ထိုင်းတွင် Tesla, Google, Microsoft တို့ ဒေါ်လာ ၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ထိုင်းဝန်ကြီးချုပ်သ


24 September, 2023

ထိုင်းတွင် Tesla, Google, Microsoft တို့ ဒေါ်လာ ၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ထိုင်းဝန်ကြီးချုပ်သစ် ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ဝန်ကြီးချုပ်သစ်  ဆရက်သာ သာဝီဆင်သည် နယူးယောက်မြို့မှ ပြန်လည်ရောက်ရှိလာပြီးနောက် သုဝဏ္ဏဘူမိလေဆိပ်တွင် သတင်းထောက်များအား တနင်္ဂနွေနေ့ (စက်တင်ဘာ ၂၄)နံနက်ပိုင်းတွင် စကားပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံတွင် Tesla၊ Google နှင့် Microsoft တို့မှ အနည်းဆုံး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ ဘီလီယံ ရရှိရန် မျှော်လင့်ထားကြောင်း ဆရက်သာက ပြောကြားသည်။ 

“Tesla က အီးဗီ ထုတ်လုပ်ဖို့ စက်ရုံအတွက် နေရာ လေ့လာနေပါတယ်။ Microsoft နဲ့ Google တို့ဟာ ဒေတာစင်တာ ထားဖို့ စူးစမ်းလေ့လာနေပါတယ်” ဟု ၎င်းက ပြောကြားသည်။

Mr Srettha သည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်သည့် ခရီးစဉ်တွင် အဆိုပါကုမ္ပဏီများမှ အမှုဆောင်များနှင့် ဆွေးနွေးခဲ့သည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အကြီးစား အသစ်များသည် ထိုင်းနိုင်ငံ၏ အားပျော့နေသော စီးပွားရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ပြည်ပပို့ကုန် တင်ပို့မှု လျော့ကျနေသဖြင့် ယခုနှစ်တွင် ၂.၈% မျှသာ ကြီးထွားမည်ဟု ခန့်မှန်းထားသည်။

Mr Srettha သည် Tesla စီအီးအို Elon Musk နှင့် ပြီးခဲ့သည့်အပတ်က လျှပ်စစ်ကားကဏ္ဍအကြောင်း ပြောဆိုဆွေးနွေးခဲ့သည်။

ထိုင်းနိုင်ငံသည် အီးဗီ နှင့် ဘက်ထရီထုတ်လုပ်သူများအတွက် မက်လုံးများ ပေးအပ်လျက်ရှိသည်။
ပြည်တွင်း အီးဗီ ဝယ်ယူသူများကို အခွန်ဖြေလျော့ပေးထားသည်။

Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Investment/Divestment Read 667 times