တရုတ်ဗဟိုဘဏ် ဒစ်ဂျစ်တယ်ယွမ် WeChat ပလက်ဖောင်းမှာ ပိုမိုတွင်ကျယ်လာ


09 May, 2023

တရုတ်ဗဟိုဘဏ် ဒစ်ဂျစ်တယ်ယွမ် WeChat ပလက်ဖောင်းမှာ ပိုမိုတွင်ကျယ်လာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း၊ တရုတ်ဗဟိုဘဏ်သည် ဒစ်ဂျစ်တယ် ယွမ်  e-CNY ကို လက်ခံသုံးစွဲမှု အရှိန်တက်‌စေရန် ကြိုးပမ်းခဲ့သည်။

ဗဟုိဘဏ်တွင် e-CNY အတွက် အက်ပ်တစ်ခုရှိပြီး ၎င်းအက်ပ်ဖြင့် ဒစ်ဂျစ်တယ်ယွမ်ကို သုံးစွဲစေခဲ့ရာ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် သုံးစွဲသူဦးရေ ၂၆၁ သန်းကျော်အထိ ရှိသည်။

သုံးစွဲသူဦးရေ များအောင် ဆက်လက်ချဲ့ထွင်လျက်ရှိရာ တရုတ်ပြည်၏ အကြီးမားဆုံး မက်ဆေ့အက်ပ် WeChat က e-CNY ငွေပေးချေမှု အစီအစဉ်အသစ် စတင်သုံးစွဲမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ 
WeChat ပေါ်မှာ ရောင်းချသော ပစ္စည်းများအတွက် ဒစ်ဂျစ်တယ်ယွမ်ဖြင့် ငွေပေးချေပြီး ဝယ်ယူနိုင်မည် ဖြစ်သည်။

တရုတ်နည်းပညာလုပ်ငန်းကြီး Tencent က ပိုင်ဆိုင်သည့် WeChat သည် မက်ဆေ့ပို့ရန်အတွက်သာမက ဗီဒီယို အတိုများ တင်ပြခြင်း၊ အွန်လိုင်း ဈေးဆိုင်ခင်းကျင်းခြင်း၊ တိုက်ရိုက်ထုတ်လွှင့်‌ရောင်းချခြင်းစသည်တို့အပြင် ငွေပေးချေရန်အတွက်လည်း WeChat Pay ငွေပေးချေစနစ် ပါဝင်သည့် အာရှစူပါအက်ပ် ဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် WeChat တွင် ယွမ်ထရီလီယံချီပြီး ငွေပေးငွေယူ ပြုခဲ့ကြသည်။
 
WeChat တွင် e-CNY ဖြင့်လည်း ပေးချေနိုင်အောင် ယမန်နှစ်က စီစဉ်ပေးထားသည်။
ယခုအခါ ဗဟိုဘဏ်၏ ဒစ်ဂျစ်တယ်ငွေကြေး ဖြစ်သည့် e-CNY ကို လက်ခံသည့် ကုန်သည်တိုင်းကို e-CNY ဖြင့် ပေးချေနိုင်မည် ဖြစ်သည်။

တရုတ်ပြည်တွင် WeChat ၏ WeChat Pay နှင့် Alibaba ၏ Alipay တို့သည် အသုံးအများဆုံးဖြစ်ပြီး ဗဟိုဘဏ်၏ ဒစ်ဂျစ်တယ်ယွမ်သည် ၎င်းအက်ပ်နှစ်ခုကို ယှဉ်ပြိုင်ခြင်း မဟုတ်ဘဲ ၎င်း အကပ် နှစ်ခုဖြင့် ငွေပေးချေရာ၌ သုံးစွဲနိုင်မည့် ငွေကြေး နောက်တစ်မျိုး ဖြည့်စွက်ပေးခြင်းသာ ဖြစ်သည်ဟု ဗဟိုဘဏ်က ပြောကြားသည်။

ဒစ်ဂျစ်ယွမ်ကို သုံးစွဲမည်ဆိုပါက အမည်အမှန် မည်သူမည်ဝါဆိုသည်ကို စိစစ်အတည်ပြုခြင်း ခံယူဖို့ လိုအပ်သည်။ ဗဟိုဘဏ်မှ ငွေစာရင်းနှင့် WeChat Pay ကို ချိတ်ဆက်ထားဖို့ လိုအပ်သည်။ ထိုသို့ ချိတ်ဆက်သည့်အခါ မည်သူမည်ဝါ အမည်ရင်း အမှန်ကို စိစစ်မည် ဖြစ်သည်။

WeChat Pay ဖြင့် WeChat မှာ ဈေးဝယ်သည့်အခါ e-CNY ဖြင့် ပေးချေမည်ဆိုပါက ဗဟိုဘဏ်မှ ငွေစာရင်းနှင့် ချိတ်ဆက်ပေးလိုက်မည်ဖြစ်ပြီး ၎င်းငွေစာရင်းဖြင့် ပေးချေမည် ဖြစ်သည်။ သို့ဖြစ်ရာ ဗဟိုဘဏ်ငွေစာရင်းကို digital yuan wallet အဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။
Source techcrunch 
 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 231 times