မြန်မာနိုင်ငံအတွက် သူမတူတဲ့ သင့်တော်ကိုက်ညီမှုအရှိဆုံး နည်းပညာတွေနဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ Samsung ရဲ


30 June, 2023

မြန်မာနိုင်ငံအတွက် သူမတူတဲ့ သင့်တော်ကိုက်ညီမှုအရှိဆုံး နည်းပညာတွေနဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ Samsung ရဲ့ “Built for Myanmar” ထုတ်ကုန်များ

 

ကမ္ဘာတစ်ဝန်းမှာ သုံးစွဲသူပေါင်း သန်းပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီ Samsung Electronics ဟာ မြန်မာနိုင်ငံမှာလည်း ၂၀၁၂ ခုနှစ်ကတည်းကစတင်ပြီး သုံးစွဲသူတွေရဲ့ လူနေမှုစနစ် ပိုမို မြင့်မားလာစေ ဖို့အတွက် ခေတ်မီဆန်းသစ်မှုအရှိဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်မားဆုံး ထုတ်ကုန်တွေနဲ့ နည်းပညာတွေကို စဉ်ဆက်မပြတ် ဖန်တီးပေးအပ်နေပါတယ်။ ဒါတင်မကသေးပါဘူး နိုင်ငံတဝန်းက အခွင့်အလမ်းနည်းပါးတဲ့ ကလေးငယ်တွေနဲ့ လူမှုအသိုင်း အဝန်းတွေ အတွက်လည်း Samsung Love & Care အစီအစဉ်နဲ့အတူ ကူညီမျှဝေမှုတွေကိုလည်း နှစ်စဉ်ပြုလုပ်ပေးနေ ပါသေးတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလမှာတော့ Samsung ဟာ “Built for Myanmar” လို့ အမည်ရတဲ့ Campaign တစ်ခုကို မြန်မာနိုင်ငံမှာ မိတ်ဆက်ခဲ့ပြီး ဒီ Campaign ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံက သုံးစွဲသူတွေနဲ့ ကိုက်ညီမှု အရှိဆုံး နည်းပညာတွေ၊ ထုတ်ကုန်တွေနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကို အရှိန်အဟုန်မြင့် ပေးအပ်သွားနိုင်ဖို့ ဖြစ်ပါတယ်။ Samsung Myanmar အနေနဲ့ လက်ရှိမှာလည်း ဒီ Built for Myanmar Campaign ကနေတဆင့် မြန်မာနိုင်ငံနဲ့ ကိုက်ညီမှုအရှိဆုံး စမတ်ဖုန်း၊ တီဗီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်နဲ့ လေအေးပေးစက် အစရှိတဲ့ နည်းပညာမြင့် ထုတ်ကုန် တွေကို ပေးအပ်နေပါတယ်။

 

ဒီတော့ Samsung အနေနဲ့ သူတို့ရဲ့ Built for Myanmar Campaign ကနေတဆင့် ဘယ်လိုမျိုး အိမ်သုံးလျှပ်စစ် ပစ္စည်းတွေနဲ့ နောက်ဆုံးပေါ် နည်းပညာတွေကို ဖန်တီးပေးအပ်နေတယ်ဆိုတာကို အသေးစိတ် လေ့လာကြည့်ရအောင်။

 

ကမ္ဘာ့နံပါတ်တစ် TV ထုတ်လုပ်ရောင်းချသူအဖြစ် ၁၇ နှစ်ဆက်တိုက် ရပ်တည်နေတဲ့ Samsung ဟာ မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် အသင့်တော်ဆုံး “Built for Myanmar” လုပ်ဆောင်ချက်တွေပါဝင်တဲ့ 4K UHD Smart TV ကို မိတ်ဆက်ပေးထားပြီး သုံးစွဲသူတွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိထားပါတယ်။ Crystal Processor ပါဝင်တဲ့အတွက် အသေးစိတ် ကြည်လင် ပြတ်သားတဲ့ 4K ရုပ်ထွက်စစ်စစ်ကို ပေးစွမ်းနိုင်တဲ့ 4K UHD Smart TV မှာ ရုပ်ထွက်နဲ့ အသံအရည်အသွေးကို ကြည်လင်ပြတ်သားစွာ ထုတ်လုပ်ပေးနိုင်တဲ့ PurColor၊ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို ဖုန်းကနေ TV ပေါ်ကို အလွယ်တကူ ရွှေ့ပြောင်းကြည့်ရှုနိုင်တဲ့ Tap View လုပ်ဆောင်ချက် အစရှိတဲ့ အသင့်တော်ဆုံး နည်းပညာတွေ ပါဝင်ပြီး ၄၃” ကနေ ၇၅” အထိ ကိုယ်နဲ့ အကိုက်ညီဆုံး မျက်နှာပြင် အရွယ်အစားကို ရွေးချယ် ဝယ်ယူသွား နိုင်မှာ ဖြစ်ပါတယ်။

 

 

ဒီ 4K UHD Smart TV က မိသားစုတွေအတွက် ဘယ်လောက်ထိ သင့်တော်မှုရှိလဲဆိုတာနဲ့ ပတ်သက်ပြီး သုံးစွဲသူတစ်ဦး ဖြစ်တဲ့ ကိုခိုင်မြတ်က “ကျွန်တော်က အိမ်သုံးလျှပ်စစ်ပစ္စည်း ဆိုရင် Samsung Brand ကို ပုံမှန်သုံးဖြစ်ပါတယ်။ အဓိကကတော့ Quality ကောင်းတယ်၊ ကြာရှည်လည်းခံတယ်။ အခု နောက်ဆုံးအိမ်မှာ ဝယ်ထားတာကတော့ ပြီးခဲ့တဲ့ ၃ လဝန်းကျင် လောက်က ဝယ်ထားတဲ့ UHD 4K TV ပါ။ ကျွန်တော် ငယ်ငယ်ကတည်းက အဖေတို့က အိမ်မှာ Samsung TV ပဲသုံးဖြစ်တယ်။ ညဖက်ဆို အဖေရယ်၊ အမေရယ်၊ ကျွန်တော်တို့ မောင်နှမတွေရယ် ရုပ်ရှင် ကြည့်နေကြ။ အခု ကျွန်တော် ကိုယ်ပိုင်မိသားစု ရှိလာတော့လည်း မိသားစုဆုံတဲ့အချိန် ညဖက်တွေဆို ရုပ်ရှင်လေးကြည့် ရယ်လိုက်၊ ငိုလိုက်၊ ငြင်းလိုက်ပေါ့။ အခုထိတော့ Samsung TV တွေက သုံးရတာ အဆင်ပြေတယ်။ အဓိကက Samsung TV တွေက တစ်နှစ်ပြီးတစ်နှစ် ပိုပြီး Quality ကောင်းလာတယ်ဗျ။ Remote Control နဲ့ Sound System တွေကအစ နည်းပညာ တွေ အရမ်းမြင့်လာတယ်။” ဆိုပြီး ပြောကြားခဲ့ပါတယ်။

 

Samsung ရဲ့နောက်ထပ် လူကြိုက်အများဆုံး အိမ်သုံးလျှပ်စစ်ပစ္စည်းတစ်မျိုး ဖြစ်တဲ့ “Built for Myanmar“ အမျိုးအစား Two Door Type ရေခဲသေတ္တာ တွေမှာ ဆိုရင်လည်း မီးအားပြတ်ချိန်တိုင်းမှာ အအေးဓာတ်ကို ၁၂ နာရီကြာ ထိန်းသိမ်းပေး ထားမယ့် Cool Pack၊ အစားအသောက်တွေကို ပိုမို လတ်ဆတ်စေတဲ့ All Around Cooling၊ ၅၀% စွမ်းအင်ပိုမို ချွေတာပေးပြီး ဆူညံမှု မရှိတဲ့အပြင် Compressor ကိုပါ နှစ် ၂၀ အထိ အာမခံပေးထားတဲ့ Digital Inverter အစရှိတဲ့ မြန်မာနိုင်ငံနဲ့ ကိုက်ညီမှုအရှိဆုံး လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားတဲ့အတွက် သုံးစွဲသူတွေရဲ့ အားပေးနှစ်သက်မှု ကို ရရှိထားပါတယ်။

 

 

“Samsung ပစ္စည်းတွေက အကြမ်းခံတဲ့အတွက် လိုအပ်တဲ့အချိန်မှာ ပုံမှန်ရွေးချယ်ဝယ်ယူ ဖြစ်ပါတယ်။ ကျွန်မ နောက်ဆုံး လွန်ခဲ့တဲ့ ၄ လလောက်က Samsung 2 Door ရေခဲသေတ္တာ ၂၀၂၂ ‌မော်ဒယ် ဝယ်ထားပါတယ်။ ဆိုင်ကနေပဲ အိမ်အထိ Samsung ဝန်ထမ်းတွေ ကိုယ်တိုင် လာပို့ပေးတယ်၊ လာတပ်ပေးတယ်။ ပါတဲ့ Functions တွေကိုလည်း သေချာရှင်းပြပေးတယ်။ အကြိုက်ဆုံးကတော့ သူ့မှာပါတဲ့ Cool Pack ပဲ။ ကျွန်မက ပုံမှန် တစ်ပတ်ကို ၂ ခေါက်လောက် ပဲ ဈေးသွားနိုင်တာများတယ်။ အဲဒီတော့ အသီးအရွက်တွေ၊ အသားငါးတွေ မပုပ်သိုးဖို့က ရေခဲသေတ္တာ အအေးဓာတ် ပုံမှန်ရှိနေမှ ရတာ။ အခု မီးပျက်တဲ့အချိန်ဆိုလည်း ၁ ရက်လောက် အထိက အအေးဓာတ် ကိုထိန်းပေးထားနိုင်တယ်။ ကျွန်မလည်း သိပ်စိတ်ပူ စရာမလိုတော့ဘူးပေါ့။” ဆိုပြီး Samsung ရဲ့ Built for Myanmar အမျိုးအစား ရေခဲသေတ္တာကို အသုံးပြုနေတဲ့ မလင်းက သူ့ရဲ့အတွေ့အကြုံကို ပြောကြားခဲ့ပါတယ်။

 

ပူနွေးစိုစွတ်တဲ့ မြန်မာနိုင်ငံရဲ့ ရာသီဥတုကြောင့် နေရာတိုင်းမှာ မရှိမဖြစ်ထုတ်ကုန်လို့ ဆိုနိုင်တဲ့ လေအေးပေးစက်ကိုလည်း Samsung Myanmar ကနေ မြန်မာနိုင်ငံနဲ့ ကိုက်ညီမှုအရှိဆုံး “Built for Myanmar” လုပ်ဆောင်ချက်တွေနဲ့ ဖန်တီးထုတ်လုပ်ထားပါတယ်။ သာမန်လေအေးပေးစက်တွေထက် ၄၃% ပိုမိုလျင်မြန်စွာ အေးမြစေတဲ့ Faster Cooling၊ ဖုန်နဲ့အညစ်အကြေးတွေကို စစ်ထုတ်ပေးပြီး အလွယ်တကူ ဖြုတ်တပ်ဆေးကြောနိုင်တဲ့ Easy Filter Plus၊ ၃ နှစ်အထိ အာမခံပေးထားတဲ့ အတွင်းနဲ့ အပြင်ကွိုင် (ကြေးကွိုင်စစ်စစ်)၊ ၅ နှစ်အထိ အာမခံပေးထားတဲ့ Compressor စတာတွေ ပါရှိတဲ့အတွက်ကြောင့် Samsung လေအေးပေးစက် အမျိုးအစားတွေဟာ အခုလက်ရှိ မြန်မာနိုင်ငံ ဈေးကွက်မှာ ‌ရောင်းအား အကောင်းဆုံး အဖြစ် ရပ်တည်နေပါတယ်။

 

Samsung လေအေးပေးစက်တွေရဲ့ Built for Myanmar လုပ်ဆောင်ချက်တွေက သူ့အတွက် ဘယ်လောက်အထိ အဆင်ပြေလဲ ဆိုတာနဲ့ ပတ်သက်ပြီး သုံးစွဲသူတစ်ဦးဖြစ်တဲ့ ကိုညွှန့်အောင်က အခုလို ပြောကြားခဲ့ပါတယ်။ “အခုနောက်ပိုင်း ရာသီဥတုက အရမ်းပူတာ ဆိုတော့ လူကြီးတွေအတွက် အဆင်မပြေဘူးလေ။ အဲတော့ ကျွန်တော်လည်း အဖေနဲ့အမေ အတွက် လေအေးပေးစက် အသစ်တစ်လုံးဝယ်ပေးမယ်ဆိုပြီး သူငယ်ချင်းတွေနဲ့ အသိ Servicing တွေကို လိုက်မေးကြည့်တော့ တော်တော်များများက Samsung ကို Recommend ပေးကြတာနဲ့ ဝယ်ဖြစ်သွားတာ။ အခု ကျွန်တော် ဝယ်လိုက်တာက ၂၀၂၂ ခုနှစ်ထုတ် Inverter Type လေအေးပေးစက်ပါ။ အဓိက ကျွန်တော်သဘောကျတာက သူ့မှာပါတဲ့ Fast Cooling စနစ်က ခဏလေးနဲ့ အခန်းကအေးသွားတယ်။ အဖေနဲ့ အမေလည်း အဲဒါနဲ့ တော်တော် အဆင်ပြေနေတယ်။ ပြီးတော့ သူက Inverter Type ဆိုတော့ မီတာခက အရင်လေအေးပေးစက် ထက်စာရင် တော်တော်လေး သက်သာသွား တယ်။ နောက်ပြီး လူကြီးတွေက အသံဆူရင်မကြိုက်ဘူး။ အခုက Noise Cancellation ပါတော့ အသံမဆူဘူး။ အဲဒီ အချက်တွေက ကျွန်တော့်အတွက် တော်တော် လေးကို အဆင်ပြေပါတယ်။”

 

 

မြန်မာနိုင်ငံက မိသားစုတိုင်းအတွက် နောက်ထပ် မရှိမဖြစ် အိမ်သုံးလျှပ်စစ်ပစ္စည်းတစ်ခုဖြစ်တဲ့ အဝတ်လျှော်စက်တွေကို ကြည့်မယ်ဆိုရင်လည်း Samsung Myanmar အနေနဲ့ စွမ်းအင်သုံးစွဲမှုကို ၆၀% အထိ ပိုမိုသက်သာစေပြီး နှစ် ၂၀ အထိ အာမခံပေးထားတဲ့ Digital Inverter Motor၊ အဝတ်အထည်တွေထဲကို ဆပ်ပြာမှုန့် (၂) ဆခွဲ ပိုမိုမြန်ဆန်စွာ ပျော်ဝင် စေတဲ့ Eco Bubble နဲ့ ဆပ်ပြာမှုန့် ပိုမိုပျော်ဝင်ထိရောက်စေပြီး အစွန်းအထင်းတွေကို အပြည့်အဝ သန့်ရှင်းစင်ကြယ်စေတဲ့ Intensive Wash အစရှိတဲ့ မြန်မာနိုင်ငံနဲ့ ကိုက်ညီမှုအရှိဆုံး လုပ်ဆောင်ချက်တွေကို သူ့ရဲ့ Built for Myanmar အဝတ်လျှော်စက်တွေမှာ ထည့်သွင်း ပေးထားပါတယ်။

 

ဒီ Samsung ရဲ့ Built for Myanmar အဝတ်လျှော်စက်နဲ့ပတ်သက်ပြီးတော့ အသုံးပြုသူတစ်ဦးဖြစ်တဲ့ မခိုင်ခိုင်မြင့်က အခုလို မှတ်ချက်ပြုခဲ့ပါတယ်။ “နောက်ဆုံး ဝယ်ထားတဲ့ ၂၀၂၀ မော်ဒယ် အဝတ်လျှော်စက်က ကျွန်မတို့လို လူကြီး တွေနဲ့ တော်တော် အဆင်ပြေတယ်။ Functions တွေက လိုအပ်တာတွေ အကုန်ပါတဲ့ အပြင် သုံးရတာ လည်း ရိုးရိုးရှင်းရှင်းနဲ့ လွယ်တယ်။ ခါတိုင်းလို သားသမီး တွေကို ဟိုမေး ဒီမေး လုပ်စရာ မလိုတော့ဘူး။ မီတာခလည်း တော်‌တော်လေး သက်သာသွားတယ်။ နောက်တစ်ခု သဘော ကျတာက Samsung ရဲ့ Service။ သွားဝယ်တုန်းကလည်း ဆိုင်က ဝန်ထမ်းတွေက သေချာလေး ရှင်းပြပေးတယ်။ လိုအပ်ရင် အိမ်အထိပါ ပစ္စည်းတွေ ကို လာပို့ပြီး တစ်ခါ တည်းတပ်ပေးသွားတယ်။Samsung ပစ္စည်းတွေက ကျွန်မ အတွက်တော့ စိတ်ကျေနပ်စေတာ များပါတယ်။”

 

 

အခုလို မြန်မာနိုင်ငံနဲ့ သင့်တော်ကိုက်ညီမှုအရှိဆုံး နည်းပညာတွေပါရှိတဲ့ Built for Myanmar ထုတ်ကုန်တွေအတွက် နောက်ဆုံးပေါ် ၂၀၂၃ ခုနှစ် မော်ဒယ်သစ်တွေကိုလည်း Samsung Myanmar ကနေ မကြာသေးခင်က မိတ်ဆက်ခဲ့ပြီး

 

-         ၂၀၂၃ ခုနှစ် Built for Myanmar TV ‌မော်ဒယ်သစ် “CU7000” Series ကို မြန်မာငွေကျပ် ၈၉၃,၀၀၀ ကစတင်ပြီး

-         ၂၀၂၃ ခုနှစ် Built for Myanmar ရေခဲသေတ္တာ Cool Pack မော်ဒယ်သစ်များကို မြန်မာငွေကျပ် ၉၈၄,၀၀၀ က စတင်ပြီး

-         ၂၀၂၃ ခုနှစ် Built for Myanmar အဝတ်လျှော်စက် Top Load မော်ဒယ်သစ်များကို မြန်မာငွေကျပ် ၆၇၀,၀၀၀ က စတင်ပြီး

-         ၂၀၂၃ ခုနှစ် Built for Myanmar လေအေးပေးစက် မော်ဒယ်သစ်များကို မြန်မာငွေကျပ် ၇၉၄,၀၀၀ က စတင်ပြီး

 

နိုင်ငံတစ်ဝန်းမှာရှိတဲ့ အရောင်းဆိုင်ကြီးတွေမှာ အသီးသီးဝယ်ယူသွားနိုင်မှာပါ။ ဒါ့အပြင် အခုလက်ရှိမှာလည်း Samsung Myanmar ကနေ မိုးရာသီ Built for Myanmar ပရိုးမိုးရှင်းအစီအစဉ်ကို ဇွန်လ ၂၃ ရက်နေ့ကနေ ဇူလိုင်လ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်နေပြီး ဒီကာလအတွင်းမှာ Samsung ရဲ့ Built for Myanmar TV၊ ရေခဲသေတ္တာ နဲ့ အဝတ်လျှော်စက်တွေကို ဝယ်ယူသူများအနေနဲ့ Cashback ‌ငွေသားလက်ဆောင် ၃၀,၀၀၀ ကျပ်ကနေ ၄၀၀,၀၀၀ ကျပ် အထိ ပြန်လည်ရရှိသွားနိုင်မှာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ Samsung Myanmar ရဲ့

Facebook စာမျက်နှာ  မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

Samsung Myanmar အနေနဲ့ လက်ရှိ မြန်မာနိုင်ငံတစ်ဝန်း တိုင်းနှင့်ပြည်နယ်အသီးသီးမှာ အမှတ်တံဆိပ် အရောင်းဆိုင်‌ ပေါင်း (၃၂) ဆိုင်‌နဲ့ Service Center ပေါင်း (၂၂) ဆိုင်ကို ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံအတွက် ကိုက်ညီမှုအရှိဆုံး နောက်ဆုံးပေါ် ထုတ်ကုန်တွေနဲ့ နည်းပညာတွေကို ဖန်တီး ပေးအပ်နေတဲ့အပြင် သူမတူတဲ့ In Home Service နဲ့ After Sale Service အစရှိတဲ့ လျင်မြန်စိတ်ချရတဲ့ ဝန်ဆောင်မှုတွေကို လည်း သုံးစွဲသူတွေ စိတ်တိုင်းကျဖြစ်စေဖို့ အကောင်းဆုံး ပေးအပ်နေပါတယ်။ Samsung ရဲ့  Built for Myanmar ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိချင်တယ် ဆိုရင် Samsung Myanmar ရဲ့ တရားဝင် Facebook စာမျက်နှာ နဲ့  Website   

 

Tips Read 1452 times