နှစ်အလိုက် မြန်မာ - စင်ကာပူကုန်သွယ်မှုစာရင်းတွင် စင်ကာပူမှ သွင်းကုန်တင်သွင်းမှု များပြားခဲ့


19 October, 2021

နှစ်အလိုက် မြန်မာ - စင်ကာပူကုန်သွယ်မှုစာရင်းတွင် စင်ကာပူမှ သွင်းကုန်တင်သွင်းမှု များပြားခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၁၁ လအတွင်း နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာသန်း၂၆၇၀ ကျော်ရှိကာ စင်ကာပူက သွင်းကုန်ဒေါ်လာသန်း ၂၄၇၀ ကျော်အထိ တင်သွင်းထားပါသည်။ 

နှစ်အလိုက် မြန်မာ - စင်ကာပူနှစ်နိုင်ငံ ကုန်သွယ်မှုစာရင်းတွင် စင်ကာပူမှသွင်းကုန် တင်သွင်းမှုများပြားခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၁၁ လအတွင်း နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာသန်း ၂၆၇၀ ကျော်ရှိကာ စင်ကာပူက သွင်းကုန် ဒေါ်လာသန်း ၂၄၇၀ ကျော်တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

နှစ်အလိုက် မြန်မာ - စင်ကာပူ နှစ်နိုင်ငံ ကုန်သွယ်မှုအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၇၅၃ ဒသမ ၄၉၅ သန်း၊ စင်ကာပူမှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၃၀၈၄ ဒသမ ၆၃၁ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၈၃၈ ဒသမ ၁၂၆ သန်း ရရှိခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ မြန်မာဘက်မှပို့ကုန်တန်ဖိုး ဒေါ်လာ ၁၉၀ ဒသမ ၄၂၉ သန်း၊ စင်ကာပူမှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၈၀၆ ဒသမ ၈၂၉ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၉၉၇ ဒသမ ၂၅၈ သန်း ရရှိခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၃၄၄ ဒသမ ၇၄၀ သန်း၊ စင်ကာပူမှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၃၁၆၂ ဒသမ ၅၁၁ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၅၀၇ ဒသမ ၂၅၀ သန်းရရှိခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာဘက်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၇၅၃ ဒသမ ၁၁၄ သန်း၊ စင်ကာပူမှ သွင်းကုန်တန်ဖိုးဒေါ်လာ ၃၀၅၂ ဒသမ ၁၉၄ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၈၀၅ ဒသမ ၃၀၇ သန်း ရရှိခဲ့သည်။ အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ သည် မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်များနှင့် အခွင့်အလမ်းအသစ်များ ဖန်တီးပေးနိုင်ရေးအတွက် အစိုးရဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းလုပ်ဆောင်နိုင်မည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

“NES ၂၀၂၀-၂၀၂၅ ဟာ မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်များနဲ့ အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရေးအတွက် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများနဲ့ ပုဂ္ဂလိကကဏ္ဍတို့ အတူတကွပူးပေါင်းလုပ်ဆောင်လာနိုင်မည့် အခွင့်အရေးတစ်ခုပင်ဖြစ်ပါတယ်။ကမ္ဘာတစ်ဝှမ်းလုံးမှ အာရှတိုက်ကို အာရုံစိုက်လာခြင်းသည်လည်း မြန်မာနိုင်ငံအတွက် အခွင့်အရေးအသစ်တွေနဲ့ စိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ NES ကို အကောင်အထည်ဖော်ခြင်းအားဖြင့် မြန်မာနိုင်ငံမှကမ္ဘာကြီး၏ တန်ဖိုးမြှင့်တင်မှု ကွင်းဆက်တွင်ပါဝင်နိုင်ရန် နည်းလမ်းအဖြေများ ဖော်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။


အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ မူဘောင်သည် မြန်မာနိုင်ငံ၏ မိုက်ခရို၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းနှင့် ကမ္ဘာ့စီးပွားရေးစျေးကွက်တွင် လက်ရှိတင်ပို့ရောင်းချနေသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးမည်ဖြစ်ကြောင်း သိရသည်။

 

news-eleven.com

 

Export, Import Read 642 times