အမည်မည်းစာရင်းထည့်သွင်းရန် ကျန်ရှိသည့် ကုမ္ပဏီ (၁၉)ခုစာရင်း ဗဟိုဘဏ် ထုတ်ပြန်ကြေညာ


12 May, 2022

အမည်မည်းစာရင်းထည့်သွင်းရန် ကျန်ရှိသည့် ကုမ္ပဏီ (၁၉)ခုစာရင်း ဗဟိုဘဏ် ထုတ်ပြန်ကြေညာ

၂၀၁၆ ခုနှစ်၊ ၂ဝ၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်တို့အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ရန် ကုမ္ပဏီ (၁၇၇) ခု ကျန်ရှိပါသည့်အနက်မှ ကုမ္ပဏီ (၁၅၈) ခုအား နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂-က အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် ကုမ္ပဏီများနှင့် ပူးတွဲဖော်ပြထားသည့် ကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင်များကို အမည်မည်း စာရင်း ထည့်သွင်းကြောင်း  မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြေညာချက်ထုတ် ပြန်ခဲ့ပါသည်။
ကျန်ရှိသည့် ကုမ္ပဏီ (၁၉) ခု အား နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂-က အရ အရေးယူဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီများနှင့် ပူးတွဲဖော်ပြထားသည့် ကုမ္ပဏီ များ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်းထည့်သွင်းကြောင်း ကြေညာပါသည်။ ကျန်ရှိ နေသေးသည့် ပို့ကုန်ရငွေဝင်ရောက်ရန် ကျန်ကုမ္ပဏီများအားလည်း အရေးယူဆောင်ရွက်ရန် ဆက်လက်စိစစ်လျက်ရှိပါသည်။
၎င်းကုမ္ပဏီ (၁၉)ခု စာရင်းကို ဖော်ပြအပ်ပါသည်။ 

ယခင် ကြေညာချက်
အမည်မည်းစာရင်း သွင်းသည့် ကုမ္ပဏီ ၁၅၈ ခုနှင့် စပ်လျဉ်း၍ ဗဟိုဘဏ် အသိပေးကြေညာချက် ထုတ်ပြန်

 

 

Banking & Loan Read 9074 times