အိန္ဒိယတွင် အိမ်သုံး လုပ်ငန်းငန်းသုံး ဘက်ထရီစက်ရုံ တည်ဆောက်ရန် Tesla အဆိုပြု


25 September, 2023

အိန္ဒိယတွင် အိမ်သုံး လုပ်ငန်းငန်းသုံး ဘက်ထရီစက်ရုံ တည်ဆောက်ရန် Tesla အဆိုပြု

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Tesla သည် လျှပ်စစ်ကားများ အိန္ဒိယနိုင်ငံတွင် ရောင်းချနိုင်ရန် အိန္ဒိယတွင် စက်ရုံ ထားရှိမည်ဟု သတင်းများ ထွက်ပေါ်နေစဉ် ယခုအခါ ဘက်ထရီ စက်ရုံ တည်ဆောက်ရန် သက်ဆိုင်ရာ အာဏာပိုင်တို့နှင့် ဆွေးနွေးလျက် ရှိသည်။ 

 Tesla  က အိန္ဒိယနိုင်ငံတွင် ဘက်ထရီဖြင့် သိုလှောင်မှု စနစ်များကို ထုတ်လုပ်ပြီး ရောင်းချမည့် အစီအစဉ် ရေးဆွဲပြီး သက်ဆိုင်ရာ အာဏာပိုင်တို့ထံ တင်ပြထားသည်။ အိန္ဒိယအစိုးရမှ ပေးအပ်မည့် မက်လုံးအစီအစဉ်များကိုလည်း တောင်းခံထားသည်။ 

 သည် ဝန်ကြီးချုပ် နရန်ဒရာ မိုဒီမှ တိုက်ရိုက်ကြီးကြပ်ဆွေးနွေးမှုများဖြင့် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အရောင်းဈေးနှုန်း ဒေါ်လာ ၂၄၀၀၀ ဝန်းကျင်ရှိသော လျှပ်စစ်ကားများကို အိန္ဒိယတွင် ထုတ်လုပ်ရန်အတွက် အိန္ဒိယတွင် လျှပ်စစ်ကားစက်ရုံသစ်တစ်ခု တည်ထောင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ သို့သော် ရလဒ်ကို ကြေညာခြင်း မပြုသေးချေ။ 

လတ်တလော အဆိုပြုထားသည်မှာ Tesla မှ ထုတ်လုပ်သည့် ဘက်ထရီဖြင့် စွမ်းအင်သိုလှောင်သည့် စနစ်တမျိုးဖြစ်သော "Powerwall" ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် အစီအစဉ် ဖြစ်သည်။ နေရောင်ခြည်စွမ်းအင်ကို ရယူပြီး သိုလှောင်ပေးထားသဖြင့် စိမ်းလန်းသော စွမ်းအင် ဖြစ်သည်။


 Tesla  က စက်ရုံအတွက် အစိုးရ၏ မက်လုံ အစီအစဉ်များ တောင်းခံခဲ့သော်လည်း အာဏာပိုင်တို့က ငြင်းဆန်ခဲ့ကြသည်။ Tesla  ကို အစိုးရ မက်လုံး အစီအစဉ် ပေးအပ်ပါက ဈေးကွက်ထဲ မမျှတသည် ယှဉ်ပြိုင်မှု ဖြစ်နေလိမ့်မည်။ သို့ဖြစ်ရာ စက်ရုံအတွက် မက်လုံး အစီအစဉ် မရနိုင်ကြောင်း ပြောကြားသည်။ သို့သော် Tesla ၏ ထုတ်ကုန်များကို ဝယ်ယူသုံးစွဲသူတိုင်းကို အစိုးရက ထောက်ပံ့ကြေး ပေးအပ်နိုင်ကြောင်း၊  အခြားကုမ္ပဏီတခုခုမှ ထုတ်လုပ်သော အလားတူ ဖြစ်သည့် မည်သည့် ထုတ်ကုန်မျိုးကို မဆို ဝယ်ယူသူတိုင်းအား အလားတူ ထောက်ပံ့ကြေး ပေးမည် ဖြစ်သဖြင့် မျှတသော ယှဉ်ပြိုင်မှု ဖြစ်နေစေမည် ဖြစ်ကြောင်း ပြောကြားသည်။ 

အိန္ဒိယနိုင်ငံသည် မြို့ရွာများသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးခဲ့သော်လည်း သုံးစွဲမှုများ ပိုများလာသဖြင့် ဓာတ်အား အသုံးအများဆုံး နာရီများတွင် ဓာတ်အား မလုံလောက်သည့် ပြဿနာကို ရင်ဆိုင်နေရဆဲဖြစ်သည်။
ကျောက်မီးသွေးသုံး ဓာတ်အားထုတ်လုပ်မှုအပေါ် အကြီးအကျယ် တည်မီထားသည်။ လျှပ်စစ်စွမ်းအင် သိုလှောင်မှုပစ္စည်းများသည် ဈေးကြီးနေသဖြင့် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ကြခြင်း မရှိချေ။ သို့ဖြစ်ရာ စွမ်းအင် သိုလှောင်သည့် စနစ်ရှိမှသာ သုံးစွဲနိုင်သည့် နေရောင်ခြည်စွမ်းအင် သုံးစွဲမှု ကျယ်ကျယ်ပြန့်ပြန့် မဖြစ်လာချေ။  Powerwall သည်လည်း ဈေးကြီးသည့်စနစ် ဖြစ်သည်။ 
အမေရိကန်တွင် အိမ်တလုံးစာအတွက် Powerwall သည် ဆိုလာပြား မပါ ကန်ဒေါ်လာ ၅,၅၀၀ ကျော် ကုန်ကျသည်။ ပိုလျှံသည် ဓာတ်အားကို ပင်မဓာတ်အားလိုင်းထံ ရောင်းချနိုင်သည့် အခွင့်အလမ်း ရှိသည်။ 

Source reuters
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 815 times