ဗီယက်နမ်မှာ Samsung ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၈ ဘီလျံနီးပါးသို့ ရောက်ရှိ


09 December, 2021

တောင်ကိုရီးယားမှ Samsung က ဗီယက်နမ်တွင် ၂၄ နှစ်တာ ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁၇.၇၄ ဘီလျံအထိ ရှိပြီ ဖြစ်ပြီး ၂၉% သည် လွန်ခဲ့သည့်  ၅ နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

Samsung သည် ဗီယက်နမ်တွင် ထုတ်လုပ်မှုအတွက် စက်ရုံ ၈ ရုံ ထားရှိသည့်အပြင် သုတေသနလုပ်ကိုင်ရန် ဌာနတစ်ခုကိုလည်း ထားရှိသည်။ ယခုနှစ် ပထမ ၁၀ လအတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၀.၅ ဘီလျံ နီးပါး ရှိကြောင်း Samsung Vietnam ၏ စီအီးအို Choi Joo Ho က ပြောကြားသည်။ ဝင်ငွေ၏ ၈၉% သည် ဗီယက်နမ်တွင် ထုတ်လုပ်သော ထုတ်ကုန်မျာ ပြည်ပတင်ပို့ခြင်းမှ ရရှိသည်ဟု သူက ပြောကြားသည်။ 

Samsung သည် ဗီယက်နမ်တွင် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနတစ်ခုကို အမေရိကန်ဒေါ်လာ သန်း ၂၂၀ ရင်းနှီးမြှုပ်နှံပြီး ဖွင့်လှစ်ခဲ့သည်။ Samsung အနေဖြင့် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနတစ်ခုကို ပြည်ပတွင် ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ် ထားရှိခြင်း ဖြစ်သည်။ 

Investment/Divestment Read 4580 times