မင်းဘူး ဆိုလာပါဝါ SCN တိုးချဲ့မည်


24 July, 2023

မင်းဘူး ဆိုလာပါဝါ SCN တိုးချဲ့မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

ခေါင်မိုးပေါ် ဆိုလာပြား တပ်ဆင်မှု တိုးလာခြင်းသည် SCN ၏ ၀င်ငွေကို တိုးများစေမည်ဟု မျှော်မှန်းနိုင်သည်။

ထိုင်းနိုင်ငံတွင် မီတာခ ဈေးကြီးသဖြင့် ဆိုလာပါဝါကို တွဲဖက် သုံးစွဲလာကြသောကြောင့် ဆိုလာစွမ်းအင်လုပ်ငန်း ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Scan Inter (SCN) အဖို့ ဝင်ငွေတိုးဖို့ အခွင့်အလမ်းများ ပေါ်ပေါက်နေစေသည်။ သို့ဖြစ်ရာ ယခုနှစ်တွင် ဝင်ငွေ ၃၀-၄၀% တိုးရန် ရည်မှန်းထားသည်။

(SCN) သည် ဖိသိပ် သဘာဝဓာတ်ငွေ့ compressed natural gas CNG  အရောင်း ဝန်ဆောင်မှုကိုလည်း လုပ်ကိုင်သည်။

အမျိုးသားရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းစု PTT Plc နှင့် ဓာတ်ငွေ့ပေးပို့ခြင်း စာချုပ်အသစ်သည် ၀င်ငွေတိုးလာစေရန် အထောက်အကူပြုမည် ဖြစ်သည်။ 

လွန်ခဲ့သည့်နှစ်က SCN မှ ၀င်ငွေ ဘတ် ၁.၈၃ ဘီလီယံ ရရှိခဲ့သည်။

ခေါင်မိုး ဆိုလာပါဝါလုပ်ငန်းကဏ္ဍကို SCN နှင့် ၎င်း၏ လက်အောက်ခံလုပ်ငန်း  Scan Advance Power Co (SAP)တို့က လုပ်ကိုင်သည်။
“စက်ရုံပိုင်ရှင်တွေက ၂၀၂၃ မှာ မီတာခခအတွက် ပိုဂရုစိုက်လာကြတယ်။ ဒီတော့ စွမ်းအင်ကုန်ကျစရိတ်ကို ချွေတာဖို့ ဆုံးဖြတ်ထားကြပါတယ်" ဟု SCN ၏အမှုဆောင်အရာရှိချုပ် Littee Kitpipit က ပြောသည်။
"ဆိုလာပြား တပ်ဆင်ရင် ဓာတ်အားကုန်ကျစရိတ် ၂၀% အထိ သက်သာစေပါတယ်"ဟု ၎င်းက ပြောကြားသည်။


 ဓာတ်ငွေ့ပေးပို့ခြင်းလုပ်ငန်းသည် ဝင်ငွေအတွက် အဓိကရင်းမြစ် ဖြစ်သည်။

SCN ကို  တစ်ဦးတည်းသော ဓာတ်ငွေ့ ပို့ဆောင်ဖြန်ဖြူးသူအဖြစ် PTT မှ ငှားရမ်းထားသည်။ သက်တမ်း ၂ နှစ် စာချုပ် ချုပ်ဆိုထားပြှီး တန်ဖိုးမှာ ဘတ် သန်း ၅၀၀ ဖြစ်သည်။ 
ယမန်နှစ်က တစ်ရက်လျှင် တန် ၂၀၀ တာဝန်ယူရသည်။ ယခုနှစ်တွင် တစ်ရက်လျှင် ဓာတ်ငွေ့တန်ချိန် ၇၀၀ ဝန်းကျင် သယ်ယူပို့‌ေဆာင်ပြီး ဖြန့်ဖြူးပေးရသည်။ ယခုနှစ်ကုန်တွင် တန် ၁,၀၀၀ အထိ တိုးမြှင့်မည်။ 

 

 

မင်းဘူး 220MWDC Solar Power Plant ၏ ပထမအဆင့် (50 MWDC) ဆိုလာပါဝါ ဓာတ်အားထုတ်လုပ်ရေး

 

SCN သည် မြန်မာနိုင်ငံတွင် မင်းဘူးဆိုလာဓာတ်အားပေးစက်ရုံ ဒုတိယအဆင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားရန် စီစဉ်ထားသည်။
၎င်းစီမံကိန်းသည် ကိုဗစ်ကြောင့် လည်းကောင်း၊ ပဋိပက္ခများကြောင့်လည်းကောင်း နှောင့်နှေးခဲ့ပါသည်။
ဆောက်လုပ်ရေးကို ယခုနှစ်ကုန်ပိုင်းတွင် စတင်မည်။ နောက်နှစ် မတ်လတွင် လုပ်ငန်းစတင်လည်ပတ်မည်။ 
မင်းဘူး ဆိုလာဓာတ်အား လုပ်ငန်းကဏ္ဍကို SCN ၏ လက်အောက်ခံလုပ်ငန်း Green Earth Power Co က ၂၀၁၉ စက်တင်ဘာလတွင် စတင်လုပ်ကိုင်သည်။ 50MW ထုတ်လုပ်သည်။ 
ပထမအဆင့်တွင် မင်းဘူးသည် တစ်လလျှင် ကန်ဒေါ်လာ ၇၀၀,၀၀၀ ဝင်ငွေရရှိခဲ့ကြောင်း Mr Littee က ပြောသည်။

Source bangkokpost 
 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Energy News Read 381 times