တရုတ်နိုင်ငံမှ အကြီးဆုံး အွန်လိုင်း ခရီးသွားအေဂျင်စီက ကလေးမွေးသည့် ဝန်ထမ်းများကို ဆုကြေး ပေးရန် ယွမ်


02 July, 2023

တရုတ်နိုင်ငံမှ အကြီးဆုံး အွန်လိုင်း ခရီးသွားအေဂျင်စီက ကလေးမွေးသည့် ဝန်ထမ်းများကို ဆုကြေး ပေးရန် ယွမ် ၁ ဘီလီယံ လျာထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်နိုင်ငံမှ အကြီးမားဆုံး အွန်လိုင်းခရီးသွား အေဂျင်စီ  Trip.com Group မှ ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ဝန်ထမ်း ကလေးမွေးလျှင်ကလေးတစ်ဦးစီအတွက် ယွမ် ၅၀,၀၀၀ ($6,897.69) ပေးအပ်မည်ဖြစ်ကြောင်း ကြေညာသည်။

တရုတ်နိုင်ငံတွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသည့်အတွက် ကလေးမွေးဖွားနှုန်း မြင့်တက်စေဖို့ ယခုလို ကလေးဆုကြေး အစီအစဉ်ကို စတင်လိုက်ခြင်း ဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍမှ ပထမဆုံး လုပ်ဆောင်လိုက်ခြင်း ဖြစ်ပါသည်။

Trip.com ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး အွန်လိုင်းခရီးသွားအေဂျင်စီများထဲမှ တစ်ခုဖြစ်သည်။ သုံးစွဲသူ သန်း ၄၀၀ ရှိသည်။ 
ကုမ္ပဏီဝန်ထမ်း ကလေးယူပါက မွေးမွေးချင်းမှာ ယွမ် ၅ သောင်း ပေးမည်ဖြစ်ပြီး ကလေး အသက် ၅ နှစ်အထိ တစ်နှစ်လျှင် ယွမ် ၁ သောင်းကို မိဘကြေး အဖြစ် ပေးအပ်မည်ဖြစ်သည်။ တရုတ်ပြည်တွင်းမှာသာမက ပြည်ပရှိ ကုမ္ပဏီရုံးခွဲများတွင် လုပ်ကိုင်နေသော ဝန်ထမ်းများလည်း အကျုံးဝင်သည်။ 

အဆိုပါ ဆုကြေးအစီအစဉ်အတွက် ယွမ် ၁ ဘီလီယံ လျာထားကြောင်း ကုမ္ပဏီက ပြောကြားသည်။

 တရုတ်နိုင်ငံသည် လူဦးရေ ထိန်းရန် ကလေး တစ်ယောက်သာ ခွင့်ပြုသည့် မူဝါဒကို ၁၉၈၀ မှ ၂၀၁၅ ခုနှစ်အထိ ကျင့်သုံးခဲ့သည်။
လူဦးရေစာရင်းပညာရှင်များက ရလဒ်အဖြစ် တရုတ်နိုင်ငံသည်  လုပ်သားအင်အား လျော့နည်းမည်။ လူဦးရေ အသက်အပိုင်းအခြားအရ အချိုးအစားတွင် သက်ကြီးရွယ်အိုဦးရေက ပိုများနေမည်။ ၎င်းသက်ကြီးရွယ်အိုဦးရေကို စောင့်ရှောက်ရသည့် ဝန်ထုပ်ဝန်ပိုး ပိလိမ့်မည်ဟု သတိပေးခဲ့ကြသည်။

တရုတ်နိုင်ငံ မွေးဖွားနှုန်းသည် ကျဆင်းလျက်ရှိရာ ၂၀၂၁ ခုနှစ်တွင် လူဦးရေ ၁,၀၀၀ လျှင် ၇.၅၂ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၆.၇၇ သို့ ထပ်မံကျဆင်းခဲ့သည်။ အနိမ့်ဆုံး စံချိန်သစ် တင်သည်။

၂၀၂၁ တွင် အာဏာပိုင်များက လင်မယားတို့သည် ကလေး ၃ ယောက်အထိ မွေးနိုင်သည်ဟု  စတင်ခွင့်ပြုခဲ့သည်။ လက်မထပ်ဘဲ ကလေးမွေးရန်လည်း ခွင့်ပြုခဲ့သည်။
ကိုဗစ် သုည မူဝါဒကြောင့် ကလေးမယူကြသူက များနေခဲ့သည်။ ကလေးစရိတ်၊ ပညာရေးစရိတ်၊ ဝင်ငွေနိမ့်ကျခြင်း၊ လူမှုဖူလုံရေး ချို့တဲ့ခြင်း အစရှိသည့် အချက်မ‌ျားကြောင့် ကလေး ၃ ယောက်ယူဖို့ ဝန်လေးနေကြဆဲ ဖြစ်သည်။

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Global News Read 315 times