ထိုင်းစွမ်းအင်လုပ်ငန်းကြီး PTTEP မလေးရှားနှင့် အရှေ့အလယ်ပိုင်းဒေသသို့ ချဲ့ထွင်


07 November, 2023

ထိုင်းစွမ်းအင်လုပ်ငန်းကြီး PTTEP မလေးရှားနှင့် အရှေ့အလယ်ပိုင်းဒေသသို့ ချဲ့ထွင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်  PTT Exploration and Production (PTTEP) သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပြည်တွင်းထုတ်လုပ်မှုများတွင် ကုန်ခမ်းလာနေသဖြင့် အစားထိုးဖြည့်တင်းပေးနိုင်ရန် မလေးရှားနှင့် အရှေ့အလယ်ပိုင်းဒေသသို့ ချဲ့ထွင် လုပ်ကိုင်သွားမည် ဖြစ်သည်။

စွမ်းအင် ဆန်းစစ်မှုအရ နိုင်ငံတွင်းမှ ထွက်ရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့များ လျော့ကျသွားလိမ့်မည်ဖြစ်ပြီး တဆယ်နှစ်အတွင်း ကုန်ခမ်းသွားနိုင်သည်ဟု ခန့်မှန်းထားသည်။
သို့ဖြစ်ရာ ပြည်တွင်း လိုအပ်ချက်ကို ဖြည့်တင်းရန် သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) ကို ပြည်ပမှ တိုးမြှင့်တင်သွင်းရမည် ဖြစ်သည်ဟု PTTEP ၏ ဘဏ္ဍာရေးနှင့် ငွေစာရင်းဆိုင်ရာ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Sumrid Sumneing က ပြောကြားသည်။

ပြီးခဲ့သည့်နှစ်က ထိုင်းပင်လယ်ကွေ့ရှိ အီရာဝမ် ဓာတ်ငွေ့သိုက်မှ ထုတ်လုပ်မှု လျော့ကျသဖြင့် ပြည်တွင်းဓာတ်ငွေ့ လိုအပ်ချက်အတွက် ပြည်ပမှ တင်သွင်းခဲ့ရာ ရုရှား-ယူကရိန်းစစ်ပွဲကြောင့် LNG ဈေးနှုန်းများ တဟုန်ထိုးတက်နေချိန်နှင့် တိုက်ဆိုင်သဖြင့် ကုန်ကျစရိတ် မြင့်မားခဲ့သည်။

ထိုင်းနိုင်ငံသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် အသုံးပြုသည့် လောင်စာဆီ၏ ၆၀ ရာခိုင်နှုန်းခန့်ကို ဓာတ်ငွေ့အပေါ်တွင် မှီခိုနေရသည်။ သို့ဖြစ်ရာ ဈေးနှုန်းမြင့်မားနေသည့် ဓာတ်ငွေ့ကို တင်သွင်းပြီး အသုံးပြုရသည့်အတွက်  ကုန်ကျစရိတ် ကြီးမားနေသဖြင့် မီတာခများ ဈေးနှုန်း မြင့်တက်သည်။

နိုင်ငံတွင်း ဓာတ်ငွေ့ပမာဏ ကျဆင်းလာဖွယ်ရှိသဖြင့် PTTEP သည် မလေးရှားနှင့် အရှေ့အလယ်ပိုင်းရှိ ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေး စီမံကိန်းများကို စူးစိုက်ရန် စီစဉ်နေကြောင်း Mr Sumrid က ပြောကြားသည်။

အဆိုပါ လုပ်ဆောင်ချက်သည် ထိုင်းနိုင်ငံ စွမ်းအင်ဖူလုံရေးကို သေချာစေပြီး ကုမ္ပဏီအတွက် စီးပွားရေးအခွင့်အလမ်းသစ်များ ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

PTTEP ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရောင်းချမှု စုစုပေါင်း ပမာဏတွင် 
• ပြည်တွင်းရင်းမြစ်များမှ ၆၇%
• အရှေ့အလယ်ပိုင်းဒေသမှ ၁၁%
• မလေးရှားမှ ၁၀%
• မြန်မာမှ ၉% 
ပါဝင်သည်။
ကျန်သည့် ရာခိုက်နှုန်းကို အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် အယ်လ်ဂျီးရီးယား ၃ နိုင်ငံထံမှ ရယူသည်။

မလေးရှားရှိ ကုမ္ပဏီ၏ ဓာတ်ငွေ့တွင်းသစ်မှာ Sarawak ကမ်းလွန်တွင် တည်ရှိသော SK410B ၏ Lang Lebah ဖြစ်သည်။ ၂၀၂၈ ခုနှစ် ပထမနှစ်ဝက်တွင် ဓာတ်ငွေ့ ထုတ်လုပ်မှု စတင်ရန် မျှော်မှန်းထားသည်။
မလေးရှားရှိ အခြားတူးဖော်နေသည့် နေရာများဖြစ်သည့် SK314A၊ SK438၊ SK417၊ PM407 နှင့် PM415 တို့သည် ရှာဖွေရေးအဆင့်တွင် ရှိနေပါသည်။
 PTTEP သည် အုိမန် နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့တွင်လည်း ရေနံထုတ်လုပ်သည့် လုပ်ငန်းကို လုပ်ကိုင်ပါသည်။

Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 274 times