ဒုတိယသုံးလပတ်အမြတ်ငွေ ၉၅% ကျော်ကျဆင်းမည်ဟု Samsung ခန့်မှန်း


10 July, 2023

ဒုတိယသုံးလပတ်အမြတ်ငွေ ၉၅% ကျော်ကျဆင်းမည်ဟု Samsung ခန့်မှန်း

GET INSTANT UPDATE 
https://t.me/Guid4U
Join Telegram Channel 


ကမ္ဘာဈေးကွက်ထဲတွင် မှတ်ဉာဏ်ချစ်ပ်များ ပိုလျှံနေဆဲ ဖြစ်သဖြင့် Samsung Electronics ၏ အခရာကျသော မှတ်ဉာဏ်ချစ်ပ် လုပ်ငန်းကဏ္ဍကို ဆက်လက်ထိခိုက်နေသဖြင့် ယခုနှစ် ဒုတိယ၃ လပတ်တွင် အမြတ်ငွေ ၉၅% ကျော် ယခင်နှစ်ထက် လျော့နည်းမည်ဟု ခန့်မှန်းထားသည်။ ရရှိမည့် အမြတ်ငွေပမာဏသည် ၁၄ နှစ်တာတွင် အနည်းဆုံး ဖြစ်လိမ့်မည်။
.
Samsung Electronics ကုမ္ပဏီသည် တောင်ကိုးရီးယားကုမ္ပဏီ Samsung Group ၏ အထင်ကရ လုပ်ငန်းခွဲဖြစ်သည်။
Samsung Group သည် အာရှ၏ စတုတ္ထအကြီးဆုံး စီးပွားရေး တောင်ကိုရီးယားတွင် စီးပွားရေးကို ကြီးစိုးသည့် မိသားစုထိန်းချုပ်သည့် လုပ်ငန်းစုများအနက် အကြီးဆုံးဖြစ်သည်။
.
Samsung Electronics နည်းပညာ မဟာလုပ်ငန်းကြီးက ဧပြီလမှ ဇွန်လအထိ ဒုတိယ ၃ လပတ် လုပ်ငန်းဆောင်ရွက်မှု အမြတ်ငွေသည် ဝမ်၆၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၅၈ သန်း) 
သို့ ၉၅.၇% ကျဆင်းသွားဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။ 
.၂၀၀၉ ခုနှစ်  ပထမသုံးလပတ်တွင် အမြတ်ငွေ ဝမ် ၅၉၀ ရရှိခဲ့ဖူးသည့်နောက်ပိုင်း အနည်းဆုံးအမြတ်ဖြစ်လိမ့်မည် ဟု Samsung ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
.
Samsung ဦးဆောင်သော တောင်ကိုရီးယား ချစ်ပ်ထုတ်လုပ်သည့် ကုမ္ပဏီများသည် မကြာသေးမီနှစ်များအတွင်း စျေးနှုန်းများ တဟုန်ထိုးတက်သွားသဖြင့် အမြတ်အစွန်းများ မကြုံစဖူး မြင့်မြင့်မားမား ရခဲ့ကြသော်လည်း ယခုအခါ ကမ္ဘာ့စီးပွားရေး နှေးကွေးမှုကြောင့် မှတ်ဉာဏ်ချစ်ပ်များ ရောင်းအား ထိခိုက်နေသည်။
.
မှတ်ဉာဏ်ချစ်ပ် အမျိုးအစား တစ်ခုဖြစ်သော DRAM ချစ်ပ်ကို များသောအားဖြင့် တကိုယ်‌ေရသုံးကွန်ပျူတာ နှင့် စမတ်ဖုန်းတို့တွင် သုံးစွဲကြသည်။ ဒုတိယ ၃ လပတ်တွင် ရောင်းအား ၁၃ မှ ၁၈% အထိ ကျဆင်းခဲ့သည်။
ဈေးကွက်ထဲ မရောင်းရ လက်ကျန်များ ကျန်ရှိနေဆဲ ဖြစ်သည်။ 
Source FMT
TO GET INSTANT UPDATE 
https://t.me/Guid4U
Join Telegram Channel 

Investment/Divestment Read 321 times