မြန်မာနှင့် တရုတ်အကြား RCEP သဘောတူညီချက်အရကုန်ပစ္စည်း ၅၉၀၀ ကျော် အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို


07 May, 2022

မြန်မာနှင့် တရုတ်အကြား RCEP သဘောတူညီချက်အရကုန်ပစ္စည်း ၅၉၀၀ ကျော် အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်

မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား RCEP သဘောတူညီချက်အရ ကုန်ပစ္စည်းအမယ် ၅,၉၀၀ ကျော်ကို အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်မည့် အခွင့်အရေးရရှိမည်ဖြစ်ကြောင်း သိရသည်။

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူ စာချုပ် (RCEP) သည် ၂၀၂၂ ခုနှစ် မေ ၁ ရက်တွင် စတင် အသက်ဝင်၍ ကုန်ပစ္စည်းအမယ် ၅၉၆၉ မျိုးကို ယင်းသဘောတူ စာချုပ်အရ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ထုတ်ယူနိုင်သည့် အကျိုး ကျေးဇူးရရှိမည်ဖြစ်သည်။
ကုန်ပစ္စည်းအမယ် ၅၉၆၉ မျိုးတို့တွင်
တိရစ္ဆာန်ထွက်ကုန်ပစ္စည်း ၃၆၈ မျိုး၊ 
စိုက်ပျိုးရေး ထွက်ကုန် ပစ္စည်း ၃၈၉ မျိုး၊ 
ဆီထွက်ကုန်ပစ္စည်း ၁၀ မျိုးအစားအစာနှင့် စပ်လျဉ်းသည့် ကုန်ပစ္စည်း ၁၆၃ မျိုး၊ 
တွင်းထွက်ကုန်ပစ္စည်း ၁၈၁ မျိုး၊ 
ဓာတုထွက်ကုန်နှင့် လုပ်ငန်းသုံးကုန်ပစ္စည်း ၁၁၂၇ မျိုး၊ 
ပလတ်စတစ်ပစ္စည်း ၁၂၅ မျိုး၊
သားရေထည်ပစ္စည်း ၆၇ မျိုး၊ 
သစ်တောထွက် ပစ္စည်း ၂၃၄ မျိုး၊ 
အထည်အလိပ်နှင့် စပ်လျဉ်းသည့် ကုန်ပစ္စည်း ၉၀၃ မျိုး၊ 
ဖိနပ်၊ ထီးအပါအဝင် ပစ္စည်းမျိုးစုံ ၂၉ မျိုး၊ 
ဘိလပ်မြေနှင့် ဘိလပ်မြေထွက်ပစ္စည်းများ၊ 
မှန်နှင့်မှန်ပစ္စည်း ၁၄၆ မျိုး၊ 
ပုလဲနှင့် အဖိုးတန်ကျောက်မျက်ပစ္စည်း ၆၂ မျိုး၊ 
သတ္တုနှင့် သတ္တု အခြေခံပစ္စည်း ၅၅၄ မျိုး၊ 
စက်နှင့် စက်ပစ္စည်းအစိတ်အပိုင်း ၁၀၅၈ မျိုး၊ 
မော်တော်ကား၊ လေယာဉ်၊ သင်္ဘောနှင့် သယ်ယူပို့ဆောင်ရေး အစိတ်အပိုင်းများ ၂၄ မျိုး၊
ဆေးပစ္စည်း၊ ရုပ်ရှင်လုပ်ငန်း သုံးပစ္စည်းနှင့် တူရိယာပစ္စည်း ၂၄၀ မျိုး
 တို့ ပါဝင်ကြောင်း သိရသည်။
 

Export, Import Read 390 times