုန်ချဲ့ထွင်မှု နှေးကွေးမည်ဟု ခန့်မှန်းထားပါသည်။ ၎င်း ၅ နိုင်ငံတို့တွင် ဗဟိုဘဏ်၏ တင်းကျပ်သော ငွေကြေးမူဝါဒကြောင့် နိုင်ငံစီးပွားရေး အေးနေမည်ဖြစ်သည်။
ထိုင်းနိုင်ငံ တစ်နိုင်ငံတည်းသား ၂၀၂၃ တွင် ကြီးထွားနှုန်း ပြန်မြန်လာမည်။ တိုင်းပြည်၏ အခရာကျသော ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ကောင်းမွန်မည်ဟု မျှော်မှန်းသည်။

မလေးရှားနိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ၂၀၂၃ ခုနှစ်အတွက် ၄.၂% ဟု ခန့်မှန်းသည်။ ယခင်အကြိမ် စစ်တမ်း ခန့်မှန်းချက်ထက် ဒသမ ၂ ပိုများသည်။ ၂၀၂၂ အတွက် ကြီးထွားနှုန်းကို ၈.၅% ဖြစ်လိမ့်မည်ဟု ခန့်မှန်းသည်။

COVID-19 ကပ်ရောဂါမှ ပြန်လည်ကောင်းမွန်လာချိန်တွင် ပြည်တွင်းစားသုံးမှုနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာမည်။

အင်ဒိုနီးရှား၏ ၂၀၂၃ ခုနှစ် ကြီးထွားနှုန်းအား ယခင်  ၄.၉% မှ ယခု ၅.၀% သို့ ပြန်လည်ပြင်ဆင်ထားပါသည်။
၂၀၂၃ ခုနှစ် ကြီးထွားနှုန်းကို ဖိလစ်ပိုင် ၅.၃%၊ စင်ကာပူ ၂.၁% နှင့် ထိုင်း ၃ .၅% ဟု ခန့်မှန်းသည်။
ယခင်ခန့်မှန်းချပ်ထက် ဒသမ ၁ မှ ၂ အထိ လျှော့ချထားသည်။ ကမ္ဘာ့စီးပွားရေး အားနည်းလာခြင်းသည် အဆိုပါနိုင်ငံများအတွက် ပို့ကုန်များအပေါ်  ဖိအားဖြစ်စေသည်ဟု စီးပွားရေးပညာရှင်များက ထောက်ပြသည်။
ထိုင်းစီးပွားရေးသည် တရုတ်နိုင်ငံသို့ ပို့ကုန်နှင့် တရုတ်နိုင်ငံမှ လာရောက်လည်ပတ်သည့် ခရီးသွားများအပေါ် အလွန်အမင်း မှီခိုနေရသောကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေး နှေးကွေးမှုသည် ထိုင်းနိုင်ငံအပေါ် ပြင်းထန်စွာ သက်ရောက်မှုရှိလိမ့်မည်ဟု Kasikorn Research Center မှ အကြီးတန်း သုတေသီ Lalita Thienprasiddhi က သုံးသပ်သည်။

တရုတ်မှ ပြည်ပသုိ့ ခရီးသွားလာမှုများကို အနည်းနှင့်အများ တင်းကျပ်ထားလိမ့်မည်။ထို့ကြောင့် လာမည့်နှစ်တွင် တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ အမြောက်အမြား ခရီးသွားလာမှု ရှိလိမ့်မည် မဟုတ်ကြောင်း သူမက ပြောကြားသည်။
တစ်နိုင်ငံချင်းအရ ကြီးထွားနှုန်း အတိုးအလျော့ ရှိသော်လည်း အာဆီယံ ၅ နိုင်ငံ ပေါင်းခြုံထားသော ကြီးထွားနှုန်းသည် ယခင်စစ်တမ်းအတိုင်း အပြောင်းအလဲမရှိဘဲ လာမည့်နှစ်တွင် ၄.၃% တိုးတက်မည်ဟု ခန့်မှန်းထားသည်။
လက်ရှိ ၂၀၂၂ တွင် ၅.၃% ရရှိမည်ဟု ခန့်မှန်းထားသည်ဖြစ်ရာ နောက်နှစ်တွင် ယခုနှစ်ထက် လျော့ကျမည် ဖြစ်သည်။
အိန္ဒိယသည် ၂၀၂၃ တွင် ကြီးထွားနှုန်း ၅.၆% ရရှိမည်ဟု ခန့်မှန်းသည်။ ယခင်စစ်တမ်းတွင် ခန့်မှန်းခဲ့ကြသည်ထက် ဒသမ ၄ လျှော့ချထားသည်။
၂၀၂၂ အတွက် ကြီးထွားနှုန်းကို ၆.၈% ဟု ခန့်မှန်းထားသည်။ ကမ္ဘာ့စီးပွားရေး အထူးသဖြင့် အမေရိကန်စီးပွားရေးကြောင့် ထိခိုက်မှု ရှိလိမ့်မည်ဟု သုံးသပ်သည်။


အမေရိကန် ငွေကြေးမူဝါဒနှင့် အမေရိကန်စီးပွားရေးတို့သည် လာမည့် ၁၂ လတာအတွင်း နိုင်ငံစီးပွားရေး အားလုံးနီးပါးကို ထိခိုက်စေလိမ့်မည်။ တရုတ်နိုင်ငံ စီးပွားရေး နှေးကွေးနေခြင်းသည် မလေးရှားနှင့် ထိုင်းတို့အပေါ် ထိခိုက်မှုအများဆုံး ဖြစ်လိမ့်မည်ဟု သုံးသပ်ကြသည်။
အဆိုပါ ၆ နိုင်ငံတို့တွင် လာမည့်နှစ်အတွင်း ငွေကြေးဖောင်းပွမှု လျော့ကျမည်။ သို့သော် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့တွင် ငွေကြေးဖောင်းပွမှု အများဆုံးဖြစ်လိမ့်မည်။
အဆိုပါ ၆ နိုင်ငံတို့တွင် လာမည့်နှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၂.၈% မှ ၅.၆% အထိ ရှိမည်။
၂၀၂၂ အတွက် ခန့်မှန်းသည်မှာ ၃.၃% မှ ၆.၈% အထိ ဖြစ်မည်။ သို့ဖြစ်ရာ လာမည့်နှစ်တွင် ယခုနှစ်ထက် သက်သာမည် ဖြစ်သည်။

အဆိုပါ ၆ နိုင်ငံတို့တွင် ဗဟိုဘဏ်အများစုသည် အတိုးနှုန်းတက်ခြင်းကို ၂၀၂၃ ခုနှစ်တွင် အဆုံးသတ်မည်ဟု စီးပွားရေးပညာရှင်များက ပြောကြားသည်။
Source Asia Nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Industry Reviews Read 465 times