အလုပ်ဖြုတ်ခံရသည့် ထိုင်းလုပ်သားများကို Victoria's Secret က ဒေါ်လာ ၈.၃ သန်း ချေးငွေ ပေးရန်သဘောတူ


04 June, 2022

အလုပ်ဖြုတ်ခံရသည့် ထိုင်းလုပ်သားများကို Victoria's Secret က ဒေါ်လာ ၈.၃ သန်း ချေးငွေ ပေးရန်သဘောတူ


၂၀၂၁ မတ်လမှာ ထိုင်းနိုင်ငံ Bang Sao Thong ခရိုင်တွင် တည်ရှိတဲ့ Brilliant Alliance Thai Global Co ရဲ့ အဝတ်အစားနှင့် အတွင်းခံ စက်ရုံကို ရုတ်တရက် ပိတ်သိမ်းလိုက်ပါတယ်။
စက်ရုံပိတ်သိမ်းလိုက်လို့ အလုပ်ပြုတ်သွားတဲ့ လုပ်သား ၁,၀၀၀ ကျော်တို့ လျော်ကြေး စုစုပေါင်း အမေရိကန်ဒေါ်လာ ၈.၃ သန်း လက်ခံရရှိကြမှာ ဖြစ်ပါတယ်။ 
Victoria's Secret အတွက် အတွင်းခံ အဝတ်အစားများ ထုတ်လုပ်ပေးနေခဲ့တဲ့ Brilliant Alliance Thai Global စက်ရုံမှ လုပ်သား ၁,၂၅၀ ဦးတို့ကို လုပ်ခလစာများ မပေးဘဲ အလုပ်ဖြုတ်ခဲ့တာ ဖြစ်ပါတယ်။ စက်ရုံက ဒေဝါလီခံလိုက်ပါတယ်။


စက်ရုံပိုင်ရှင် ဟောင်ကောင်အခြေစိုက် Clover Group ကို ထိုင်းအစိုးရက ရက်ပေါင်း ၃၀ အတွင်း အလုပ်သမားကို ပေးစရာရှိတာတွေ ပေးအပ်ဖို့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ Clover Group က ငွေပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ အလုပ်ဖြုတ်ခံရတဲ့ လုပ်သားများကို Clover Group က ၎င်းမှာ ပေးစရာငွေမရှိလို့ လုပ်သားများအနေဖြင့် ငွေအပြည့်အဝရဖို့ ၁၀ နှစ်စောင့်ပေးဖို့အတွက် သဘောတူကြဖို့ ပြောကြားခဲ့ပါတယ်။

Worker Rights Consortium (WRC) နှင့် Solidarity Center တို့က လုပ်သားများအတွက် ရပ်တည်ပေးပြီး မိခင်လုပ်ငန်း Victoria's Secret ကို ဆက်သွယ်အသိပေးပြီး လုပ်သားများကို ပေးချေဖို့  ဖိအားပေးတိုက်တွန်းခဲ့ပါတယ်။

 လုပ်သားများကို ပေးချေဖို့အတွက် Brilliant Alliance Thai Global စက်ရုံပိုင်ရှင်ကို Victoria's Secret က အမေရိကန်ဒေါ်လာ ၈.၃ သန်း ကို ချေးငွေသဘောတူညီချက်ဖြင့် ပေးအပ်ပါတယ်။

Global News Labour Affairs Read 246 times