အမေရိကန်မှ ကမ္ဘာ့အကြီးမားဆုံး တိရစ္ဆာန်အစာလုပ်ငန်း Scoular သီလဝါတွင် စက်ရုံသစ် ဖွင့်လှစ်


06 March, 2022

အမေရိကန်မှ ကမ္ဘာ့အကြီးမားဆုံး တိရစ္ဆာန်အစာလုပ်ငန်း Scoular သီလဝါတွင် စက်ရုံသစ် ဖွင့်လှစ်

ကမ္ဘာပေါ်တွင် အကြီးမားဆုံးလုပ်ငန်းတစ်ခုဖြသ်ပြီး ငါးစာအမျိုးမျိုးနှင့် ငါးဆီအမျိုးမျိုး ရောင်းချသည့်  Scoular သည် မြန်မာနိုင်ငံတွင် မကြာသေးမီကမှ ငါးစာစက်ရုံအသစ်ကို သီလဝါ အထူးစီးပွားရေးဇုန်တွင် ဖွင့်လှစ်ခဲ့ကြောင်း ၎င်း ၏ ဝဘ်ဆိုက်တွင် ဖော်ပြထားပါသည်။

အဆိုပါစက်ရုံသည် တန်ဖိုးဖြည့်ထည့် ထုတ်ကုန်များ ဖြစ်သည့် ငါးစာများကို စက်ရုံအပြည့်အဝ လည်ပတ်ပါက တစ်နှစ်လျှင် တန်ချိန် ၃၀,၀၀၀ အထိ လုပ်ကိုင်ပေးနိုင်ကြောင်း၊ အမေရိကန်နိုင်ငံ နီဘရာစကာ ပြည်နယ် အိုမဟာမြို့ အခြေစိုက် ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရသူက  ပြောကြားခဲ့ကြောင်း feednavigator.com တွင် ၂၀၂၁ ‌ေမလမှာ  ဖော်ပြခဲ့ပါသည်။

အာရှ တိရစ္ဆာန်အစာဈေးကွက်အတွက် အချက်အချာအဖြစ် အရည်အသွေးမြင့်မားပြီး အရည်အသွေး တသမတ်တည်းဖြစ်သည့် ထုတ်ကုန်များကို အချိန်ကိုက် just-in-time ပေးပို့မည် ဖြစ်သည်။

Scoular က ၂၀၂၁ စက်တင်ဘာလတွင် ကြီးထွားလာနေသော ကမ္ဘာ့ငါးစာ လုပ်ငန်းကဏ္ဍအတွက်  ကုမ္ပဏီ၏ ငါးစာ ကုန်စည်အမှတ်တံဆိပ်အသစ်ဖြစ်သော  Encompass™ ကုန်စည်အမှတ်တံဆိပ်ကို စတင်ခဲ့ပါသည်။

သီလဝါမှ စက်ရုံသည် အာရှဒေသတွင်း‌ဈေးကွက်အတွက် ငါးစာ ထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းများ လုပ်ဆောင်မည် ဖြစ်ပါသည်။

Scoular သည် သက်တမ်း နှစ်ပေါင်း ၁၃၀ သက်တမ်းရှိပြီဖြစ်ပြီး ရောင်းအား 
အမေရိကန်‌‌ဒေါ်လာ ၆ ဘီလျံ ရှိပါသည်။ 
ငါးစာဈေးကွက်တွင် Scoular လုပ်ကိုင်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီ ဖြစ်သည်။

ကုမ္ပဏီသည် ကမ္ဘာ့နေရာအနှံ့တွင် ငါးစာနှင့် ငါးဆီ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

အာရှဒေသအတွက် ရုံးချုပ်ကို စင်ကာပူနိုင်ငံတွင် ထားရှိပါသည်။ 

အာရှဈေးကွက်တွင် အမေရိကန်အခြေစိုက်လုပ်ငန်း Scoular က နေရာ တိုးချဲ့ရယူရန် သီလဝါမှ စက်ရုံသည် အခရာကျသည်ဟု ဆိုပါသည်။ 

ကုမ္ပဏီသည် ပဲပုပ်ပဲ သန့်စင်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ကို အင်ဒိုနီးရှား နိုင်ငံတွင် လုပ်ကိုင်လျက် ရှိပြီး တိရစ္ဆာန်အစားအစာနှင့် ဂျုံဖြန့်ဖြူးရေးကို မြန်မာနှင့် အင်ဒိုနီးရှားတွင် လုပ်ကိုင်လျက်ရှိရာ၌ ၎င်းနှစ်နိုင်ငံတွင် အကြီမားဆုံး တိရစ္ဆာန်အစာ ဖြန့်ဖြူးရေးလုပ်ငန်း တစ်ခု ဖြစ်ကြောင်း ၎င်း၏ ဝဘ်ဆိုက်တွင် ဖော်ပြထားပါသည်။

Agriculture & Livestock Investment/Divestment Read 4521 times