ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA) ရွှေပိဿာ ၅၀ စတင်ထုတ်ရောင်း


30 September, 2021

ရန်ကုန်က ရွှေဆိုင်တွေကို ဒီနေ့စက်တင်ဘာလ ၃၀ ရက်နေ့၊ ရွှေဈေးဖွင့်ချိန်မှာ  ရွှေပိသာချိန်  ၅၀ ကို တကျပ်သားသိန်း၂၀အောက်ချပြီး စတင် ထုတ်ရောင်းပေးနေပြီ ဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း က သိရပါတယ်။
ရွှေဈေးကို တည်ငြိမ်အောင် ထိန်းဖို့အတွက် ခုလိုရွှေတွေထုတ်ရောင်းပေးတာဖြစ်ကြောင်း ၊ တစ်ရက်ကို အနည်းဆုံးရောင်းချပေးဖို့စီစဉ်ထားတာက ပိသာ ၂၀ ဖြစ်ပြီး စစချင်းရောင်းတဲ့နေ့မှာပဲ ရွှေပိသာချိန် ၅၀  ထုတ်ရောင်းပေးနေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။
"ရွှေဆိုင်တွေကလည်း လာရောင်းတယ်။ အသင်းဝင်တွေကလည်းရောင်းပေးတယ်။ ပိသာ ၅၀ လောက်ရှိမယ်။ ရွှေရောင်းပွဲတော်ဖြစ်နေပြီ။ အရင်ကရွှေကပေါတယ် ၊ ရောင်းသလောက်ကိုဘယ်သူမှမဝယ်နိုင်ဘူး၊ ဒါပေမယ့် ခုကရွှေကပြတ်သွားတယ်၊ ဝယ်သူလည်း ၅ ဆလောက်မြင့်လာတယ်၊ လာတဲ့သူ ၁၀၀ လောက်မှာ ရောင်းတဲ့သူတစ်ယောက်မှမပါဘူး။ဝယ်လိုအားများနေတဲ့အချိန်ဖြစ်နေလို့ ဈေးငြိမ်အောင်ထုတ်ရောင်းပေးတာ။" လို့ YGEA ဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ်။
ခုလိုရောင်းချပေးနေတဲ့ ရွှေတွေကို ပြည်သူတွေတိုက်ရိုက်ဝယ်ယူနိုင်မှာမဟုတ်ဘဲ ရွှေဆိုင်တွေကနေသာ တဆင့်ပြန်လည်ဝယ်ယူနိုင်မှာဖြစ်ကြောင်း၊ လက်ရှိရောင်းချပေးနေတဲ့ဈေးကတော့ ရွှေတစ်ကျပ်သားကို ၁၉၇၀၀၀၀ ကျပ်နူန်းဖြစ်တယ်လို့သိရပါတယ်။
နေ့စဉ် ရောင်းချပေးမယ့် ပိသာ ၂၀ ကတော့ 
အောင်သမာဓိစိန်ရွှေရတနာဆိုင်၊ 
ဇွဲထက်စိန်ရွှေရတနာဆိုင်၊
အကယ်ဒမီစိန်ရွှေရတနာဆိုင် နဲ့ 
ဦးဧရာစိုးနိုင် (ရွှေကုန်သည်) 
တို့အသီးသီးက တစ်နေ့ကို ရွှေထုတ် ၅ ထုတ်စီနူန်းနဲ့  YEGA အသင်းရုံးမှာလာရောက်ရောင်းချပေးမှာဖြစ်တယ်လို့သိရပါတယ်။
ဒီနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ ရွှေဈေးအဖွင့်ဈေးက အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သားကို သိန်း ၂၀ ဖြစ်ကြောင်း YGEA က ထုတ်ပြန်ထားပါတယ်။
ရွှေဝယ်ယူသူတွေ လိုသလောက် ဘယ်လောက်ထိ ဆက်ပြီးရောင်းချနိုင်မလဲဆိုတာကိုတော့ ရွှေအရောင်းအဝယ်လုပ်သူတွေက စောင့်ကြည့်အကဲခတ်ဦးမယ်လို့ ဆိုကြပါတယ်။

Source: Voice of Myanmar 

စက်တင်ဘာလ (၃၀) ရက်​နေ့
ည​နေပိုင်း ၂ နာရီ ၅၀ မိနစ်
အကယ်ဒမီမီးလင်း​ရွှေအပိတ်​​စျေး
ကျပ် ၂,၀၂၀,၀၀၀
(ကျပ်နှစ်ဆယ်သိန်း နှစ်​သောင်း)

Source:YGEA

ရွေထုပ် တွက်ချက်ပုံ
၁ ပိုင်း = ၁၀ သား
၁ ထုပ်= ၁၀ ပိုင်း 
            = ၁၀ ပိုင်း × ၁၀ သား
            = ၁ ပိသာ

၅ ထုပ် = ၅ ပိသာ
၂ဝ ထုပ် = ၂၀ ပိသာ

Local News Read 3172 times