တောင်ကိုရီးယား ပြန်ရောင်းဈေးမှာ ဘဏ်လက်ဆောင်ပြက္ခဒိန်များ လူကြိုက်များ


31 December, 2022

တောင်ကိုရီးယား ပြန်ရောင်းဈေးမှာ ဘဏ်လက်ဆောင်ပြက္ခဒိန်များ လူကြိုက်များ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

နှစ်သစ်ကူး ရောက်ရှိလာတော့မည် ဖြစ်သောကြောင့် ၂၀၂၂ ပြက္ခဒိန်များနှင့် ဒိုင်ယာရီများကို အသစ်များဖြင့် အစားထိုးရန် အချိန်ကျရောက်ပြီဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံတွင် နှစ်တစ်နှစ်၏ ယခုလိုအချိန်တွင်  အခမဲ့ လက်ဆောင် ပြက္ခဒိန်နှင့် ဒိုင်ယာရီများ ပေါပေါများများ ရှိခဲ့ဖူးသော်လည်း ယခုနှစ်တွင် ယခင်နှစ်များနှင့် မတူချေ။
.
ဘဏ်များမှထုတ်သော လက်ဆောင်ပြက္ခဒိန်များသည် ကိုရီးယားတွင် အထူးရေပန်းစားသည်။
ယခုအခါတွင် ရရှိရန်ခက်ခဲပြီး ပြန်ရောင်းဈေးတွင် အရောင်းအဝယ်ပြုလုပ်နေကြပါသည်။
.
ဘူဆန်ရှိ အိမ်ရှင်မတစ်ဦးဖြစ်သည့် Kwon သည် နှစ်သစ်ကူးပြက္ခဒိန်တစ်ခု ရယူရန် ၎င်း၏အိမ်အနီးရှိ ဘဏ်ခွဲတစ်ခုသို့ သွားရောက်ခဲ့သော်လည်း လက်ဆောင်ပြက္ခဒိန် လက်ကျန်မရှိ ကုန်ပြီဖြစ်ကြောင်း အသိပေးစာ ကပ်ထားသည်ကို တွေ့ရသည်။
"တခြားဘဏ်ခွဲတစ်ခုသို့ ကျွန်မ သွားပါတယ်။  သူတို့ဘဏ်နှင့် ငွေပေးငွေယူ မှတ်တမ်းရှိသူများကိုသာ ပေးတယ်လို့ ပြောပါတယ်။ သမီးက ဘဏ်မှာ လုပ်ကိုင်တဲ့ သူငယ်ချင်း တစ်ယောက်ဆီမှာ ကျွန်မ တောင်းယူခဲ့ရပါတယ်" ဟု ပြောကြားသည်။
ကုမ္ပဏီများ၊  အဖွဲ့အစည်းများသာမက လုပ်ငန်းငယ်များသည်ပင်လျှင် ဖောက်သည်များ၊ လုပ်ငန်းလုပ်ဖော်ကိုင်ဖက်များ သာမက အလားအလာရှိသော ဝယ်လက်များကိုပင် ပြက္ခဒိန်များနှင့် ဒိုင်ယာရီများ လက်ဆောင်ပေးကြသည်မှာ ထုံးစံဖြစ်သည်။
သူတို့သည် လက်ဆောင်ပြက္ခဒိန်များ ထုတ်လုပ်ရေးကို အားစိုက်ထည့်ပြီး လုပ်ကိုင်ကြလေ့ရှိသည်။ ပြက္ခဒိန်များတွင် ကျော်ကြားသော ပန်းချီဆရာများ၏ ပန်းချီကားများကို သုံးစွဲသည်အထိ အကုန်အကျခံသည်။
ဖောက်သည်က လက်ဆောင်ရသည့် ပြက္ခဒိန်များထဲမှ နှစ်သက်ရာကို နံရံမှာ ချိတ်ထားမည်ဖြစ်သည်။ တစ်နှစ်ပတ်လုံး နံရံပေါ်တွင် ရှိနေမည်ဖြစ်သည်။ သို့ဖြစ်ရာ တစ်နှစ်ပတ်လုံး ကုမ္ပဏီအမည်နှင့် brand ကို နေ့စဉ် အကြိမ်အတော်များများ မြင်နေမည် ဖြစ်သည်။
.
ဘဏ်ဝန်ထမ်းများသည် စျေးကွက်ချဲ့ထွင်ခြင်းနှင့် အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် လမ်းများပေါ်သို့ ထွက်ကြပြီး ၎င်းတို့၏ ပြက္ခဒိန်များကို အခမဲ့ လက်ဆောင်ပေးပြီး ဖြန့်ဝေပေးကြသည်။
 လူအတော်များများတို့သည် ပြက္ခဒိန်များ၊ ဒိုင်ယာရီများ လက်ဆောင် ရရှိကြသည်။ လိုအပ်သည်ထက် ပိုလျှံနေသည်။ သို့ဖြစ်ရာ အကြိုက်ဆုံးတို့ကို ရွေးပြီး သုံးစွဲလိုက်ကြသည်။ ပိုနေသည်တို့ကို လိုချင်သူ ရှိလျှင် အခမဲ့ ပေးလိုက်သည်။ 
.
ခေတ်က ပြောင်းလဲသွားသည်။ စက္ကူပြက္ခဒိန်အစား စမတ်ဖုန်းထဲမှ ပြက္ခဒိန်ကို သုံးကြသည်။ ပြက္ခဒိန်အက်ပ်အများစုသည် ဒိုင်ယာရီ ရေးနိုင်ရန် စီစဉ်ပေးထားသည်။
လုပ်ငန်းများကလည်း ကုန်ကျစရိတ်ကို အဖက်ဖက်မှ လျှော့ချနေကြရသဖြင့် ပြက္ခဒိန် မထုတ်ကြတော့ချေ။ ထုတ်လျှင်လည်း စောင်ရေ လျှော့ထုတ်ကြသည်။
တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံးဘဏ်လုပ်ငန်းလေးခုဖြစ်သည့် KB၊ Shinhan၊ Hana နှင့် Woori တို့သည် လာမည့်နှစ်အတွက် စုစုပေါင်းပြက္ခဒိန်ခုရေ ၅.၀၅ သန်းခန့် ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ယခင်နှစ်ကထက် ၄၀,၀၀၀ လျော့နည်းသည်။ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့အတွက် စက္ကူအသုံးပြုမှုကို လျှော့ချပစ်သည်ဟု ဆိုသည်။
သို့သော်လည်း  စက္ကူပြက္ခဒိန်များအတွက် အထူးသဖြင့် ဘဏ်များမှထုတ်သော ပြက္ခဒိန်များအတွက် လိုချင်သူများ ရှိနေသည်။
 နံရံပေါ်ရှိ ဘဏ်ပြက္ခဒိန်က ငွေကို ဆောင်ယူပေးသည်ဟု အယူရှိကြသည်။ သို့ဖြစ်ရာ ပြန်ရောင်းဈေးမှာ ဘဏ်ပြက္ခဒိန်ကို ဝယ်ယူကြသည်။


 Daangn Market သည် ပြန်ရောင်ချးသည့် ပစ္စည်းများ ရောင်းဝယ်ကြသည့် ဈေးဖြစ်ပြီး ပြက္ခဒိန်အသစ်များလည်း ရောင်းချသည်။ ၂၀၂၃ နံရံချိတ်ပြက္ခဒိန်များတွင် ဘဏ်လက်ဆောင်ပြက္ခဒိန်တစ်ခုလျှင် ဝမ် ၃,၀၀၀ ပေါက်ဈေးရှိသည်။ စားပွဲတင် ဘဏ်လက်ဆောင်ပြက္ခဒိန်တစ်ခု ဝမ် ၅,၀၀၀ ပေါက်ဈေး ရှိသည်။
Woori Bank ပြက္ခဒိန်တွင် K-pop အဆိုတော် IU ၏ ပုံများကို သုံးထားသည်။ IU သည် Woori Bank မှ ငှားရမ်းထားသော ကြော်ငြာမော်ဒယ် ဖြစ်သည်။ Woori Bank လက်ဆောင်ပြက္ခဒိန် ပေါက်ဈေးမှာ ဝမ် ၁၀,၀၀၀ အထိ ရှိသည်။
Source Koreatimes 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Global News Read 957 times