လျှပ်စစ်ဓာတ်အား အသုံးပြုမှု သိသိသာသာ သက်သာစေမည့် Samsung လေအေးပေးစက်များအား ဝယ်ယူအားပေးရင်း ငွေသားလက


29 March, 2023

 

လျှပ်စစ်ဓာတ်အား အသုံးပြုမှု သိသိသာသာ သက်သာစေမည့် Samsung လေအေးပေးစက်များအား ဝယ်ယူအားပေးရင်း ငွေသားလက်ဆောင် ၇၀,၀၀၀ ကျပ်အထိ ပြန်လည်ရရှိနိုင်မည့် ‘Beat the Heat’ ပရိုမိုးရှင်း

 

ပူပြင်းလှသော နွေရာသီကာလတစ်လျှောက် အေးမြလန်းဆန်းစွာ ဖြတ်ကျော်နိုင်စေရန်အတွက် မြန်မာနိုင်ငံနှင့် ကိုက်ညီသင့်တော်မှု အရှိဆုံးသော လေအေးပေးစက် အမျိုးအစားများအား ဝယ်ယူအားပေးရင်း ငွေသားလက်ဆောင် ၇၀,၀၀၀ ကျပ် အထိ ပြန်လည်ရရှိသွားနိုင်မည့် ‘Beat the Heat’ ပရိုမိုးရှင်း အစီအစဉ်အား Samsung Myanmar မှ ကျင်းပ ပြုလုပ်ပေးလျက် ရှိသည်။

 

မတ်လ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ကျင်းပပေးလျက်ရှိသည့် အဆိုပါ ‘Beat the Heat’ ပရိုမိုးရှင်း ကာလ တစ်လျှောက်တွင် Samsung ချစ်သူများအနေနှင့်

 

-         WindFree အမျိုးအစား (1 HP, 1.5 HP နှင့် 2 HP) လေအေးပေးစက်များအား ဝယ်ယူအားပေးပါက ၇၀,၀၀၀ ကျပ် ငွေသားလက်ဆောင်

-         Inverter အမျိုးအစား (1 HP, 1.5 HP, 2 HP နှင့် 2.5 HP) လေအေးပေးစက်များအား ဝယ်ယူအားပေးပါက ၅၀,၀၀၀ ကျပ် ငွေသားလက်ဆောင်

-         Non-Inverter အမျိုးအစား (1 HP, 1.5 HP နှင့် 2 HP) လေအေးပေးစက်များအား ဝယ်ယူအားပေးပါက ၃၀,၀၀၀ ကျပ် ငွေသား လက်ဆောင်

များအား အသီးသီး ပြန်လည်ရရှိသွားမည် ဖြစ်သည်။ ထို့အပြင် အထက်ပါ လေအေးပေးစက် အမျိုးအစား အားလုံး အတွက် အထူး Compressor အာမခံ (WindFree နှင့် Inverter အမျိုးအစားများအတွက် ၁၀ နှစ်အထိ၊ Non - Inverter အမျိုးအစားအတွက် ၅ နှစ်အထိ) နှင့် Indoor / Outdoor Coil များအတွက် အာမခံကို ၃ နှစ်အထိ ကိုလည်း Samsung Myanmar မှပေးအပ်လျက် ရှိသည်။ အသေးစိတ်အား

ဤနေရာတွင် ဝင်‌ရောက်ကြည့်ရှု နိုင်ပါသည်။

 

Samsung Myanmar သည် လေအေးပေးစက်များတွင်သာမက အဝတ်လျှော်စက်၊ တီဗီနှင့် ရေခဲသေတ္တာများ တွင်လည်း မြန်မာနိုင်ငံ အတွက် ကိုက်ညီမှုအရှိဆုံး ထုတ်ကုန်များနှင့် နောက်ဆုံးပေါ် နည်းပညာများအား “Built for Myanmar” ဟူသော ခေါင်းစဉ်အောက်မှ တဆင့် စဉ်ဆက်မပြတ် ထည့်သွင်း တည်ဆောက်ပေးလျက် ရှိသည်။

 

“Beat the Heat” ပရိုမိုးရှင်း အစီအစဉ် အသေးစိတ်အား Samsung မြန်မာ၏ တရားဝင်  Facebook စာမျက်နှာနှင့် နိုင်ငံတစ်ဝှမ်းရှိ နီးစပ်ရာ Samsung Showroom များတွင်လည်း သွားရောက် ကြည့်ရှုမေးမြန်း နိုင်မည် ဖြစ်သည်။

 

လေအေးတိုက်ရိုက် ထိတွေ့မှုမရှိ‌စေပဲ သက်တောင့်သက်သာအေးမြစေပြီး အထိရောက်ဆုံး စွမ်းအင်ချွေတာပေးနိုင်မည့် Windfree အမျိုးအစား လေအေးပေးစက်

 

Samsung ၏ Windfree အမျိုးအစား လေအေးပေးစက်များတွင် လေအေးထွက်ပေါက် (Micro Air Hole) ပေါင်း ၂၃,၀၀၀ ပါရှိသည့်အတွက် Direct Cooling လေအေးပေးစက်များကဲ့သို့ လေအေးတိုက်ရိုက်ထိတွေ့မှုမရှိစေပဲ အခန်းတစ်ခုလုံးအား မျှတသော အအေးဓာတ် ရရှိစေမည် ဖြစ်သည်။ ခန့်ညားလှပသော ဒီဇိုင်းနှင့် Windfree လေအေးပေးစက်များတွင် Digital Inverter Boost နည်းပညာ ပါရှိသည့်အတွက် ၄၃% အထိ ပိုမိုအေးမြစေမည် ဖြစ်သည့် အပြင် Eco Mode သို့ပြောင်းလဲ အသုံးပြုပါကလည်း စွမ်းအင် အသုံးပြုမှုကို ၇၇% အထိ ချွေတာ ပေးသွားနိုင်မည် ဖြစ်သည့်အတွက် ဓာတ်အားခကျသင့်မှုပမာဏကိုလည်း သိသိ သာသာ လျော့နည်း သွားစေမည် ဖြစ်သည် (1 HP အမျိုးအစားသည် တစ်လလျှင် လျှပ်စစ်မီတာခ ၁၂,၀၀၀ ကျပ်ခန့်၊ 1.5 HP အမျိုးအစားသည် တစ်လလျှင် လျှပ်စစ်မီတာခ ၂၇,၀၀၀ ကျပ်ခန့်သက်သာနိုင်သည်)။ အလားတူပင် Windfree အမျိုးအစား လေအေးပေးစက်များတွင် Easy Filter Plus လုပ်ဆောင်ချက် ပါရှိသည့်အတွက် ‌ဖုန်မှုန့်၊ အညစ်အကြေး၊ တိရစ္ဆာန် အမွှေးအမျှင်များ စသည်တို့ကို အလွယ်တကူ စစ်ထုတ်ပေးနိုင်မည် ဖြစ်သည့်အတွက် ကျန်းမာရေးနှင့်ညီညွှတ်၍ အေးမြသော လေအားကို ရရှိစေမည် ဖြစ်သည်။

 

Eco System နှင့်အတူ ၇၃% အထိ စွမ်းအင်ချွေတာပေးနိုင်မည့် Inverter အမျိုးအစား လေအေးပေးစက်

Samsung ၏ Inverter အမျိုးအစား လေအေးပေးစက်များတွင် Digital Inverter Boost နည်းပညာ ပါရှိသည့် အတွက် အအေးဓာတ်ကို ၄၃% အထိ ပိုမိုမြန်ဆန်စွာ အေးမြစေမည် ဖြစ်ပြီး စွမ်းအင်အသုံးပြုမှုကိုလည်း ၇၃% အထိလျှော့ချပေးနိုင်မည် ဖြစ်သည် (1 HP အမျိုးအစားသည် တစ်လလျှင် လျှပ်စစ်မီတာခ ၁၂,၀၀၀ ကျပ်ခန့်၊ 1.5 HP အမျိုးအစားသည် တစ်လလျှင် လျှပ်စစ်မီတာခ ၂၇,၀၀၀ ကျပ်ခန့်သက်သာနိုင်သည်)။ ထို့အပြင် AI Auto Cooling နည်းပညာ ပါရှိသည့် အတွက် အခန်းအခြေအနေ၊ အသုံးပြုမှုနှင့် ရရှိလို‌သော အအေးဓာတ်အပေါ်မူတည်၍ အသင့်တော်ဆုံး Mode အား အလိုအလျောက် ပြောင်းလဲ ချိန်ညှိပေးသွားမည် ဖြစ်သည်။ Inverter အမျိုးအစား လေအေးပေးစက်များတွင် Auto Clean နည်းပညာ ပါရှိသည့် အတွက် ရပ်နားထားသည့်အချိန်တွင် ဖုန်မှုန့်နှင့် အစိုဓာတ်များအား အလိုအလျောက် သန့်ရှင်းပေးသွားမည် ဖြစ်သည်။

 

Fast Cooling စနစ်ဖြင့် ပုံမှန်ထက် လျှင်မြန်စွာ အေးမြစေမည့် Non-Inverter အမျိုးအစား လေအေးပေးစက်

Non-Inverter အမျိုးအစားလေအေးပေးစက်များတွင် Fast Cooling စနစ်ပါရှိသည့်အတွက် အအေးဓာတ်အား ပုံမှန်ထက် ပိုမိုလျှင်မြန်စွာ ရရှိစေမည်ဖြစ်သည်။ ထို့အပြင် HD Filter စနစ်အား အသုံးပြုထားသည့်အတွက် ဖုန်မှုန့်များ၊ အညစ်အကြေးများနှင့် တိရစ္ဆာန် အမွှေးအမျှင်များကိုလည်း အလွယ်တကူ စစ်ထုတ်ပေးသွားနိုင်မည် ဖြစ်သည့်အပြင် Filter အားအလွယ်တကူ ဖြုတ်၍ ဆေးကြောနိုင်မည် ဖြစ်သည့်အတွက် သန့်စင်မှုအရှိဆုံး အအေးဓာတ်ကို ရရှိစေမည် ဖြစ်သည်။ အလားတူပင် 2 - Way Auto Swing စနစ်ပါရှိသည့်အတွက် အအေးဓာတ်အား အခန်းတစ်ခုလုံးသို့ မျှမျှ တတ ရောက်ရှိစေ‌ရန် ကူညီပေးသွားနိုင်မည် ဖြစ်သည်။

 

ထို့အပြင် အထက်ပါ လေအေးပေးစက်အမျိုးအစား အားလုံးတွင် Good Sleep Mode ပါရှိသည့်အတွက် အိပ်စက် အနားယူနေသည့်အချိန်များတွင် ရာသီဥတု အခြေအနေနှင့် အခန်းတွင်း အပူချိန်အတက်အကျအပေါ် မူတည်၍ အအေး ဓာတ်အား အလိုအလျောက် ချိန်ညှိပေးမည် ဖြစ်သည့်အတွက် အအေးဓာတ်လွန်ကဲခြင်းမဖြစ်စေပဲ နှစ်ခြိုက်စွာအိပ်စက် အနားယူနိုင်မည် ဖြစ်သည်။

 

 

 

 

Samsung Electronics Co., Ltd. အကြောင်း

Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန်  နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက် များကို သိရှိနိုင်ရန် အတွက်

 https://news.samsung.com/global/

သို့မဟုတ် မြန်မာဘာသာဖြင့်

https://www.samsung.com/mm/

 တွင် ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်သည်။

 

မြန်မာနိုင်ငံဈေးကွက်သို့ စတင်ဝင်ရောက်လာသည့် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှစ၍ Samsung Myanmar သည် သုံးစွဲသူများ၏ လူနေမှုစနစ် ပိုမိုမြင့်မားလာစေရန်အတွက် ခေတ်မီဆန်းသစ်မှုအရှိဆုံးနှင့် စွမ်းဆောင်ရည်မြင့်မားသော ထုတ်ကုန်များနှင့် နည်းပညာများအား စဉ်ဆက်မပြတ်ပေးအပ်လျက်ရှိသည်။ လက်ရှိတွင် Samsung Myanmar သည် မြန်မာနိုင်ငံတဝန်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အမှတ်တံဆိပ် အရောင်းဆိုင်‌ပေါင်း (၃၂) ဆိုင်‌ နှင့် Service Center ပေါင်း (၂၂) ဆိုင်‌ တို့မှတဆင့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား  ပေးအပ်လျက်ရှိသည့်အပြင် တစ်ချိန်တည်းမှာပင် မြန်မာပြည်သူလူထု အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်းများစွာကိုလည်း ဖန်းတီးပေးအပ်လျက်ရှိသည်။

 

...

Local News Read 306 times