ကမ္ဘာ့ငွေပေးချေမှုစနစ် SWIFT တွင် ယွမ်သည် ယူရိုကိုကျော်ပြီး ဒုတိယ အသုံးအများဆုံး ငွေကြေးဖြစ်လာ


23 October, 2023

 ကမ္ဘာ့ငွေပေးချေမှုစနစ် SWIFT တွင် ယွမ်သည် ယူရိုကိုကျော်ပြီး ဒုတိယ အသုံးအများဆုံး ငွေကြေးဖြစ်လာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ယွမ်သည် နိုင်ငံတကာငွေပေးချေမှုများတွင် ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ၄.၈၂% အသုံးပြုခဲ့ပြီး စက်တင်ဘာလတွင် ၅.၈% သို့ မြင့်တက်လာခဲ့သည်။ SWIFT စနစ်ဒေတာအရ ပြီးခဲ့သောငါးနှစ်အတွင်း ယွမ်သုံးစွဲမှု အများဆုံး‌ေရချိန်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ယွမ်သည် ယူရိုထက် သာလွန်ပြီး SWIFT ငွေပေးချေမှုများတွင် ကမ္ဘာ့ ဒုတိယအသုံးအများဆုံး နိုင်ငံသုံးငွေ ဖြစ်လာသည်။
ယွမ်ကို နိုင်ငံတကာသုံးငွေအဖြစ်သို့ ရောက်ရှိစေရန် တရုတ်အစိုးရ၏ ကြိုးပမ်းမှုအတွက် အောင်မြင်မှု မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခြင်း ဖြစ်သည်။

အမေရိကန် ဒေါ်လာသည် ကမ္ဘာ့ကုန်သွယ်မှုတွင် အဓိကငွေကြေးအဖြစ် ဆက်လက်တည်ရှိနေသည်။
ဩဂုတ်လတွင် ၈၃.၉၅% ရှိခဲ့ပြီး စက်တင်ဘာလတွင် ၈၄.၁၅% သို့ မြင့်တက်ခဲ့သည်။

ယခုအခါ ယူရိုသည် နိုင်ငံတကာငွေပေးချေမှုတွင် တတိယအဆင့်သုိ့ ရောက်ရှိခဲ့သည်။ ဩဂုတ်လတွင် ၆.၄၃% ရှိခဲ့ပြီး စက်တင်ဘာလတွင် ၅.၄၃% သို့ လျော့ကျခဲ့သည်။

ဂျပန်ယန်းက စတုတ္ထ အဆင့်မှာ ရှိနေပြီး ဆော်ဒီ ရီယယ်က ပဉ္စမအဆင့်တွင် ရှိနေသည်။

ကန်ဒေါ်လာနှင့် ယူရိုတို့သည် အစဉ်အလာအားဖြင့် SWIFT ငွေပေးချေမှုများကို လွှမ်းမိုးထားပြီး ၂၀၂၃ ခုနှစ်တွင် ငွေပေးချေမှု ၁၀ ခုတွင် အနည်းဆုံး ၇ ခုသည် ကန်ဒေါ်လာ သို့မဟုတ် ယူရိုဖြင့် ပေးချေခဲ့သည်။


Source indiatoday
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Banking & Loan Read 494 times