အင်ဒိုနီးရှား ဓာတ်ငွေ့သိုက် POSCO International  လုပ်ကိုင်ခွင့် ရရှိ


03 March, 2023

အင်ဒိုနီးရှား ဓာတ်ငွေ့သိုက် POSCO International  လုပ်ကိုင်ခွင့် ရရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

POSCO International သည် အင်ဒိုနီးရှားနိုင်ငံရှိ ကမ်းလွန်သဘာဝဓာတ်ငွေ့တွင်းကို စူးစမ်းလေ့လာရန် လုပ်ကိုင်ခွင့် ရရှိထားကြောင်း ဖေဖော်ဝါရီ ၂၂ ရက်တွင် ကြေညာခဲ့သည်။

 စူးစမ်းလေ့လာရန် လုပ်ကိုင်ခွင့်သည် ဓာတ်ငွေ့သိုက် စူးစမ်းလေ့လာမှုမှ တူးဖော်ပြီး ထုတ်လုပ်မှုအထိ ဆက်လက်ဆောင်ရွက်ပိုင်ခွင့် ရရှိခြင်း ဖြစ်သည်။ 

POSCO International သည် ဤရှာဖွေရေးအခွင့်အရေးကိုရယူရန် ၂၀၂၁ ခုနှစ်တွင် နိုင်ငံပိုင်လုပ်ငန်း  PHE နှင့် ပူးပေါင်းခဲ့ပါသည်။

POSCO  ကုမ္ပဏီသည် အင်ဒိုနီးရှားအစိုးရမှ စီစဉ်သော နိုင်ငံတကာ တင်ဒါမှတစ်ဆင့် Bunga Sector ဓာတ်ငွေ့သိုက်ကို လုပ်ပိုင်ခွင့် ရရှိခဲ့ပြီး အင်ဒိုနီးရှားအစိုးရပိုင် ကုမ္ပဏီတစ်ခုဖြစ်သည့် PHE နှင့် ကုမ္ပဏီစုတစ်ခုကို ဖွဲ့စည်းခဲ့သည်။

POSCO International နှင့်  PHE  တို့သည့် ၅၀% စီ ပိုင်ဆိုင်ကြမည်ဖြစ်ပြီး လုပ်ငန်းလည်ပတ်လုပ်ကိုင်ခွင့်ကို POSCO International က ရရှိသည်။ 

Advertisement

Click Here > Great Star Enterprise

PHE (Pertamina Hulu Energi) သည် အင်ဒိုနီးရှားနိုင်ငံ၏ အစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်း Pertamina ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီ အင်ဒိုနီးရှားနှင့် နိုင်ငံရပ်ခြားရှိ ရေနံဓာတ်ငွေ့ရှာဖွေရေးနှင့် ထုတ်လုပ်ရေးတို့ကို အထူးပြုလုပ်ကိုင်ပါသည်။ 

Bunga Sector သည် အင်ဒိုနီးရှားနိုင်ငံ Java ကျွန်း၏ အရှေ့ဘက် ပင်လယ်ပြင်တွင် တည်ရှိသည်။ လုပ်ကွက်၏ စုစုပေါင်း ဧရိယာသည် ၈,၅၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ပင်လယ်ရေအနက်မှာ မီတာ ၅၀ မှ ၅၀၀ အထိ ရှိသည်။ ကြီးမားသော လုပ်ကွက်တစ်ခု ဖြစ်ပြီး ရေတိမ်ပိုင်းနှင့် ရေနက်ပိုင်း အခြေအနေ နှစ်မျိုးစလုံး ပါဝင်သည်။


POSCO International သည် မြန်မာနိုင်ငံရှိ ကမ်းလွန်သဘာဝဓာတ်ငွေ့တွင်း စီမံကိန်းတွင် ပါဝင်ခြင်းဖြင့် ဓာတ်ငွေ့ အမြောက်အမြား ထုတ်လုပ်နိုင်ခဲ့သည်။ စစချင်းတွင် Daewoo International အမည်ဖြင့် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ ရွှေသဘာဝဓာတ်ငွေ့တွင်းမှ တစ်ရက်လျှင် ပျမ်းမျှဓာတ်ငွေ့ ကုဗမီတာ ၁ ဒသမ ၄ သန်း ထုတ်လုပ်နေပါသည်။ ၎င်းတစ်ရက်တာ ထုတ်လုပ်မှု ပမာဏသည် တောင်ကိုရီးယားတွင် တစ်နှစ်တာ ဓာတ်ငွေ့သုံးစွဲသည့်ပမာဏ၏ ၁၀ ရာခိုင်နှုန်းနှင့် ညီမျှသော ပမာဏ ဖြစ်ပါသည်။ 

မကြာသေးမီက POSCO International သည် ဩစတြေးလျတွင် သဘာဝဓာတ်ငွေ့တွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသို့ ဝင်ရောက်ခဲ့ပြီး သဘာဝဓာတ်ငွေ့ထုတ်လုပ်ရောင်းချခြင်းကို လုပ်ကိုင်လျက် ရှိသည်။ 

Source businesskorea

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 490 times