လာမည့်ငါးနှစ် အပူပြင်းဆုံးကာလ ဖြစ်နေမည်ဟု WMO  သတိပေး


10 June, 2023

လာမည့်ငါးနှစ် အပူပြင်းဆုံးကာလ ဖြစ်နေမည်ဟု WMO  သတိပေး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


၂၀၂၃-၂၀၂၇ သည် စံချိန်တင် အပူပြင်းဆုံး ငါးနှစ်ကာလ ဖြစ်လာမည်မှာ သေချာလုနီးပါးဖြစ်နေပြီဟု ကုလသမဂ္ဂ၏ ကမ္ဘာ့မိုးလေဝသအဖွဲ့World Meteorological Organization - WMO က သတိပေးထားပြီး ဖန်လုံအိမ်ဓာတ်ငွေ့နှင့် အယ်နီညိုတို့ ပေါင်းစပ်ကာ အပူချိန်များ မြင့်တက်လာစေမည်ဖြစ်သည်။

မှတ်တမ်းတင်ခဲ့သည့် ကာလတစ်လျှောက် ၂၀၁၅ မှ ၂၀၂၂ ခုနှစ်အထိသည် အပူနွေးဆုံး ရှစ်နှစ်တာ ဖြစ်ခဲ့သည်။ သို့သော် ရာသီဥတု ဖောက်ပြန်မှု အရှိန်မြင့်လာသည်နှင့်အမျှ အပူချိန်များ ပိုမိုတိုးလာမည်ဖြစ်သဖြင့် ၎င်း ၈ နှစ်ကာလထက် ပိုမိုပူပြင်းသည့် ၅ နှစ်တာကာလ ၂၀၂၃-၂၀၂၇ ကို ကြုံကြရမည် ဖြစ်သည်။

ဖန်လုံအိမ်ဓာတ်ငွေ့များ ရှိနေသည့် လေထုထဲတွင် အပူများ ပိတ်မိနေပါသည်။ စံချိန်တင်မြင့်မားသော အပူများ ပိတ်မိနေခြင်း ဖြစ်ပါသည်။
ဖန်လုံအိမ်ဓာတ်ငွေ့ အဓိကသုံးမျိုးမှာ 

  • ကာဗွန်ဒိုင်အောက်ဆိုဒ်၊ 
  • မီသိန်းနှင့် 
  • နိုက်ထရပ်အောက်ဆိုဒ်

တို့ ဖြစ်ပါသည်။

“နောက်ငါးနှစ်မှာ အနည်းဆုံးတစ်နှစ်နဲ့ ငါးနှစ်တာကာလတစ်ခုလုံးဟာ စံချိန်တင်အပူဆုံးဖြစ်နိုင်ခြေ ၉၈ ရာခိုင်နှုန်းရှိပါတယ်” ဟု WMO က ဆိုသည်။

ပူနွေးလာသော အယ်နီညိုသည် လာမည့်လများအတွင်း ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ရပြီး ယင်းသည် ကမ္ဘာလုံးဆိုင်ရာ အပူချိန်ကို မကြုံဖူးအောင် ပူပြင်းသည့်အဖြစ်သို့ တွန်းပို့ရန်အတွက် လူသားများဖြစ်ပေါ်စေသည့် ရာသီဥတုပြောင်းလဲမှုနှင့် ပေါင်းစပ်မည်ဖြစ်သည်ဟု WMO က ဆိုသည်။
အပူပြင်းသဖြင့် ကျန်းမာရေး ထိခိုက်စေနိုင်သည်။ စားနပ်ရိက္ခာ စိုက်ပျိုး ထုတ်လုပ်မှုများ အပေါ်တွင်လည်း သက်ရောက်မှု ရှိမည်။ ပတ်ဝန်းကျင်အပေါ်တွင်လည်း ဂယက်ရိုက်မည်။

အယ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့အီကွေတာ၏ မျက်နှာပြင်အပူချိန်များ ကြီးမား‌ေသာ ဧရိယာဖြင့် ပူနွေးလာခြင်းဖြစ်သည်။ နှစ်နှစ်မှ ခုနစ်နှစ်အတွင်း တစ်ကြိမ် ဖြစ်ပေါ်သည်။

အယ်နီညို အခြေအနေများ နှင့် ၎င်း၏ ဆန့်ကျင်ဘက် လာနီနာ အခြေအနေများ တစ်လှည့်စီ ဖြစ်ပေါ်နေပြီး စပ်ကူးမှတ်ကူး ကြားနေအခြေအနေများလည်း ရှိပါသည်။

အယ်နီညို အ‌ခြေအနေ ဖြစ်ပေါ်မှုသည် ဇူလိုင်လကုန်တွင် ၆၀% အထိ ပီပြင်လာမည်။ စက်တင်ဘာလကုန်တွင် ၈၀% အထိ ဖြစ်လာမည်ဟု WMO က ပြောသည်။
ပုံမှန်အားဖြင့် အယ်နီညိုသည် ပြီးပေါ်ပြီး နောက်တစ်နှစ်တွင် ကမ္ဘာ့အပူချိန်များ တိုးလာသည်။ ယခုစက်ဝန်းတွင် ၂၀၂၃ မှာ ဖြစ်ပေါ်ပြီး ၂၀၂၄ တွင် ကမ္ဘာ့အပူချိန်များ တိုးမည်။

ယခင် မှတ်တမ်းတင်ခဲ့သည့် အပူနွေးဆုံး  ၈ နှစ်တာကာလသည် ၂၀၁၅ မှစတင်ပြီး ၂၀၁၆ တွင် အပူဆုံးဖြစ်သည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်း လာနီနာ အခြေအနေများ၏ အအေးလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့သည်။

ယခု အယ်နီညို အလှည့် ပြန်ရောက်လာပြီ ဖြစ်သည်။
Source AFP 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Read 465 times