မြန်မာအကောင့်များ တင်းကျပ်သည့် အစီအမံများ UOB ချမှတ်ဆောင်ရွက်


09 August, 2023

မြန်မာအကောင့်များ တင်းကျပ်သည့် အစီအမံများ UOB ချမှတ်ဆောင်ရွက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

စင်ကာပူနိုင်ငံရှိ အဓိကဘဏ်တစ်ခုဖြစ်သည့် United Overseas Bank -UOB သည် မြန်မာနိုင်ငံရှိ ဘဏ်များနှင့် ဆက်နွှယ်မှုများကို အဆုံးသတ်လိုက်သည်။ 

ပြီးခဲ့သည့် အပတ်က မြန်မာနိုင်ငံရှိ ဘဏ်များသို့ ပေးပို့သည့် အကြောင်းကြားစာတွင် United Overseas Bank  မြန်မာအကောင့်များသို့ ပေးပို့သည့် ငွေလွှဲနှင့် မြန်မာအကောင့်များမှ ပေးပို့သည့် ငွေလွှဲ ဝန်ဆောင်မှုများ တားမြစ်ထားလိုက်ကြောင်း အသိပေးထားသည်။  UOB အကောင့် အချင်းချင်းသာ ငွေလွှဲဝန်ဆောင်မှု ရရှိနိုင်တော့မည် ဖြစ်သည်။ 
အလားးတူပင်  Visa card နှင့် Mastercard  တို့ကိုလည်း UOB အကောင့်များသို့ ငွေချေနိုင်မည် ဖြစ်သည်။ 
.
ထို့ပြင် UOB ၏ ဟောင်ကောင်ဘဏ်ခွဲတွင် ဖွင့်လှစ်ထားသည့် မြန်မာဘဏ်များ၏ နိုင်ငံခြားငွေ Nostro account များကို ပိတ်တော့မည်ဟု အကြောင်းကြားစာတွင် အသိပေးထားသည်။ 
.
UOB သည် စင်ကာပူမှာ အထိုင်ချပြီး လုပ်ငန်းလည်ပတ်သည့် မြန်မာလုပ်ငန်းရှင်များ အသုံးများကြသည့် ဘဏ်တစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် မကင်းသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများလည်း အသုံးပြုကြသည်။ 
.
UOB မူဘောင်အသစ်သည် အမေရိကန် ဒေါ်လာ၊ ယူရိုနှင့် စင်ကာကာပူဒေါ်လာ အပါအဝင် အဓိကငွေကြေးအားလုံးအတွက်  ငွေပေးငွေယူ ဝန်ဆောင်မှုများ အကျုံးဝင်ပြီး နောက်လဆန်း စက်တင်ဘာ ၁ ရက်တွင် စတင်မည်ဖြစ်သည်။
.
UOB မူဘောင်အသစ်နှင့် စပ်လျဉ်း၍ ဧရာဘဏ်က အကောင့်ပိုင်ရှင်များထံ အကြောင်းကြား အသိပေးပြီး ဖြစ်ပါသည်။ 
.
UOB သည် ၁၉၉၄ ခုနှစ်တွင် ရန်ကုန်မြို့၌ ကိုယ်စားလှယ်ရုံး စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် လက်ကားဘဏ်လုပ်ငန်းလိုင်စင် ရရှိကြသည့်  နိုင်ငံခြားဘဏ်များပထမအသုတ်တွင် ပါဝင်ခဲ့သည်။ နိုင်ငံခြားဘဏ် စုစုပေါင်းကိုးခုမှ လိုင်စင်ရရှိခဲ့သည်။ စင်ကာပူနိုင်ငံမှ  OCBC  သည်လည်း ၎င်းနှစ်တွင် လိုင်စင်ရရှိခဲ့သည်။  OB သည် ၎င်း၏ ပထမဆုံး ရန်ကုန်ရုံးခွဲကို ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

UOB သည် နှစ်အတန်ကြာ ကာလအတွင်းမှာ မြန်မာကုမ္ပဏီများ၊ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချမ်းသာသော ပုဂ္ဂိုလ်များနှင့်အတူ ဘဏ်လုပ်ငန်းကဏ္ဍတွင် ဝေစု ကြီးကြီးမားမား ရရှိခဲ့သည်။ 
မြန်မာနိုင်ငံမှ  အမေရိကန် ဆန်ရှင် ထိထားသည့်  နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ အပါအဝင် မြန်မာနိုင်ငံမှ အကြီးဆုံးဘဏ်များစွာအတွက် အဓိက ကြားခံဆောင်ရွက်ပေးသည့် ဘဏ်တစ်ခု ဖြစ်လာခဲ့သည်။ 
.
UOB သည်  Myanmar Airways International -MAI ၏ ဘဏ်အကောင့်များ အကုန်လုံးကို ဩဂုတ်လလယ်တွင် ပိတ်တော့မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားထားပြီး ဖြစ်ပါသည်။
.
စင်ကာပူမှ ကြီး၃ကြီး ဘဏ်များ ဖြစ်ကြသည့် UOB, OCBC,  DBS တို့တွင် ကျန်သည့် ဘဏ်ကြီးနှစ်ခု ဖြစ်သည့် OCBC နှင့်  DBS  တို့ကိုလည်း အလားတူ တင်းကျပ်မှုများ ဆောင်ရွက်လာနိုင်သည်ဟု ထင်ကြေးပေးကြပါသည်။ 
.
စင်ကာပူဘဏ်များ လက်ရှောင်လိုက်၍ လစ်ဟာသွားသည့် နေရာကို ထိုင်းဘဏ်များက နေရာဝင်ယူကြမည် ဖြစ်ပါသည်။ 
Source asia nikkei
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Banking & Loan Read 387 times