ပလတ်စတစ်အမှိုက်များဖြင့် အိမ်ဆောက်ပစ္စည်း ထုတ်လုပ်သည့် "The Plaf"


29 October, 2021

ဖိလစ်ပိုင်နိုင်ငံမှ တစ်ဖန်ပြန်လည်သုံးစွဲရေးအဖွဲရေစီးကြောင်း ပိတ်ဆို့မှုများ ဖြစ်ပွားခြင်း၊ ကမ်းခြေသောင်ပြင်များပေါ် အလာတင်နေခြင်းများနေခြင်းများကို ဖြစ်ပွားစေသည့် ပလတ်စတစ်အမှိုက်များ ဖြစ်သော ဘူးခွံများ၊ တစ်ခါသုံး အိတ်များ၊ သွားရေစာအထုပ် အခွံများကို ဆောက်လုပ်ရေးဆောက်လုပ်ရေးပစ္စည်းများ အဖြစ်သို့ ပြောင်းလဲပေးခြင်းဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ ပလတ်စတစ်အမှိုက်ပြဿနာကို လျော့ပါးစေမည် ဖြစ်သည်။

အဖွဲ့အမည်ကို အတိုကောက်"The Plaf" ဟု အမည်ပေးထားပြီး အမည်အပြည့်အစုံမှာ Plastic Flamingo ဟူ၍ ဖြစ်သည်။

ပလတ်စတစ်အမှိုက်များကို စုဆောင်းပြီး အစအနများဖြစ်အောင် ခုတ်စဉ်းပစ်သည်။ ထို့နောက် အပူပေးပြီး ပုံစံခွက်ထဲ ပုံသွန်းလောင်းသည်။ "eco-lumber" ဟု အမည်ပေးထားသောတိုင်များ၊ ပျဉ်ပြားရှည်များ ထုတ်လုပ်သည်။ ၎င်းထုတ်ကုန်များကို ကြမ်းခင်းပြား၊ ခြံစည်းရီုး စသည်တို့အတွက် သုံးစွဲနိုင်သည်။ ယာယီတဲအိမ် ဆောက်လုပ်ရန်အတွက်လည်း သုံးနိုင်သည်။

 Plaf ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အရာရှိချုပ် Ms Erica Reyes က "အဲဒါတွေက တစ်ဖန်ပြန်သုံး ပစ္စည်းတွေချည်းပဲ။ ပလတ်စတစ်အမှိုက် ရာနှုန်းပြည့် သုံးစွဲထားတယ်။ ကျမတို့ ကော်စေး ထည့်တယ်။ အရောင်ထည့်တယ်" ဟု ရှင်းပြသည်။

စာရင်းအရ ယခုအထိ ပလတ်စတစ်အမှိုက် တန် ၁၀၀ ကျော်ကို ကုန်ချော ထုတ်လုပ်ပေးခဲ့သည်။

ပင်လယ်သမုဒ္ဒရာထဲ ပလတ်စတစ် အမှိုက် အများဆုံး ရောက်သည့် အာရှနိုင်ငံများတွင် Oxford University ၏ Our World In Data ၂၀၂၁ အစီရင်ခံစာအရ ဖိလစ်ပိုင်နိုင်ငံ ပါဝင်ပြီး အာရှရှိ မြစ်များမှတစ်ဆင့် ပင်လယ်ထဲ ရောက်ရှိသည့် ပမာဏစုစုပေါင်း၏ သုံးပုံတစ်ပုံသည် ဖိလစ်ပိုင်နိုင်ငံမှ ပလတ်စတစ်အမှိုက်များ ဖြစ်သည်။

 

 

How To Read 796 times