အိန္ဒိယ ဗဟိုဘဏ် ၂၀၀၀ တန် ရူပီးများ ပြန်သိမ်း


20 May, 2023

အိန္ဒိယ ဗဟိုဘဏ် ၂၀၀၀ တန် ရူပီးများ ပြန်သိမ်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အိန္ဒိယ ငွေစက္ကူတွင် တန်ဖိုး အမြင့်ဆုံးဖြစ်သော ၂၀၀၀ တန် ရူပီးများကို စတင်သိမ်းဆည်းတော့မည်ဖြစ်ကြောင်း ဗဟိုဘဏ်က သောကြာနေ့ (မေ ၁၉)တွင် ကြေညာသည်။
.
  ရူပီး ၂၀၀၀ (ဒေါ်လာ ၂၄.၅) တန် ငွေစက္ကူများကို ရုပ်သိမ်းလိုက်ခြင်းသည် "သာမန် လူနေမှု 
ဘဝတွင် ဖြစ်စေ၊ စီးပွားရေးတွင် ဖြစ်စေ" အနှောင့်အယှက်ဖြစ်စေမည်မဟုတ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိ T.V Somanathan က ပြောကြားသည်။  
.
၂၀၀၀ တန် သိမ်းဆည်းကြောင်း ကြေညာရာတွင် ၂၀၀၀ တန်သည် ငွေပေးငွေယူများအတွက် အသုံးများသော ငွေစက္ကူ မဟုတ်ကြောင်း အထောက်အထားများအရ သိရသည်ဟု ဗဟိုဘဏ် Reserve Bank of India (RBI) က ပြောကြားသည်။
၂၀၀၀ တန်သည် တရားဝင် ငွေစက္ကူများအဖြစ် ဆက်လက်တည်ရှိနေမည်ဟု RBI က ပြောကြားသည်။
၂၀၀၀ တန်ကို အပ်နှံပြီး တန်ဖိုးငယ်သည့် ငွေစက္ကူများဖြင့် လဲလှယ်ရယူရမည် ဖြစ်သည်။
စက်တင်ဘာလ ၃၀ ရက် နောက်ဆုံးထားပြီး ၂၀၀၀ တန်ကို အပ်နှံကြရမည်။
.
ငွေစက္ကူ သုံးစွဲမှုအတွက် ကျန်သည့် ငွေစက္ကူများဖြင့် လုံလောက်ကြောင်း RBI က ပြောကြားသည်။ 
.
အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီ  ဦးဆောင်သောအစိုးရသည် ငွေစက္ကူ အတုများ ဖယ်ရှားရန် ၅၀၀ တန်  နှင့် ၁၀၀၀ တန် ငွေစက္ကူများကို ၂၀၁၆ တွင် ရုတ်တရက် ရုပ်သိမ်းပြီးနောက်  ရူပီး ၂၀၀၀ တန် ငွေစက္ကူကို စတင်သုံးစွဲခဲ့သည်။
နိုင်ငံတွင် လည်ပတ်နေသော ငေွစက္ကူ ၈၆% မရှိတော့သဖြင့် ငွေစက္ကူ မလုံလောက်သည့် ပြဿနာ ကြီးမားစေခဲ့သည်။
 နောက်တစ်နေ့တွင် ဒီဇိုင်းအသစ်  ၅၀၀ တန် ရူပီးများ စတင်သုံးစွဲစေခဲ့သည်။ ငွေစက္ကူ မလုံလောက်သည့် ပြဿနာ အမြန်ဆုံး ပြေလည်စေရန် ၂၀၀၀ တန်များ ရိုက်နှိပ်ပြီး ဖြည့်တင်းပေးခဲ့သည်။
.
ဗဟိုဘဏ်သည် ပြီးခဲ့သည့် ၄ နှစ်တာအတွင်း ၂၀၀၀ တန် ထပ်မံရိုက်နှိပ်ခြင်း မပြုခဲ့ချေ။ ၅၀၀ တန်နှင့် အောက် ရူပီး ငွေစက္ကူများကိုသာ ရိုက်နှိပ်ခဲ့သည်။
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 264 times