ကာတာ သဘာဝဓာတ်ငွေ့ရည် ဝယ်ယူရန် Sinopec ၂၇ နှစ်သက်တမ်းရှိ အရောင်းအဝယ် စာချုပ် ချုပ်ဆို


07 November, 2023

ကာတာ သဘာဝဓာတ်ငွေ့ရည် ဝယ်ယူရန် Sinopec ၂၇ နှစ်သက်တမ်းရှိ အရောင်းအဝယ် စာချုပ် ချုပ်ဆို

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်ပြည်မှ နိုင်ငံပိုင်ကုမ္ပဏီ Sinopec သည် ကာတာမှ QatarEnergyနှင့် ၂၇ နှစ်သက်တမ်းရှိ  သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) အရောင်းအဝယ် သဘောတူညီချက် စာချုပ်အသစ်ကို လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ သဘောတူညီချက်အရ ကုမ္ပဏီနှစ်ခုသည် ကာတာနိုင်ငံ မြေNorth Field လုပ်ကွက် ချဲ့ထွင်ရေးစီမံကိန်း၏ ဒုတိယအဆင့်ကို ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။ ၎င်းလုပ်ကွက်မှ LNG တစ်နှစ်လျှင် မက်ထရစ်တန် ၃ သန်းကို Sinopec ထံ ရောင်းချပေးမည် ဖြစ်သည်။

ရှန်ဟိုင်းမြို့တွင် ကျင်းပသည့်  China International Import Expo တွင် လက်မှတ်ရေးထိုးခဲ့သည့် အဆိုပါသဘောတူညီချက်သည် ကမ္ဘာ့ထိပ်တန်း LNG တင်ပို့သူ QatarEnergy နှင့် Sinopec တို့ အကြား တတိယမြောက် ရေရှည် အရောင်းအဝယ် သဘောတူညီချက်ဖြစ်သည်။

၎င်းကုမ္ပဏီနှစ်ခုသည် ၁၀ နှစ် သက်တမ်းရှိ LNG  အရောင်းအဝယ် သဘောတူညီချက်ကို ၂၀၂၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
၂၀၂၂ ခုနှစ်တွင် ၂၇ နှစ် သက်တမ်းရှိ LNG  အရောင်းအဝယ် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
North Field တိုးချဲ့ စီမံကိန်းသည် ကာတာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ကို ငွေ့ရည်ပြောင်းလဲပေးနိုင်သည့် ပမာဏကို မက်ထရစ်တန် ၇၇ သန်းမှ မက်ထရစ်တန် ၁၂၆ သန်းသို့ တိုးမြှင့်ပေးမည်ဖြစ်ပြီး စီမံကိန်းကို ၂၀၂၇ ခုနှစ်တွင် ပြီးစီးရန် လျာထားသည်။

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 228 times