အာဆီယံထုတ်လုပ်မှု PMI™ ကိုဗစ်ကန့်သတ်ချက်များ ပြေလျော့လာသည်နှင့်အမျှ ထုတ်လုပ်ရေးကဏ္ဍ ပြန်ဦးမော့လာ


02 November, 2021

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™
ကိုဗစ်-၁၉ ကန့်သတ်ချက်များ ပြေလျော့လာသည်နှင့်အမျှ ထုတ်လုပ်ရေးကဏ္ဍသည် ပြန်ဦးမော့လာခြင်း


အဓိက တွေ့ရှိချက်များ

  • PMI သည် မကြုံစဖူး စံချိန် ၅၃.၆ သို့ တက်လှမ်းလိုက်ခြင်း
  • ထုတ်လုပ်မှုနှင့် အော်ဒါ အသစ် နှစ်ခုစလုံး စံချိန်တင် တိုးလာခြင်း
  • ပစ္စည်းပေးသွင်းမှု ပြတ်တောက်မှုများ ပိုဆိုးလာသည့် အကြားမှာ ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ တိုးလာခြင်း
  •  

(ဒေတာကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၂-၂၅ ရက်များတွင် စုစည်းခဲ့သည်)


ကိုဗစ်-၁၉ ကန့်သတ်ချက်များ ပြေလျော့လာသောကြောင့် စက်ရုံ ထုတ်လုပ်မှုရော အော်ဒါသစ်များပါ စံချိန်တင် နှုန်းများဖြင့် တိုးလာခဲ့ရာ နောက်ဆုံး IHS Markit ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း (PMI™) ဒေတာအရ အာဆီယံ ထုတ်လုပ်ရေးကဏ္ဍသည် အောက်တိုဘာလတွင် ပြန်ဦးမော့လာခဲ့သည်။ 
သို့သော်လည်း ထုတ်လုပ်မှုစရိတ်များနှင့် ပျမ်းမျှရောင်းဈေး နှစ်ခုစလုံး ရှစ်နစ်အတွင်း အများဆုံးနှုန်းဖြင့် မြင့်တက်လာခဲ့ပြီး ပစ္စည်းပေးသွင်းမှုပြတ်တောက်မှု ပိုဆုတ်ယုတ်လာခဲ့ရာ ငွေကြေးဖိအားပေးမှုများ ပိုပြင်းထန်လာခဲ့ပါသည်။
အဓိကအကျဆုံး PMI သည် စက်တင်ဘာလ၏ ၅၀.၀ မှ အောက်တိုဘာတွင် ၅၃.၆ သို့ တက်လှမ်းလိုက်ခြင်းက အာဆီယံထုတ်လုပ်ရေးအခြေအနေများ မေလမှစပြီး ပထမဦးဆုံးတိုးတက်မှုကို အချက်ပြလိုက်ကာ ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ဒေတာ စုစည်းလာခဲ့ချိန်မှစပြီး အမြန်ဆုံးနှုန်းများထဲမှ တစ်ခု ဖြစ်လာသည်။

အာဆီယံထဲ ဤစစ်တမ်းတွင် အကျုံးဝင်ကြသည့် နိုင်ငံအားလုံးတွင် တစ်နိုင်ငံမှအပ အောက်တိုဘာလမှာ လုပ်ကိုင်မှု အခြေအနေများ တိုးတက်လာကြောင်းကို မှတ်တမ်းတင်ခဲ့ကြသည်။ 

အင်ဒိုနီးရှားသည်အဓိကအကျဆုံး PMI (၅၇.၂) ဖြင့် စံချိန်တင်လိုက်ကာ ထိပ်ဆုံးအဆင့်တွင် ရှိနေပြီး လော့ဒေါင်းအစီအစဉ်များ ပြေလျော့လာနေသည့် အကြားမှာ ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ လျင်မြန်စွာ တိုးတက်လာနေခြင်းကို ညွှန်ပြနေသည်။

အဓိကအကျဆုံး အညွှန်း (၅၄.၅) တွင် ရှိနေခဲ့သည့် စင်ကာပူသည် နောက်မှာ လိုက်ပါလာလျက် ဒုတိယမြောက်လ ဆက်တိုက် တိုးထုတ်လုပ်ရေး နယ်ပယ်ထဲတွင် အခိုင်အမာ ရပ်တည်နေပြီး ထုတ်လုပ်ရေး အခြေအနေများ အဟုန်ပြင်းစွာဖြင့် ဦးမော့လာနေခြင်းကို အချက်ပြနေပါသည်။

အခြားနိုင်ငံများ အကြားမှာ မလေးရှားသည် ထုတ်လုပ်မှု တိုးနိုင်ခဲ့ခြင်းကို ပြန်ပြီး မှတ်တမ်းတင်လိုက်ကာ PMI မှာ မေလမှစပြီး ပထမဦးဆုံးအကြိမ် ကြားနေအမှတ် ၅၀.ဝ အထက်တွင် ရှိလာပါသည်။ နောက်ဆုံး အညွှန်းကိန်း ၅၂.၂ မှာ ၂၀၁၄ ခုနှစ် ဧပြီလမှစပြီး အမြန်ဆုံး တိုးတက်မှုကို ဖေါ်ပြနေပါသည်။ 

ဗီယက်နမ်သည်လည်း အဓိကအကျဆုံး အညွှန်း (၅၂.၁) ဖြင့် မေလမှစပြီး အခြေအနေများ ပထမအကြိမ် အသင့်အတင့် တိုးတက်မှုကို ပြသလာပါသည်။

ယင်းတစ်ချိန်တည်းမှာ ဖိလစ်ပိုင်နှင့် ထိုင်း နှစ်နိုင်ငံစလုံးတို့ကပါ ၎င်းတို့၏ ကုန်စည်ထုတ်လုပ်ရေးကဏ္ဍများ ဒသမဂဏန်းမျှ တိုးတက်လာကြောင်းကို မှတ်တမ်းတင်ခဲ့ကြရာ PMI မှာ ၅၁.၀ နှင့် ၅၀.၉ အသီးသီး ဖြစ်ခဲ့ပါသည်။

နောက်ဆုံး အနေနှင့် မြန်မာနိုင်ငံသည် အောက်တိုဘာလတွင် လုပ်ကိုင်မှု အခြေအနေများ ဆုတ်ယုတ်လာခဲ့မှုကို ပြသနေသည့် အာဆီယံထဲက တစ်ခုတည်းသော နိုင်ငံ ဖြစ်ပါသည်။ အဓိကအကျဆုံး အညွှန်း ၄၃.၃ မှာ ဇန်နဝါရီမှစပြီး အားအနည်းဆုံး ကျဆင်းမှုကို ညွှန်ပြနေသော်လည်း ပြင်းထန်သည့် ကျဆင်းမှု ဖြစ်ပါသည်။

 


စတုတ္ထ သုံးလပတ်၏ အစပိုင်းတွင် ထုတ်လုပ်မှုရော အော်ဒါသစ်များပါ ပြန်ပြီး ဦးမော့လာမှုက ထုတ်လုပ်မှု တိုးလာသည့် နယ်ပယ်ထဲသို့ တွန်းတင်ပေးခဲ့ပါသည်။
စက်ရုံ ထုတ်လုပ်မှုများမှာ မေလမှစပြီး ပထမအကြိမ် တိုးလာခဲ့ခြင်းဖြစ်ကာ တိုးတက်မှု နှုန်းသည် မှတ်တမ်းထဲတွင် အများဆုံး ဖြစ်လာသည်။ 

အော်ဒါမှာယူမှု ပမာဏများသည်ပါ အလားတူ အစဉ်ကို ပြသနေပြီး ငါးလအတွင်းမှာ ပထမအကြိမ် မြင့်တက်လာခဲ့ရာ စစ်တမ်းသမိုင်းထဲတွင် အားအကောင်းဆုံး ဖြစ်သော်လည်း ပြည်ပ တင်ပို့ရေး အော်ဒါသစ်များ အဓိကအားဖြင့် တည်ငြိမ်လာသည့်အတွက် အားကောင်းလာခဲ့သည့် ထုတ်လုပ်မှု၏ နှုန်းထက် မသိမသာ အားနည်းနေပါသည်။

ထုတ်လုပ်ရေးအတွက် တောင်းဆိုမှုများ ပိုအားကောင်းလာခြင်းကို ရောင်ပြန်ဟပ်လျက် အာဆီယံ ကုန်စည် ထုတ်လုပ်သူတို့သည် အောက်တိုဘာလတွင် ဝယ်ယူမှုများကို အသစ်တဖန်တိုးချဲ့ပြုလုပ်လာခဲ့ကြရာ နှုန်းမှာ မှတ်တမ်းထဲတွင် အများဆုံး ဖြစ်ပါသည်။ သို့ဖြစ်၍ ထုတ်လုပ်မှုအကြို လက်ကျန်စာရင်းများသည်ပါ တိုးလာခဲ့သော်လည်း ဒသမဂဏန်းမျှသာ ရှိခဲ့သည်။

ထည့်ကုန်များ ဝယ်ယူမှု ပိုအားကောင်းလာခြင်းက ပစ္စည်းပေးသွင်းရေး ကွင်းဆက်များကို ရှေ့ဆက် ဖိအားပေးခဲ့မှုများ ရှိခဲ့ရာ ပျမ်းမျှ ပစ္စည်းပေးသွင်းရေး ကြာမြင့်ချိန်မှာ ထပ်ပြီး တိုးလာခဲ့ပါသည်။ 
ကြန့်ကြာမှုများမှာ မှတ်တမ်းထဲက အပြင်းထန်ဆုံး တစ်ခုဖြစ်သည်။
အကျိုးဆက်အဖြစ် အာဆီယံ ကုန်စည်ထုတ်လုပ်သူတို့သည် အောက်တိုဘာလတွင် အားကောင်းသည့် ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများကို ရင်ဆိုင်ခဲ့ကြရသည်။ ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများသည် ဆယ့်ကိုးလဆက်တိုက် မြင့်တက်လာခဲ့ပြီး နောက်ဆုံးနှုန်းမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာမှစပြီး အရှိန် အမြင့်ဆုံး ဖြစ်လာသည်။ ရလဒ်အဖြစ် ကုမ္ပဏီများက ၎င်းတို့၏ ရောင်းဈေးများကို ရှစ်နှစ်အတွင်းမှာ အများဆုံး နှုန်းဖြင့် တိုးမြှင့်ခဲ့ကြသည်။
အောက်တိုဘာလအတွင်း ပစ္စည်းပေးသွင်းမှုထဲက အခက်အခဲများကို ရောင်ပြန်ဟပ်လျက် ကုန်ထုတ်စွမ်းအားတွင်ပါ ဖိအားပေးမှုများကို ဆက်တွေ့မြင်ခဲ့ရပြီး လက်ကျန် အလုပ်များမှာ လေးလဆက်တိုက် တိုးလာခဲ့ပြန်သည်။ 
လက်ကျန် မပြီးပြတ်သည့်အလုပ်များ စုပုံလာမှုနှုန်းမှာမူ အဓိကအားဖြင့် စက်တင်ဘာလ၏ စံချိန်တင် နှုန်းအတိုင်း မပြောင်းအလဲ ရှိနေခဲ့ခြင်းမှာ မှတ်သားရမည့် အချက်ပါ။
အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ ပြန်ပြီး ဦးမော့လာမှုကို ထင်ဟပ်လျက် လာမည့် တစ်နှစ်အတွင်း ထုတ်လုပ်မှုဆိုင်ရာ ယုံကြည်မှုပါ ပို ကောင်းလာခဲ့ပါသည်။ ယုံကြည်စိတ်အဆင့်မှာ ၂၀၁၉ ခုနှစ် ဇွန်လမှစပြီး အားအကောင်းဆုံး ဖြစ်လာကာ အဓိကအားဖြင့် စစ်တမ်း၏ ရေရှည် အဆင့်နှင့် တပြေးညီ ရှိနေသည်ဟု ဆိုနိုင်ပါသည်။


သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ် ဖေါ်ပြရာတွင် IHS Markit မှ စီးပွားရေး ပညာရှင် Lewis Cooper က ပြောကြားခဲ့သည်မှာ-
"ဒေသတဝန်းမှာ ကိုဗစ်-၁၉ ကန့်သတ်ချက်များ ပြေလျော့လာမှုက အာဆီယံထုတ်လုပ်ရေးကဏ္ဍကို အောက်တိုဘာလတွင် ပြန်ပြီး ဦးမော့လာစေခဲ့ပါသည်။
PMI သည် ထုတ်လုပ်မှုနှင့် အော်ဒါ အသစ် နှစ်ခုစလုံး စံချိန်တင် တိုးလာခြင်း၏ ပံ့ပိုးမှုဖြင့် မကြုံစဖူး စံချိန်တင် ၅၃.၆ သို့ ထိုးတက်သွားပြီး လုပ်ကိုင်မှု အခြေအနေများ တဟုန်ထိုး တိုးတက်လာမှုကို အချက်ပြနေသည်။
အဖွဲ့ဝင်နိုင်ငံများ တစ်ဝန်းမှာ မြန်မာနိုင်ငံမှ လွဲပြီး တိုးတက်မှုကို ကျယ်ပြန့်စွာ တွေ့မြင်ခဲ့ရသည်။ အင်ဒိုနီးရှားသည် စစ်တမ်းတွင်း စံချိန်တင်ဖြစ်သော PMI ဖြင့် ထိပ်ဆုံးတွင်ရှိနေပြီး နောက်မှာ စင်ကာပူ၊ မလေးရှားနှင့် ဗီယက်နမ်တို့ လိုက်ပါနေလျက် နောက်ဆုံး နှစ်နိုင်ငံတို့က မေလမှစပြီး ၎င်းတို့၏
ကုန်စည်ထုတ်လုပ်မှု အခြေအနေများ တိုးလာခြင်းကို ပထမဦးဆုံးအကြိမ် မှတ်တမ်းတင်ခဲ့ပါသည်။ 
ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံများသည်လည်း အောက်တိုဘာတွင် လုပ်ကိုင်မှု အခြေအနေများ တိုးတက်လာကြောင်း မှတ်တမ်းတင်ခဲ့ကြသည်။
ယင်းသတင်းများမှာ ထိုးကျမှုများနှင့် နပမ်းလုံးနေခဲ့ရသည့် တတိယသုံးလပတ် နောက်မှာ ကောင်းသည့် သတင်းများ ဖြစ်ပြီး နောက်ဆုံး ဒေတာက ကိုဗစ်-၁၉ ကန့်သတ်ချက်များ ပြေလျော့လာနေပြီး ထုတ်လုပ်ရေးကဏ္ဍ
ပြန်ဦးမော့လာနေခြင်းကို ညွှန်ပြနေပါသည်။ အကျိုးဆက်အားဖြင့် လာမည့်လ၏ PMIဒေတာက နာလန်ပြန်ထူရေး လမ်းကြောင်းအတိုင်း ချီတက်မှု၏ အားကောင်းမှုကို ပထမအကြိမ် ညွှန်ပြပေးပါလိမ့်မည်"

တွက်ချက်နည်း

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™ ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ထုတ်လုပ်သူ ၂,၁၀၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်မျာှေေ အပေါ်အခြေခံပြီး IHS Markit မှ တွက်ချက် ပါသည်။ ယင်းနိုင်ငံများသည် အာဆီယံထုတ်လုပ်သူများ၏ ထပ်တိုး တန်ဖိုး ၉၈% ကို ထုတ်လုပ် ပေးကြပါသည်*။ မေးမြန်းရန် ရွေးချယ်ခံရသူများကို GDP အားထောက်ပံ့မှုအပေါ် အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့် လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့ပါသည်။

စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကိုညွှန်ပြပါသည်။ စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နှံ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ရာခိုင်နှုန်းနှင့် ‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြားရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကိုညွှန်ပြ ပါသည်။

ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။ အာဆီယံ အညွှန်းများကို တစ်နိုင်ငံစီ၏ အညွှန်းများအားချိန်ဆလျက် စုပေါင်း တွက်ယူပါသည်။ နိုင်ငံများအလိုက် ချိန်ဆမှုကို နှစ်စဉ် ထုတ်လုပ်မှု ထပ်တိုးတန်ဖိုးမှ တွက်ယူပါသည်*။အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI)ဖြစ်ပါသည်။

PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်-

  • အော်ဒါသစ်များ (၃၀%)၊
  • ထုတ်လုပ်မှု (၂၅%)၊
  • အလုပ်နေရာ (၂၀%)၊
  • ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့်
  • သိုလှောင်ထားသည့်ထည့်ကုန်များ (၁၀%)။

PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်းများနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက်ညှိပေးရမည့် အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ်သက်ရောက်မှု ရှိနိုင်ပါသည်။ဒေတာကို ၂၀၂၁ ခုနှစ် မေလ ၁၁-၂၄ ရက်များတွင် စုစည်းခဲ့သည်။

IHS Markit အကြောင်း

IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့်ဈေးကွက်များဆိုင်ရာ အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီဖြစ်ပါသည်။ မိမိတို့၏ ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံစိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ IHS Markit ထံတွင်စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။

IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်များ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်။ © 2021 IHS Markit Ltd. မူပိုင်ခွင့်များ အားလုံးကို ထိန်းချုပ်ထားသည်။

PMI အကြောင်း

ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိအထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့်လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကိုနောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့်လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုပါက
ihsmarkit.com/products/pmi.html

သို့ ဝင်ရောက်ကြည့်ရှုပါ။

 


 

Industry Reviews Read 283 times