ရွှေ့ပြောင်းလုပ်သားများ ဆောလျင်စွာ ခေါ်ယူဖို့ ထိုင်းအစိုးရကို တိုက်တွန်း


13 November, 2021

ကာကွယ်ဆေး ထိုးပြီးသား ရွှေ့ပြောင်းလုပ်သားတွေ ခေါ်ယူရေးအတွက် အိမ်နီးနားချင်း နိုင်ငံများနှင့် နားလည်မှုစာချွန်လွှာ memorandum of understanding (MoU) လက်မှတ်ရေးထိုးဖို့ကို  ပိုမို‌ေဆာလျက်စွာ ဆောင်ရွက်ဖို့ ထိုင်းနိုင်ငံ ပုဂ္ဂလိကကဏ္ဍက ထိုင်းအစိုးရကို တောင်းဆိုထားပါတယ်။

Employers' Confederation of Thai Trade and Industry ဒုဥက္ကဋ္ဌ Tanit Sorat က MoU ဖြင့် ခေါ်ယူတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံများမှ ခေါ်ယူရေးကို ထိုင်းအစိုးရက ဒီဇင်ဘာလအစား ယခုလအတွင်းမှာ လုပ်ဆောင်ပေးသင်တယ်လို့ ပြောပါတယ်။

"နိုဝင်ဘာလ ၁ ရက် တိုင်းပြည်ကို ပြန်ဖွင့်ပေးလိုက်တဲ့နောက်မှာ ပြည်ပလုပ်သား လိုအပ်မှု ယခုအခါ မြင့်မားနေတယ်။ သွင်းကုန်ထုတ်ကုန် ကြီးထွားလာတာကြောင့်လည်း မကျွမ်းကျင်လုပ်သား အကြီးအကျယ် မလုံလောက်တဲ့ ရလဒ်ထွက်ပေါ်နေတယ်" လို့ သူက ပြောပါတယ်။

 အလုပ်သမားဝန်ကြီးဌာန၊ အခြားသက်ဆိုင်တဲ့ဌာနများနှင့် အစည်းအဝေး ကျင်းပခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံပြီး လုပ်သားတွေကို အိမ်နီးနားချင်း သုံးနိုင်ငံမှ ခေါ်ယူရေးအတွက် MoU လက်မှတ်ထိုးဖို့ကိစ္စကို ဒီဇင်ဘာလသို့ ရွှေ့ဆိုင်းဖို့ သဘောတူဆုံးဖြတ်ခဲ့ကြကြောင်း Mr Tanit က ပြောကြားပါတယ်။
 "MoU လက်မှတ်ထိုးပြီး အကောင်အထည်ဖော်တာကို အခုလမှာ လုပ်သင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဆေးထိုးပြီးသား လုပ်သားတွေကို စိစစ်တဲ့ လုပ်ငန်းစဉ်က အချိန်ယူတယ်" လို့ သူက ပြောတယ်။
 လုပ်ငန်းရှင်များက ပြည်ပလုပ်သားတွေအတွက် ကာကွယ်ဆေးတွေ စီစဉ်ဖို့ တာဝန်ယူရန်နှင့် အလုပ်မစခင် ၁၄ ရက် ကွာရင်တင်း ဝင်တာအတွက် ကုန်ကျစရိတ်တွေကို ကျခံပေးဖို့ Employers' Confederation က အဆိုပြုထားကြောင်း Mr Tanit က ပြောကြားပါတယ်။
 
အလုပ်သမားတွေက တစ်လလုပ်ပြီးရုံဖြင့် အလုပ်ပြောင်းခွင့် ပေးထားတဲ့ စည်းမျဉ်းကိုလည်း အစိုးရက ပြင်သင့်တယ်လို့ သူက အကြံပြုပါတယ်။ 
တချို့လုပ်ငန်းကဏ္ဍတွေမှာ ထိုင်းတွေက မလုပ်ချင်ကြတာကြောင့် ပြည်ပလုပ်သားတွေက စီးပွားရေးမှာ အရေးပါတဲ့အပိုင်းမှာ လုပ်ကိုင်နေကြတယ်လို့ သူက ထောက်ပြပါတယ်။

အလုပ်သမားဝန်ကြီးဌာနက ပြည်ပလုပ်သား ၄၂၀,၀၀၀ လိုအပ်မယ်လို့ ခန့်မှန်းထားတာထက် ပိုမိုလိုအပ်ဖွယ် ရှိတယ်လို့ သူက ပြောပြတယ်။
ပြည်ပလုပ်သား လိုအပ်မှုက လာမယ့်နှစ်မှာ ပိုများလာလိမ့်မယ်လို့ သူက မျှော်မှန်းထားပါတယ်။
Department of Employment မှ မေလတွင်  လေ့လာချက်အရ ထိုင်းစီးပွားရေးလုပ်ငန်းတွေ မြန်မာမှ လုပ်သား ၁၅၆,၀၂၉ ဦး ၊ ကမ္ဘောဒီးယားမှ ၁၃၀,၁၃၈ ဦး၊ လာအိုမှ ၃၈,၅၃၆ ဦး လိုအပ်ကြောင်း တွေ့ရတယ်။

အလုပ်အများစုက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဧည့်ခံကျွေးမွေးရေးဝန်ဆောင်မှုများ၊ အထည်ချုပ်ကဏ္ဍ တို့မှာ ဖြစ်ပါတယ်။

Federation of Thai Industries (FTI) က လုပ်သား ၃၀၀,၀၀~၅၀၀,၀၀၀ လိုအပ်လိမ့်မယ်လို့ ဆိုပါတယ်။
Covid-19 ဆေးစစ်မှု မခံယူဘဲ ထိုင်းနိုင်ငံထဲ ခိုးဝင်လာတဲ့ ရွှေ့ပြောင်းလုပ်သားများကြောင့် အစုလိုက် ရောဂါကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားမှာကို FTI က စိုးရိမ်ပါတယ်။

bangkokpost.com

Local News Read 287 times