လတ်တလော ကာလအတွင်း တစ်နေ့လျှင် ရွှေပိသာချိန် ၂၀ ရောင်းချရန် YGEA ဆုံးဖြတ်


29 September, 2021

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA) အသင်းတွင်  ရွှေဆိုင်များမှ ယခုကာလအတွင်း တစ်နေ့လျှင်  စုစုပေါင်း ရွှေအထုပ် (၂၀) အချိန်အားဖြင့် ပိသာချိန် (၂၀) ရောင်းချသွားမည်ဟု  အစည်းဝေးဆုံးဖြတ်ချက်အရ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း အလုပ်အမှူဆောင် အစည်းအဝေးကို ကျင်းပရာ အစည်းအဝေးအဖွင့် အမှာစကားကို နာယက ဦးဆန်းလွင်မှ ပြောကြားပြီးနောက် အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ရွှေစျေးနှုန်း တည်ငြိမ်ကျဆင်းစေရေး  အထူးအလေးပေး  ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးတွင်  ရွှေပိသာချိန် (၂၀) ရောင်းချသွားမည်ဟု  ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေး ဆုံးဖြတ်ချက်အရ အောင်သမာဓိရွှေဆိုင်၊ ဇွဲထက်၊ အကယ်ဒမီ စိန်ရွှေရတနာဆိုင်နှင့် ရွှေကုန်သည် ဦးဧရာစိုးနိုင်တို့က တစ်ထုတ်လျှင် တစ်ပိသာနှုန်းဖြင့် ရန်ကုန်ရွှေ အသင်းသို့ ငါးထုတ်စီရောင်းချပေးသွားမည်ဟု သိရပါသည်။

အစည်းအဝေး ဆုံးဖြတ်ချက်  ၂ ချက်
ဆုံးဖြတ်ချက် (၁)။ ။ ဦးကျော်ဆွေ အသင်း၀င်အမှတ် (703) ကို အသင်း၏အကြံပေးအဖြစ်ခန့်အပ်ရန်။
ဆုံးဖြတ်ချက် (၂)။ ။ဇွဲထက်စိန်ရွှေရတနာဆိုင်၊
အကယ်ဒမီစိန်ရွှေရတနာဆိုင်၊
အောင်သမာဓိစိန်ရွှေရတနာဆိုင်
ဦးဧရာစိုးနိုင်(ရွှေကုန်သည်)တို့မှ
ရွှေ(၅)ထုပ်နှုန်းစီဖြင့်တစ်နေ့လျှင်စုစုပေါင်းရွှေအထုပ်(၂၀)
ကို ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံးတွင်ရောင်းချပေးသွားရန်။

၁ ပိုင်း = ၁၀ သား
၁ ထုပ်= ၁၀ ပိုင်း 
            = ၁၀ ပိုင်း × ၁၀ သား
            = ၁ ပိသာ

၅ ထုပ် = ၅ ပိသာ
 ၂ဝ ထုပ် = ၂၀ ပိသာ


 

ယနေ့ စက်တင်ဘာလ ၂၉ ရက် မွန်းလွဲပိုင်း ၃ နာရီ ၄၅ မိနစ် တွင် အကယ်ဒမီမီးလင်းရွှေ အပိတ်စျေးမှာ ကျပ်သိန်းနှစ်ဆယ် ဖြစ်ပါသည်။ 

ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် မွန်းလွဲပိုင်း ၃ နာရီ ၂၅ မိနစ် တွင် အကယ်ဒမီမီးလင်းရွှေ အပိတ်စျေးမှာ ကျပ်သိန်းနှစ်ဆယ့်ခုနစ်သိန်း ဖြစ်သဖြင့် ကျပ် ၇ သောင်း ဈေးကျဆင်းခဲ့ပါသည်။ 

Local News Read 6241 times