လီကွမ်ယု ရာပြည့် အထိမ်းအမှတ် ၁၀ ဒေါ်လာ ဒင်္ဂါး ထုတ်လုပ်


15 May, 2023

လီကွမ်ယု ရာပြည့် အထိမ်းအမှတ် ၁၀ ဒေါ်လာ ဒင်္ဂါး ထုတ်လုပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

လီကွမ်ယု Lee Kuan Yew နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ် အဖြစ် အချင်း ၃၀ မီလီမီတာရှိ ရွှေရောင် LKY100 ဒင်္ဂါးကို အလူမီနီယမ်ကြေးဒင်္ဂါးဖြင့် ထုတ်လုပ်ပါသည်။ 

စင်ကာပူနိုင်ငံကို တည်ထောင်ခဲ့သူ ၀န်ကြီးချုပ်ဟောင်း လီကွမ်းယု နှစ် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် စင်ကာပူငွေကြေးအာဏာပိုင် Monetary Authority of Singapore (MAS) က တနင်္လာနေ့(မေ ၁၅) မှာ စင်ကာပူဒေါ်လာ ၁၀ ဒင်္ဂါးပြားကို  အသိပေးကြေညာပါသည်။
 LKY100 ဒင်္ဂါးကို နိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်သူများသာ ရနိုင်မည်ဖြစ်ပြီး အွန်လိုင်းတွင် ဇွန်လ ၉ ရက် နောက်ဆုံးထားပြီး လျှောက်ထားရမည် ဖြစ်ပါသည်။ ဒင်္ဂါး ၅ ပြားအထိသာ ခွင့်ပြုပါသည်။

ရယူလိုသူ များပြားနေပါက လျှောက်ထားသူတိုင်း အနည်းဆုံး ဒင်္ဂါးတစ်ပြားကိုတော့ ရရှိမည်ဟု MAS က အာမခံပါသည်။
လျှောက်လွှာပိတ်ပြီးမှ အရေအတွက် မည်မျှ သွန်းလောင်းရမည်ကို ဆုံးဖြတ်မည် ဖြစ်သည်။
၂၀၂၃ စက်တင်ဘာလတွင် ရရှိမည်ဖြစ်သည်။
ကြိုတင်ငွေ ပေးသွင်းရန် မလိုဘဲ ဘဏ်မှာ LKY100 ဒင်္ဂါး ရယူချိန်ကျမှ တစ်ပြားလျှင် ၁၀ စင်ကာပူဒေါ်လာ ပေးချေရမည် ဖြစ်သည်။

 


ထူးခြားချက်မှာ ကျောဘက်တွင် ရှုထောင့်တစ်ခုမှ ကြည့်လျှင် မွေးနှစ် 1923 ကို မြင်ရပြီး အခြားရှုထောင့်မှ ကြည့်လျှင် ရာပြည့်နှစ် 2023 ကို မြင်ရမည် ဖြစ်ပါသည်။
Source straitstimes 
 

Banking & Loan Read 369 times