ရုရှားက ဂျပန်ကုမ္ပဏီများကို  Sakhalin စီမံကိန်း  အမြတ်ဝေစု တရုတ်ယွမ်ဖြင့် ပေးအပ်


24 June, 2023

ရုရှားက ဂျပန်ကုမ္ပဏီများကို  Sakhalin စီမံကိန်း  အမြတ်ဝေစု တရုတ်ယွမ်ဖြင့် ပေးအပ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်သည့်အတွက် ငွေကြေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားကို ဒေါ်လာငွေပေးချေမှုကွန်ရက်မှ ဖယ်ထုတ်ထားသဖြင့် ယခုအခါ ယွမ်ငွေသည် ဒေါ်လာနှင့် အစားထိုးမှုတစ်ခုအဖြစ် ‌နေရာယူလာနေပြီဖြစ်သည်။

ရုရှားသည် စခလင် Sakhalin ရေနံနှင့် သဘာဝဓာတ်ငွေ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများမှ အမြတ်ဝေစုများကို တရုတ်ယွမ်ဖြင့် ပေးဆောင်ခဲ့သည်ဟု Nikkei Asia  သတင်းမီဒီယာက ဖော်ပြသည်။

ရုရှားအစိုးရသည် နိုင်ငံ၏အရှေ့ဖျားတွင်ရှိသော စီမံကိန်းများတွင် ၎င်း၏အကျိုးစီးပွားများကို စီမံခန့်ခွဲရန် ကုမ္ပဏီအသစ်များကို တည်ထောင်ခဲ့ပြီးသည့်နောက်တွင် အမြတ်ဝေစုငွေပေးချေမှုနည်းလမ်းများကို ပြောင်းလဲမည်ဟု ပြောကြားခဲ့သော်လည်း မည်သည့်ငွေကြေးကို အသုံးပြုမည်ကို အသိမပေးခဲ့ပါ။  

ပိတ်ဆို့အရေးယူမှု မပြုလုပ်မီက စခလင်စီမံကိန်းမှ အမြတ်ဝေစုများကို စင်ကာပူရှိ ဘဏ်အကောင့်တစ်ခုမှတစ်ဆင့် တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ကန်ဒေါ်လာဖြင့် လွှဲပြောင်းပေးခဲ့သည်။
ယခုအခါ ပိတ်ဆို့အရေးယူထားသဖြင့် ကန်ဒေါ်လာဖြင့် ပေးချေရန် ငွေလွှဲခွင့် မရရှိတော့ချေ။ 
 ရုရှားနှင့် ဆက်နွှယ်သော ဒေါ်လာငွေလွှဲပြောင်းမှုများ ပြုလုပ်ရန် ငွေကြေးအဖွဲ့အစည်းများသည် တွန့်ဆုတ်နေကြပါသည်။

 ယခုနှစ်အစောပိုင်းတွင် ရုရှားအဖွဲ့အစည်းများသည် Sakhalin စီမံကိန်းများမှ အမြတ်ဝေစုများပေးဆောင်ရန် ငွေလွှဲလမ်းကြောင်းအသစ်ကို ဖန်တီးခဲ့သည်။

မကြာသေးမီက ရုရှားအဖွဲ့အစည်းများသည် စီမံကိန်းများတွင် အစုရှယ်ယာရှိသည့် ဂျပန်ကုန်သွယ်မှု ကုမ္ပဏီများအား အမြတ်ဝေစုများပေးရန် ယွမ်ကို အသုံးပြုခဲ့သည်။
ငွေလွှဲကိစ္စရပ်ကို နိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ Gazprom ၏ လုပ်ငန်းခွဲဖြစ်သော Gazprombank မှ ကိုင်တွယ်ခဲ့သည်ဟု ယူဆရသည်။

စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ဂျပန်ကုန်သွယ်ကုမ္ပဏီများက အစုရှယ်ယာများ ပိုင်ဆိုင်ထားသည့် ဂျပန်နိုင်ငံမှ  Sakhalin Oil and Gas Development Co သည် Sakhalin 1 တွင် ၃၀% ပိုင်ဆိုင်သည်။
Sakhalin 2တွင် ဂျပန်ကုမ္ပဏီများ ဖြစ်ကြသည့် Mitsui & Co. သည် အစုရှယ်ယာ ၁၂.၅ % နှင့် Mitsubishi Corp. ၁၀% ပိုင်ဆိုင်သည်။

အမေရိကန်နှင့် ဥရောပ လုပ်ဖော်ကိုင်ဖက်များက စီမံကိန်းမှ နုတ်ထွက်ခဲ့ပြီးနောက်တွင် ဂျပန်ကုမ္ပဏီများသည် ၎င်းတို့၏ ရှယ်ယာများကို ဆက်လက် ထည့်ဝင်ထားကြသည်။

ယွမ်သည် နယ်စပ်ဖြတ်ကျော်ငွေလွှဲသည့်အခါ အကန့်အသတ် အချို့ ရှိနေခြင်းကြောင့် ဂျပန်ငွေလက်ခံသူများအတွက် နှစ်သက်ဖွယ်ငွေကြေးမဟုတ်ပါ။
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Banking & Loan Read 365 times