ထိုင်း PTTEP နှင့် မ‌ေလးရှား Petronas  ရဲတံခွန် ဓာတ်ငွေ့သိုက်မှ နုတ်ထွက်


30 April, 2022

ထိုင်း PTTEP နှင့် မ‌ေလးရှား Petronas  ရဲတံခွန် ဓာတ်ငွေ့သိုက်မှ နုတ်ထွက်


ထိုင်းနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းစုကြီး  PTTEP နှင့် မလေးရှားနိုင်ငံမှ Petronas တို့သည် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ နုတ်ထွက်ကြောင်း သောကြာနေ့က ကြေညာခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း Chevron နှင့်  TotalEnergies အပါအဝင် ကမ္ဘာ့စွမ်းအင် လုပ်ငန်းများ တသီတတန်း ထွက်ခွာခဲ့ကြရာ ယခု  PTTEP နှင့်  Petronas တို့လည်း နဒတ်ထွက်လိုက်ကြခြင်း ဖြစ်သည်။ 

နုတ်ထွက်မှုသည် ထိုင်းနိုင်ငံအတွက် စွမ်းအင်လုံဖူလုံရေးကို ပံ့ပိုးပေးသည့် စီမံကိန်းများကို ပြန်လည်အာရုံစိုက်ရန် ကုမ္ပဏီ၏ ပိုင်ဆိုင်လုပ်ကိုင်မှု အစုစုစီမံခန့်ခွဲမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဧပြီလ ၂၉ ရက် သောကြာနေ့တွင် ထုတ်ပြန်သော PTTEP ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

PTTEP ပိုင်ဆိုင်သော အစုရှယ်ယာများကို ကျန်ရှိသည့် ရှယ်ယာပိုင်ရှင်များအကြား ပြန်လည်ဖြန့်ဝေမည်ဖြစ်ပြီး တန်ဖိုး တစ်စုံတစ်ရာ သတ်မှတ်ခြင်း မရှိဟု PTTEP က ပြောကြားသည်။ သက်ဆိုင်ရာ အာဏာပိုင်တို့ထံမှ အတည်ပြု ခွင့်ပြုချက် ရရှိသည့်နေ့ရက်တွင် စတင်သက်ရောက်မည် ဖြစ်သည်။

 

စီမံကိန်းတွင် ၂၀၀၃ ခုနှစ်ကတည်းက ပါဝင်ခဲ့သော  Petronas က သောကြာနေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ရဲတံခွန်ဓာတ်ငွေ့သိုက်မှ  M12, M13 နှင့် M14 လုပ်ကွက်များမှ နုတ်ထွက်မည်ဖြစ်ကြောင်း အသိပေးထားသည်။

 

ရဲတံခွန် စီမံကိန်းတွင် PTTEP International Ltd က ၁၉.၃ ပိုင်ဆိုင်သည်။

မလေးရှား နိုင်ငံပိုင်လုပ်ငန်း Petronas ၏ လက်အောက်ခံ လုပ်ငန်း နှစ်ခု ဖြစ်သည့် PETRONAS Carigali Myanmar Inc (PCMI) နှင့် PC Myanmar (Hong Kong) Ltd နှင့်  တို့သည် ရဲတံခွန်တွင် ၂၀၀၃ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့ပြီး အစုရှယ်ယာ ၄၀.၉% ပိုင်ဆိုင်သည်။

နိုင်ငံပိုင်လုပ်ငန်း Myanmar Oil and Gas Enterprise MOGE က ၂၀.၅%  ပိုင်ဆိုင်သည်။

 ဂျပန်နိုင်ငံမှ ရေနံသန့်စင်ချက်လုပ်ရေး လုပ်ငန်းကြီး Eneos Holdings ၏ လက်အောက်ခံလုပ်ငန်း JX Nippon Oil & Gas Exploration က ၁၉.၃% ဝေစု ပိုင်ဆိုင်သည်။  
မတ်လတွင် Eneos က စီမံကိန်းမှ နုတ်ထွက်မည် ဖြစ်ကြောင်း ကြေညာခဲ့ပြီ'ပြီ ဖြစ်သည်။ 

ဂျပန်မှ Mitsubishi Corp က သွယ်ဝိုက်ပိုင်ဆိုင်သည့် ရှယ်ယာအနည်းစုကို ဖေဖော်ဝါရီလက ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းခဲ့သည်။

Energy News Read 7450 times