အာရှဆန် တစ်ပတ်တာ  (ဇူလိုင် ၉ - ၁၅)


16 July, 2022

 

အာရှဆန် တစ်ပတ်တာ  (ဇူလိုင် ၉ - ၁၅)


 

အိန္ဒိယဆန် ပြည်ပပို့ဆန်ဈေးနှုန်း ယခုသီတင်းပတ်မှာ အပြောင်းအလဲ မရှိပါ။ မိုးနည်းနေသဖြင့် ပြည်တွင်းထုတ်လုပ်မှုအပေါ် စိုးရိမ်မကင်း ဖြစ်ကြသဖြင့် အထွက်နည်းခဲ့သော် ဆိုသည့် ယူဆချက်ဖြင့် ဆန်ပို့ကုန်လုပ်ငန်းရှင်များက အိန္ဒိယနိုင်ငံသုံးငွေ ကန်ဒေါ်လာနှင့် လဲနှုန်းတွင် ထိုးကျနေသော်လည်း ဈေးမချလိုကြချေ။ 

အိန္ဒိယဆန်အမျိုးမျိုးတွင် ပြည်ပသို့ အများဆုံး တင်ပို့သည့် ၅% ဆန်ကွဲပါ ပေါင်းဆန် <RI-INBKN5-P1> ခေါ်ဈေး တစ်တန် $361 ~  $366  ရှိပြီး ယခင်သီတင်းပတ် ဈေးနှုန်းအတိုင်း မပြောင်းလဲချေ။ 

ယခု ရာသီတွင် အိန္ဒိယ လယ်သမားများက ဟက်တာ ၇.၂ သန်း အထိ စပါးစိုက်ပျိုးခဲ့ပြီးပြီ ဖြစ်သည်ဟု သောကြာနေ့က အစိုးရ ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။ ယခင်နှစ် အလားတူကာလထက် ၂၄ % လျော့နည်းနေသည်။ အဓိက ပြဿနာမှာ မိုးနည်းနေခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်တွင်းဆန်ဈေးနှုန်းများ အမြင့်မှာ ဆက်ရှိနေဆဲဖြစ်သည်။ ပြည်ပမှ ဆန်တင်သွင်းမှုကို အားပေးသည့်အနေဖြင့် အစိုးရက ဆန်သွင်းကုန်ခွန် လျှော့ချပေးထားသည်။ 

ဗီယက်နမ်ဆန် ၅% ဆန်ကွဲပါ  <RI-VNBKN5-P1>  အမျိုးအစား ခေါ်ဈေး တစ်တန် $415-$420 ရှိပြီး ယခင်သီတင်းပတ်အတိုင်း ဖြစ်သည်။ မပြောင်းလဲပါ။

ပြည်တွင်း စပါးဈေး ယခုသီတင်းပတ်တွင် ဈေးကျသည်။ ရိတ်သိမ်းရာသီ စပါးပေါ်ချိန် ဖြစ်သဖြင့် ရောင်းလိုအား များနေသဖြင့် ဈေးကျဆင်းသည်။ 

ပြည်ပပို့ကုန် ပုံမှန်ဆန်ဖြူ ယခုသီတင်းပတ် အရောင်းအဝယ် ပါးနေသည်။ 

ဆန်မွှေး ဝယ်လိုအား မြင့်တက်နေဆဲဖြစ်သည်။ အစိုးရက အရည်အသွေးမြင့်ဆန်များကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် ချမှတ်ထားသည့် မဟာဗျူဟာအတွက် ကောင်းသတင်း ဖြစ်သည်။ ဂျပန်၊ ဥရောပ၊ ကနေဒါနှင့် အမေရိကန်နိုင်ငံများတွင် အမှတ်တံဆိပ် ထူထောင်ကာ ဈေးကောင်းရဖို့လုပ်ဆောင်မည် ဖြစ်သည်။ 

 

ဆက်စပ်ဖတ်ရှုရန်

ဗီယက်နမ်ဆန် အမြင့်တန်းမှာ ဈေးကောင်းရဖို့ trademark မြှင့်တင်ရေး ဆောင်ရွက်


 

ထိုင်းဆန် ၅% ဆန်ကွဲပါ <RI-THBKN5-P1> ကို တစ်တန် $420  ဖြင့် ရောင်းချလျက် ရှိသည်။ 

အခါကြီးရက်ကြီး အားလပ်ရက်ဖြစ်သဖြင့် ဈေးကွက် တိတ်ဆိတ်နေသည်။ မိသားစုပိုင် ဆန်စက်အချို့သာ လုပ်ငန်းလည်ပတ်ကြသည်။ 

 

တရုတ်နိုင်ငံသို့ မြန်မာဆန်နှင့်ဆန်ကွဲတင်ပို့ See More

 

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီးနှင့်မန္တလေးတိုင်းဒေသကြီး တို့က ထွက်ရှိသည့်ဆန်ကွဲအိတ် ၆၅ဝ အိတ်ထိပါရှိသော တွဲ ကားအစီးရေ ၁၅ စီးဝန်းကျင် မြန်မာ - တရုတ် နယ်စပ် မူဆယ် ဆန်ကုန်စည်ဒိုင်သုိ့ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ နေ့စဉ် ဆန်ကွဲအိတ်ရေ ၉၇၀ဝ ကျော် ရောက်ရှိလာသည်။

 

ဆန်ကွဲများကို တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းက တင်ပိုသည့်အပြင် ဥရောပနိုင်ငံများနှင့်အာရှဒေသနိုင်ငံများသို့ တင်ပို့ ရောင်းချနေရပြီး ပြည်ပဖောက်သည်ဈေးကွက် ၉ နိုင်ငံကို ဆန်ကွဲ ၅၈,၈၁၅ တန် တင်ပို့ရောင်းချကြောင်း သိရှိရသည်။

 

ပြည်တွင်းဆန်ကွဲ ၁၀၈ပေါင်ဝင် တစ်အိတ်ပေါက်ဈေးနှုန်းသည် ပုသိမ် ၊ ပဲခူး၊ ရန်ကုန် B 1, 2 ငွေကျပ် ၂၃,ဝဝဝ ရှိပြီး B 2,3,4 ကျပ် ၁၉,ဝဝဝ ပျှမ်းမျှ ငွေကျပ် ၂၂,ဝဝဝ ရှိကြောင်း သိရသည်။

 

#MyanmarIndustriesGuide

 Telegram Channel

https://t.me/Guid4U

(၁၃-၇-၂၀၂၂) မှ (၁၉-၇-၂၀၂၂) အထိ ဈေးကွက်ညွှန်ထားသော ဆန်စျေးနှုန်း (FOB-YGN)

 


 

 

#MyanmarIndustriesGuide

 Telegram Channel

https://t.me/Guid4U

Weekly asia rice july 2-8

Agriculture & Livestock Read 2002 times