ဩစတြေးလျဓာတ်ငွေ့သိုက် PTTEP ရောင်းချမည်


24 January, 2023

ဩစတြေးလျဓာတ်ငွေ့သိုက် PTTEP ရောင်းချမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ထိုင်းနိုင်ငံမှ PTT Exploration and Production Plc (PTTEP) သည် ရေနံသိုက်အသစ်များတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်စူးစိုက်နေပါသည်။
PTTEP ၏ နောက်ဆုံးအစီအစဉ်တစ်ခုမှာ ဩစတြေးလျနိုင်ငံရှိ Cash and Maple ဓာတ်ငွေ့သိုက်ကို ရောင်းချရန် ဖြစ်ပါသည်။

၎င်းဓာတ်ငွေ့သိုက်ကို ရောင်းချပြီးပါက ဩစတေးလျတွင် PTTEP ၏ အသေးစား ရေနံလုပ်ငန်းအချို့သာ ကျန်ရှိမည် ဖြစ်ပါသည်။

PTTEP ၏ အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌဖြစ်သူ Montri Rawanchaikul က ကုမ္ပဏီသည် လွန်ခဲ့သော နှစ်အတန်ကြာကCash and Maple ဓာတ်ငွေ့သုိက်ကို ရောင်းချမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ယခုအခါ ၎င်းပိုင်ဆိုင်မှုကို ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်း ရောင်းချနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Cash and Maple သည်  ဒါဝင်မြို့၏ အနောက်ဘက် ကီလိုမီတာ ၆၈၀ အကွာ တီမောပင်လယ်ထဲတွင် တည်ရှိပြီး ခန့်မှန်းခြေ ဓာတ်ငွေ့အရင်းအမြစ် ကုဗပေ ၃.၅ ထရီလီယံ ရှိသည်။

ရှာဖွေတူးဖော်မှုကို ၂၀၁၁ နှင့် ၂၀၁၂ တို့တွင် ဆောင်ရွက်ခဲ့သည်။ မူလက ခန့်မှန်းထားသည်ထက် ဓာတ်ငွေ့ ရင်းမြစ် ပိုကြီးမားကြောင်း သိရသည်။ 
“ဒါပေမဲ့ ဧရိယာက ဝေးလွန်းပြီး ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရင် ထုတ်လုပ်မှု ကုန်ကျစရိတ် ကြီးမြင့်ပါလိမ့်မယ်” ဟု Mr Montri က ပြောကြားသည်။
"တကယ်လို့ သဘာဝဓာတ်ငွေ့အရည် ထုတ်လုပ်မှုကို ပြောင်းမယ်ဆိုရင်လည်း စက်ရုံစရိတ်က အရမ်းကြီးတဲ့အတွက် လုပ်ငန်းက ရှင်သန်နိုင်မှာ မဟုတ်ဘူး” ဟု ၎င်းက ပြောကြားသည်။
Cash and Maple ဓာတ်ငွေ့သိုက် ရောင်းချခြင်းသည်  အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည့် PTTEP ၏ အစီအစဉ်နှင့်လည်း ကိုက်ညီသည်။

၂၀၁၈ တွင် PTTEP သည် ဩစတေးလျမှ Montara ရေနံတွင်းကို Jadestone Energy (Eagle) Pty ထံသို့ ရောင်းချခဲ့သည်။

PTTEP သည် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဓာတ်ငွေ့မှလျှပ်စစ်ဓာတ်အား ပေါင်းစပ်စီမံကိန်း gas-to-power project ကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။
ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဘီလီယံ လိုအပ်သည့် စီမံကိန်း ဖြစ်သည်။ 
ကမ်းလွန်လုပ်ကွက်အမှတ် M-3 တွင် (Aung Sinkha Development Project and Appraisal Exploration Drilling Campaign) အောင်သင်္ခဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ကျိုက်လတ်တွင် ၆၀၀ မီဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စက်ရုံ စီမံကိန်း၊ ကံဘောက် ဒေါ်ငြိမ်း ကျိုက်လတ် ၃၇၀ ကီလိုမီတာ ကမ်းလွန်နှင့် ကုန်းတွင်း ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းခြင်း၊ ကျိုက်လတ်မှ လှိုင်သာယာ ရန်ကုန်မြို့သို့ ဓာတ်ငွေ့ပေးပို့ရေး ပိုက်လိုင်း သွယ်တန်းခြင်း အစရှိသည်တို့ ၎င်းစီမံကိန်းကြီးတွင် ပါဝင်သည်။
PTTEP သည် မြန်မာနိုင်ငံတွင်းရှိ ဓာတ်ငွေ့ထုတ်လုပ်မှုကို ဆက်လက်လုပ်ဆောင်ရန် အစ‌ီအစဉ်ရှိသည်။
“မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာမှာ အသုံးပြုတဲ့ သဘာဝဓာတ်ငွေ့ရဲ့ ထက်ဝက်ကျော်ကို ကျွန်တော်တို့ ထုတ်လုပ်ပါတယ်။ ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုရဲ့ ၂၀% အတွက် ထုတ်လုပ်ပါတယ်" ဟု Mr Montri က ပြောကြားသည်။
 Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 469 times