ယူနန် - ဘင်္ဂလားပင်လယ်အော် ရထားလမ်း စီမံကိန်း ပြန်စမည်


16 March, 2023

ယူနန် - ဘင်္ဂလားပင်လယ်အော် ရထားလမ်း စီမံကိန်း ပြန်စမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကူးစက်ရောဂါ ကိုဗစ်ကြောင့် ရပ်ဆိုင်းထားခဲ့သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ဘင်္ဂလားပင်လယ်အော်နှင့် ဆက်သွယ်ပေးမည့် မြန်မာနိုင်ငံ ခါးလယ်ဖြတ်ပြီး ဖောက်လုပ်သည့် ရထားလမ်းစီမံကိန်း ပြန်လည်စတင်ရန် ဆွေးနွေးမှုများ စတင်နေပြီဖြစ်သည်။

အဆိုပါ ရထားလမ်းသည် မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနှင့် ကမ္ဘောဒီးယားတို့ ပါဝင်မည့် အာရှ မီးရထားကွန်ရက်၏ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး ခါးပတ်လမ်း အစီအစဉ်တွင် အကျုံးဝင်ပါသည်။

 

 ယူနန် - ဘင်္ဂလားပင်လယ်အော် ရထားလမ်းစီမံကိန်းသည် ကီလိုမီတာ ၁၀၀၀ ခန့် ရှည်လျားပြီး မြန်မာနိုင်ငံတွင် အပိုင်းနှစ်ပိုင်းခွဲထားသည်။ တစ်ပိုင်းမှာ မူဆယ်မှ မန္တလေးအထိ ဖြစ်ပြီး ကျန်လမ်းပိုင်းမှာ မန္တလေးမှ ဘင်္ဂလားပင်လယ်အော် ဆိပ်ကမ်း ကျောက်ဖြူအထိ ဖြစ်ပါသည်။

ရထားလမ်း ပြီးစီးပါက တရုတ်နိုင်ငံသို့ မလက္ကာရေလက်ကြားကို ဖြတ်ကျော်ကာ ရေကြောင်း ကုန်စည်ပို့ဆောင်မှုများကို ရှောင်လွှဲနိုင်မည် ဖြစ်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တစ်ဆင့် ရထားလမ်းဖြင့် တရုတ်ပြည်သို့ ကုန်စည်ပို့ဆောင်ပေးနိုင်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ နိုင်ငံပိုင်လုပ်ငန်း မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံမှ China Railway Eryuan Engineering Group (CREEG) တို့က ယူနန် - ဘင်္ဂလားပင်လယ်အော် ရထားလမ်း စီမံကိန်းကို အကောင်အထည်ဖော်မည် ဖြစ်ပါသည်။

ယူနန်ပြည်နယ် ကူမင်းမြို့တော်နှင့် ကျောက်ဖြူဆိပ်ကမ်းတို့ကို ဆက်သွယ်ပေးမည့် အဆိုပါရထားလမ်းသည် ကန်ဒေါ်လာ ၉ ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်းထားပါသည်။

 

လာအိုမှတစ်ဆင့် တရုတ်- ထိုင်းရထားလမ်းသည်  မေလကုန်တွင် လုပ်ငန်းစတင်လည်ပတ်ရန် လျာထားပါသည်။ တရုတ်-လာအို- ထိုင်း ရထားခရီးစဉ်ကို တစ်ရက်ခြား ပြေးဆွဲမည်ဖြစ်ပြီး ဇွန်လတွင် နေ့စဉ်ပြေးဆွဲရန် အစီအစဉ်ရေးဆွဲထားပါသည်။

Source VOA 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Local News Read 421 times