အာရှပစိဖိတ်ဒေသ အစိုးရကြွေးမြီ ပျမ်းမျှရေချိန် မြင့်မား


25 April, 2023

အာရှပစိဖိတ်ဒေသ အစိုးရကြွေးမြီ ပျမ်းမျှရေချိန် မြင့်မား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အာရှ-ပစိဖိတ်ဒေသရှိ အစိုးရကြွေးမြီ ပျမ်းမျှရေချိန်မှာ ၁၈ နှစ်တာကာလအတွင်း အမြင့်ဆုံး ရောက်ရှိနေကြောင်း UN Economic and Social Commission for Asia and the Pacific (UN Escap) ၏ သုတေသန အစီရင်ခံစာတွင် ဖော်ပြထားသည်။ အချို့နိုင်ငံများသည် အရေးပေါ်အခြေအနေ ရောက်မည့်အရေး ရှိနေသည်။ ကြွေးမြီ ဝန်ထုပ်ဝန်ပိုးနှင့်အတူ ကြွေးမြီပြန်ဆပ်ရသည့် ဝန်ထုပ်ဝန်ပိုးကိုပါ ရင်ဆိုင်နေကြရသည်။

၂၀၁၉ ခုနှစ်တွင် ဒေသတွင်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အစိုးရကြွေးမြီနှင့် GDP ပျမ်းမျှအချိုးသည် ၁၁ နှစ်တာ ကာလအတွင်း အမြင့်မားဆုံးသို့ ရောက်ရှိခဲ့ပြီး ၄၀.၆% အထိ မြင့်မားခဲ့သည်။
၂၀၂၁ တွင် ကြွေးမြီသည် GDP ၏ ၄၉.၅% ဖြစ်လာသည်။ ကပ်ရောဂါကြောင့် အစိုးရ ဝင်ငွေများ လျော့ကျနေစဉ် စီးပွားရေး ပြန်နာလန်ထဖို့ ကြီးမားသော လှုံ့ဆော်မှု အစီအစဉ်များအတွက် အကုန်အကျ များပြားခဲ့ကြသည်။
ဒေသတွင်း နိုင်ငံစီးပွားရေးများတွင်  သုံးပုံနှစ်ပုံသည် ၂၀၀၈ ခုနှစ်နောက်ပိုင်း အစိုးရကြွေးမြီ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။
ပြည်ပကြွေးမြီအတွက် အတိုးနှင့်အရင်း ပြန်ပေးဆပ်နေရသည်မှာ ၂၀၂၂ တွင် GDP ၏ ၁၀% ရှိသည်အထိ မြင့်မားနေသည်။ 

ကိုဗစ်လွန်ကာလ အစိုးရကြွေးမြီ ကြီးထွားလာနေစဉ် စီးပွားရေး ကြီးထွားနှုန်းက နှေးနေသည်။ အတိုးနှုန်းများက ပိုမြင့်မားနေသည်။ သို့ဖြစ်ရာ ကြွေးမြီ ပြဿနာ အရေးပေါ်အခြေအနေ ဆိုက်ရောက်မည့်အရေး တိုးလာသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အစီရင်ခံစာတွင် ပြောကြားသည်။
ဒေသတွင်းရှိ နိုင်ငံပေါင်း ၁၉ နိုင်ငံသည် ကြွေးမြီပြဿနာ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာနိုင်ခြေ မြင့်မားသည်။

နိုင်ငံငါးနိုင်ငံသည် အစိုးရ အထွေထွေကြွေးမြီစုစုပေါင်းမှာ ၂၀၂၁ ခုနှစ်တွင် GDP ၏ ၁၀၀% ကျော်သို့ ရောက်ရှိခဲ့သည်။ ၎င်း ၅ နိုင်ငံမှာ 
ဂျပန် ၂၆၂%
စင်ကာပူ ၁၆၀%
ဘူတန် ၁၃၂%
မော်လ်ဒိုက် ၁၂၅%
သီရိလင်္ကာ ၁၀၃% 
တို့ဖြစ်ပါသည်။

၈၀% ကျော်နေသည့် နိုင်ငံများမှာ ဖီဂျီ၊ အိန္ဒိယ၊ လာအိုနှင့် မွန်ဂိုလီးယား တို့ ဖြစ်ပါသည်။
ကုန်သွယ်မှု လိုငွေပြခြင်း၊ နိုင်ငံသုံးငွေ ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် တန်ဖိုးကျခြင်းတို့သည် အစိုးရကြွေးမြီ တိုးစေသည့် အဓိကအကြောင်းရင်းများ ဖြစ်သည်။

ဖွံ့ဖြိုးဆဲအာရှ-ပစိဖိတ် နိုင်ငံစီးပွားရေးများ၏ ထက်ဝက်သည် ပြင်ပကြွေးမြီများအပေါ်တွင် ကြီးကြီးမားမား မှီခိုနေရပြီး အများစုမှာ အမေရိကန်ဒေါ်လာ ကြွေးမြီများဖြစ်သည်။ ယူရိုကြွေးမြီ ဒုတိယအများဆုံးဖြစ်ပြီး ယန်းကြွေးမြီ တတိယ အများဆုံးဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကန်ဒေါ်လာကြွေးမြီသည် နိုင်ငံ ၁၂ ခုတွင် GDP ၏ ၂၀% ထက် ကြီးမားသည်။

Belt and Road Initiative (BRI) ခေါင်းစဉ်အောက်တွင် လမ်းတံတား၊ ရထားလမ်း အပါအဝင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် တရုတ်ချေးငွေများ သိသိသာသာ ပိုများလာခဲ့သည်။ 
ဒေသတွင်းသို့ တရုတ်၏ ချေးငွေသည် ၂၀၀၈ ခုနှစ်တွင် ကန်ဒေါ်လာ ၆ ဘီလီယံမှ ၂၀၂၁ ခုနှစ်တွင် ကန်ဒေါ်လာ ၇၁ ဘီလီယံအထိ ၁၁ ဆ တိုးခဲ့သည်။
မြီရှင်အဖြစ် 
တရုတ်ထံမှ ချေးငွေရယူထားသည့် နိုင်ငံများတွင် ကမ္ဘောဒီးယား၊ ကာဂျစ်စတန်၊ လာအို၊ မော်လ်ဒိုက်၊ ပါကစ္စတန်၊ ဆာမိုအာ၊ တာဂျစ်ကစ္စတန်၊ တွန်ဂါနှင့် ဗာနူအာတူတို့ ပါဝင်သည်။

အစိုးရ ပြည်ပကြွေးမြီများ၏ ၂၀% ကျော်ကို တရုတ်ထံမှ ရယူထားသည့် နိုင်ငံများမှာ ဖီဂျီ၊ မွန်ဂိုလီးယား၊ မြန်မာ၊ ပါပူဝါနယူးဂီနီနှင့် သီရိလင်္ကာတို့ ဖြစ်သည်။
Source Bangkokpost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Industry Reviews Read 276 times