ထိုင်း ပစ္စည်းပို့ တက္ကဆီအငှား ဝန်ဆောင်မှု Superapp ထဲသို့ Foodpanda ပူးပေါင်း


17 October, 2023

ထိုင်း ပစ္စည်းပို့ တက္ကဆီအငှား ဝန်ဆောင်မှု Superapp ထဲသို့ Foodpanda ပူးပေါင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ထိုင်းနိုင်ငံတွင် အိမ်တိုင်ရာရောက် ပစ္စည်းပို့ ဝန်ဆောင်မှုနှင့် တက္ကဆီ ငှားပေးသည့် ဝန်ဆောင်မှုတို့ကို လုပ်ကိုင်သည့် AirAsia Superapp ထဲသို့ Foodpanda Thailand ပူးပေါင်းပါဝင်လိုက်သည်။

AirAsia Superapp ၏ စီအီးအို Siripa Jungsawat က ယခုလို ပူးပေါင်းလိုက်ကြခြင်းသည် ရည်ရွယ်ချက် နှစ်ခု ရှိကြောင်း ပြောကြားသည်။ 
လက်ရှိ airasia Superapp နှင့် Foodpanda သုံးစွဲသူများအတွက် ပြီးပြည့်စုံပြီး ချောမွေ့သော ဝန်ဆောင်မှုကို ပေးဆောင်ရန်၊ သုံးစွဲသူဦးရေ အခြေကို ချဲ့ထွင်ရန် တို့ ဖြစ်သည်။ 

AirAsia Superapp အသုံးပြုသူများသည် Foodpanda ၏ နိုင်ငံလုံးဆိုင်ရာ အစားအသောက်ပေးပို့ခြင်းဝန်ဆောင်မှုများကို ၎င်းအက်ပ်မှတဆင့် သုံးစွဲနိုင်ပြီ ဖြစ်သည်။
အပြန်အလှန်အားဖြင့် Foodpanda သုံးစွဲသူများကလည်း ၎င်းအက်ပ်မှတဆင့် အစားအသောက် မှာစားခြင်းအပြင် တက္ကဆီ ဌားရမ်းနိုင်မည် ဖြစ်သည်။

Foodpanda အနေဖြင့် AirAsia Superapp အသုံးပြုသူများနှင့် အချိတ်အဆက် ရှိနေမည် ဖြစ်သဖြင့် သုံးစွဲသူဦးရေ တိုးလာမည် ဖြစ်သည်။ အလားတူပင် AirAsia Superapp ကလည်း Foodpanda  အသုံးပြုသူများနှင့် အချိတ်အဆက် ရရှိမည် ဖြစ်သည်။

Airasia Superapp သည် မလေးရှားတွင်လည်း Foodpanda Malaysia နှင့် ပူးပေါင်းထားသည်။

 Airasia Superapp ကို များမကြာမီတွင် airasia MOVE ဟု အမည်ပြောင်းရန် အစီအစဉ် ရှိသည်။

Foodpanda သည် စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်း၊ မလေးရှား၊ ပါကစ္စတန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာ ၁၁ နိုင်ငံရှိ မြို့ပေါင်း ၄၀၀ ကျော်တွင် လည်ပတ်နေသည်။

Foodpanda သည် ကမ္ဘာ့တလွှား အစားအသောက် ပို့ဆောင်ရေးလုပ်ငန်းကဏ္ဍတွင် ဦးဆောင်နေသည့် ဂျာမန် ကုမ္ပဏီ Delivery Hero ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည်။

Source nationthailand 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Investment/Divestment Read 267 times