ထိုင်းရေနံကုမ္ပဏီ PTTEP မြန်မာ့ဓာတ်ငွေ့တွင်း စာချုပ်သက်တမ်းတိုးဖွယ်ရှိ


03 October, 2023

ထိုင်းရေနံကုမ္ပဏီ PTTEP မြန်မာ့ဓာတ်ငွေ့တွင်း စာချုပ်သက်တမ်းတိုးဖွယ်ရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ထိုင်းရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီး PTT တူးဖော်ထုတ်လုပ်ရေး (PTTEP) သည် အိမ်နီးချင်း မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့သုိက်နှစ်ခုအတွက် ၎င်း၏ စာချုပ်များကို သက်တမ်းတိုးဖွယ်ရှိသည်ဟု အမှုဆောင်ချုပ်က အောက်တိုဘာလ ၂ ရက်တွင် ပြောကြားသည်။

 PTTEP သည် ထိုင်းနိုင်ငံတွင် ကမ်းလှမ်းထားသည့် လုပ်ကွက် သုံးခုအနက် နှစ်ခုကို လေလံဆွဲပြီး ၎င်းတို့ထံမှ ဓာတ်ငွေ့ကို နှစ်နှစ်အတွင်း ထုတ်လုပ်ရန် မျှော်လင့်ထားကြောင်း Montri Rawanchaikul က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။


ထိုင်းနိုင်ငံသည် ၎င်း၏ အီရာဝမ် ဓာတ်ငွေ့သိုက်တွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကျဆင်းနေသည်။
၎င်းဓာတ်ငွေ့သိုက်ကို အမေရိကန် ရေနံ အဓိကလုပ်ငန်းကြီး Chevron ကနှစ်ပေါင်း ၄၀ ကြာ လုပ်ကိုင်ပြီးနောက် Chevron ထံမှ PTTEP က လွှဲပြောင်းရယူခဲ့သည်။
၂၀၁၉ တွင် ဓာတ်ငွေ့ တစ်ရက်လျှင် စံကုဗပေ သန်းပေါင်း million standard cubic feet per day (mmscfd) ၁,၂၀၀ ထွက်သည်။ 
လက်လွှဲပြောင်းချိန်တွင် ၃၅၉-၃၀၀ mmscfd ထွက်သည်။ ယခုနှစ် နှစ်လယ်ပိုင်းတွင် ၄၀၀ mmscfd ထွက်သည်။ PTTEP က နောက်နှစ် ဧပြီလတွင် ၈၀၀ mmscfd အထိ ထုတ်လုပ်ရန် ရည်မှန်းထားသည်။
"မလေးရှားမှာ ဓာတ်ငွေ့တွေ ရှိနေသေးတယ်လို့ ယုံကြည်တဲ့အတွက်လည်း မလေးရှားမှာ စူးစမ်းရှာဖွေမှုတွေ အများကြီး လုပ်ခဲ့ပါတယ်။ မလေးရှားမှာ ဓာတ်ငွေ့ကို LNG အဖြစ်သို့ပြောင်းလဲပေးနိုင်တဲ့အတွက် ထိုင်းသို့ LNG တင် သင်္ဘောဖြင့် တင်ပို့ နိုင်ပါတယ်" ဟု Rawanchaikul က ပြောကြားသည်။

PTTEP သည် စွမ်းအင်ဖူလုံရေးကို ထိန်းသိမ်းရန် မြန်မာနိုင်ငံတွင် ‌၎င်းလုပ်ကိုင်လျက်ရှိသော ဓာတ်ငွေ့သိုက် နှစ်ခုအတွက် စာချုပ်များကို သက်တမ်းတိုးလိုသည်။
၎င်းဓာတ်ငွေ့သိုက်များမှ ဓာတ်ငွေ့များကို မြန်မာဓာတ်အားသုံးစွဲမှု၏ ၅၀% နှင့် ထိုင်းဓာတ်အားသုံးစွဲမှု၏ ၂၀% အတွက် သုံးစွဲသည်။

"ကျွန်တော်တို့ တိုးချဲ့ဖို့ မဟုတ်ပါဘူး။ ထိုင်းနှင့် မြန်မာတို့အတွက် လိုအပ်နေတဲ့ ဓာတ်ငွေ့ ဖူလုံရေးအတွက် ဖြစ်ပါတယ်" ဟု Rawanchaikul က ပြောကြားသည်။

ထိုင်းနိုင်ငံသည် ပြည်တွင်းဓာတ်ငွေ့ သုံးစွဲမှု၏  ၄၀ ရာခိုင်နှုန်းခန့်အတွက် သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းရန် လိုအပ်ကြောင်း၊ ၄,၀၀၀ mmscfd ခန့် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 301 times