ပြိုလဲသည့် Silicon Valley Bank ၏ ယူကေဘဏ်လုပ်ငန်းခွဲကို ကယ်တင်ရန် HSBC က ၁ ပေါင်ဖြင့် ဝယ်ယူ


14 March, 2023

ပြိုလဲသည့် Silicon Valley Bank ၏ ယူကေဘဏ်လုပ်ငန်းခွဲကို ကယ်တင်ရန် HSBC က ၁ ပေါင်ဖြင့် ဝယ်ယူ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ပြိုလဲခဲ့သည့် Silicon Valley Bank - SVB  ၏ ယူကေ ဘဏ်လုပ်ငန်းကဏ္ဍကို HSBC က တနင်္လာနေ့ (မတ် ၁၃) မှာ စတိသဘော ပေးချေသည့် ဗြိတိသျှငွေကြေး ၁ ပေါင်ဖြင့်  ဝယ်ယူခဲ့ခြင်းဖြင့် ကယ်တင်လိုက်ပါသည်။  ၁ပေါင်သည့် ကန်ဒေါ်လာ ၁.၂၁ နှင့် ညီမျှပါသည်။ 

ဥရောပအကြီးဆုံးဘဏ်လုပ်ငန်း HSBC မှာ ပိုင်ဆိုင်မှု ကန်ဒေါ်လာ ၂.၉ ထရီလီယံ ရှိပြီး ယခုလို ဘဏ်လုပ်ငန်းခွဲကို ဝယ်ယူရန် အစိုးရ၊ ကြီးကြပ်သူများ၊ ဝယ်ယူရန် အလားအလာ ရှိသူများအကြား  အသည်းအသန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

ယူကေနည်းပညာလုပ်ငန်းကဏ္ဍကို ကာကွယ်ရန် SVB ကယ်ဆယ်ရေး လိုအပ်သည်ဟု ယူကေဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။

SVB UK ၏ကယ်တင်မှုကို ဗြိတိန်အစိုးရ၀န်ကြီးများ၊ စည်းကမ်းကြိးကြပ်ထိန်းသိမ်းရေးနှင့် နည်းပညာလုပ်ငန်းသစ်များမှ ကြိုဆိုခဲ့ပြီး ဘဏ်၏ ဖောက်သည်များသည် ပုံမှန်အတိုင်း ဘဏ်၏ ဝန်ဆောင်မှုများကို ဆက်လက်သုံးစွဲနိုင်ကြမည် ဖြစ်သည်။ 


"SVB UK ကို သုံးစွဲသူများအနေဖြင့် HSBC က ဥရောပ အကြီးဆုံးဘဏ်ဖြစ်တာကြောင့် အင်အားဆောင့်တင်းမှု၊ ဘေးကင်းမှုနှင့် လုံခြုံမှုတို့အတွက် စိတ်ချကြမှာ ဖြစ်ပါတယ်" ဟု ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး Jeremy Hunt က ပြောကြားသည်။ 
အစိုးရက ကယ်တင်မည်ဆိုပါက ပြည်သူများ ပေးဆောင်ထားသည့် အခွန်ငွေကို သုံးစွဲရမည် ဖြစ်ကြောင်း၊ ယခု ပြည့်သူ့အခွန်ငွေများ သုံးစွဲရခြင်းမှ ရှောင်ကွင်းရန်မှာ အဓိက ဦးစားပေး ဖြစ်ကြောင်း Hunt က ပြောကြားသည်။ 

ယခုလို ရောင်းချသည့်အတွက် ဘဏ်အပ်ငွေများ ဆုံးရှုံးမည့် အရေးမှ ဘေးကင်းကြောင်းနှင့် ဘဏ်လုပ်ငန်း တစ်ခုလုံး အနေဖြင့်လည်း စိတ်ချရကြောင်း Bank of England  က ပြောကြားပါသည်။ 

SVB UK ကို သီးခြားရပ်တည်သည့် ဘဏ်လုပ်ငန်း တစ်ခုအနေဖြင့် HSBC က ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး အမေရိကန်မှ  မိခင်ကုမ္ပဏီ SVB ၏ ပိုင်ဆိုင်မှုနှင့် ကြွေးမြီများကို အရောင်းအဝယ်မှ ဖယ်ထုတ်ထားသည်ဟု HSBC စီးအီးအို Noel Quinn က ကြေညာချက်တွင် ပြောကြားသည်။
ခြံကာပြီး သီးခြားခွဲထားသော SVB UK မှ ထုတ်ချေးထားသော ချေးငွေ ပေါင် ၅.၅ ဘီလီယံ ရှိပြီး အပ်နှဲငွေ ပေါင် ၆.၇ ဘီလီယံရှိသည်။ HSBC က SVB UK ကို ချက်ချင်းလက်ငင်း လွှဲပြောင်းရယူခဲ့ပြီး လွှဲပြောင်းရယူခြင်း ပြီးမြောက်ခဲ့‌ကြောင်း HSBC က ကြေညာသည်။
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

.

.

Banking & Loan Read 364 times