ထိုင်း PTT ရင်းနှီးမြှုပ်နှံမှု ၃ ဆ တိုးမည်


28 June, 2023

ထိုင်း PTT ရင်းနှီးမြှုပ်နှံမှု ၃ ဆ တိုးမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ထိုင်းနိုင်ငံမှ နိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း PTT သည် လျှပ်စစ်ကားများ စတင်ထုတ်လုပ်ရန် ပြင်ဆင်နေချိန်တွင် ကနဦး လျာထားသည့် ရင်းနှီးမြှုပ်နှံမှုကို အကြမ်းအားဖြင့် သုံးဆတိုးပြီး ဘတ် ၉၃.၅ ဘီလီယံ (ကန်ဒေါ်လာ ၂.၆ ဘီလီယံ) အထိ ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။

PTT သည် ၂၀၂၃ ခုနှစ်တွင် ဘတ် ၃၃.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် မူလက စီစဉ်ထားသည်။

PTT ၏ အီးဗီလုပ်ငန်း Horizon Plus သည်  ပထမဆုံး ကားများကို ၂၀၂၄ ခုနှစ်တွင် ထုတ်လုပ်ရန် ပြင်ဆင်နေသည်။

PTT လုပ်ငန်းစုနှင့် တရုတ် အီးဗီ ဘက်ထရီ ကုမ္ပဏီကြီး CATL တို့သည် မော်တော်ယာဥ်ဘက်ထရီများ ထုတ်လုပ်မှုအတွက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် မကြာသေးမီက သဘောတူညီခဲ့ကြသည်။
Source Asia nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Investment/Divestment Read 610 times