အာဆီယံ PMI သည် ဝယ်လိုအား အခြအနေများ အားပျော့လာနေချိန်မှာ  ၆ လမြောက် အနိမ့်ဆုံးသို့ နိမ့်ဆင်းသွား


02 April, 2022

အာဆီယံ PMI သည် ဝယ်လိုအား အခြအနေများ အားပျော့လာနေချိန်မှာ  ၆ လမြောက် အနိမ့်ဆုံးသို့ နိမ့်ဆင်းသွား

၂၀၂၂ ဧပြီလ  ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


အာဆီယံ PMI သည် ဝယ်လိုအား အခြအနေများ အားပျော့လာနေချိန်မှာ  ၆ လမြောက် အနိမ့်ဆုံးသို့ နိမ့်ဆင်းသွား

အဓိက တွေ့ရှိချက်များ -

  • PMI သည် မတ်လတွင် ခြောက်လမြောက် အနိမ့်ဆုံးသို့ ထိုးကျသွားခြင်း 
  • အလုပ်နေရာ ပမာဏများမှာ နှစ်လဆက်တိုက် ကျဆင်းသွားခြင်း
  • ငွေကြေးဖောင်းပွမှု ဖိအားသက်ရောက်မှုများ စံချိန်တင် အားကောင်းလာခြင်း

 

May be an image of text that says 'S&P Global အာဆီယံ ထုတ်လုပ်မှု PMI ရာသီအလိုက် ညှိကိန်း >၅၀ =ယခင်လမှစပြီး ပိုကောင်းလာ 55 50 45 40 35 ၂၀၁၄ ၂၀၁၅ 30 ၂၀၁၃ ရင်းမြစ်- S&P Global ၂၀၁၆ ၂၀၁၇ ၂၀၁၈ ၂၀၁၉ ၂၀၂၀ ၂၀၂၁ ၂၀၂၂'

 

(ဒေတာကို မတ် ၁၁-၂၅ ရက်တွင် စုစည်းခဲ့သည်)


အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍတစ်ဝန်းတွင် လုပ်ကိုင်မှု အခြေအနေများမှာ နောက်ဆုံး S&P Global ဝယ်ယူရေး မန်နေဂျာများ၏ အညွန်းကိန်း (PMIT") အရ မတ်လတွင် အတော်အသင့် ပိုကောင်းလာခဲ့ရာ လက်ရှိ တိုးတက်မှု အစဉ်ကို ခြောက်လကြာသည့်တိုင်အောင် ဆက်ရှိနေစေပါသည်။ ထုတ်လုပ်မှု နှင့် အော်ဒါအသစ်များ ဆက်တိုးရလာမှုက အဓိကအကျဆုံး PMI ကို ပံ့ပိုးပေးခဲ့သည်။ သို့သော်လည် ထုတ်လုပ်သူတို့က လုပ်သားအင်အား ထပ်မံကျဆင်းလာမှုကို ထောက်ပြခဲ့ကြသည်။ ယင်းအတောအတွင်း ပစ္စည်းပေးသွင်းရေး ကွင်းဆက်များထဲ အခက်အခဲများ ဆက်ရှိနေခြင်းက ငွေကြေးဖောင်းပွမှု ဖိအားသက်ရောက်မှုများကို တွန်းတင်ပေးခဲ့သည်။
အဓိကအကျဆုံး PMI ကို မတ်လတွင် ၅၁.၇ တွင် မှတ်တမ်းတင်ဖြစ်ခဲ့ရာ ဖေဖေါ်ဝါရီလတွင် မှတ်တမ်းတင်ခဲ့သည့် ၅၂.၅ ထက် နိမ့်ကျသွားပါသည်။ 

အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍ၏ အခြေအနေ တိုးတက်လာမှု အရှိန်မှာ နှစ်လဆက်တိုက် ကျလာနေပြီး ခြောက်လအတွင်းမှာ အားအပျော့ဆုံး ဖြစ်လာခြင်းကြောင့် နောက်ဆုံးဒေတာက ထုတ်လုပ်မှု အရှိန်အဟုန် ကျဆင်းလာမှုကို ညွှန်ပြနေသည်။

 

အာဆီယံအဖွဲ့ဝင် ခုနစ်နိုင်ငံအနက် ငါးနိုင်ငံက မတ်လတွင် တိုးထုတ်မှုကို မှတ်တမ်းတင်နိုင်ခဲ့ကြပြီး စင်ကာပူသည် ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်နေပါသည်။ စင်ကာပူ၏ အဓိကအကျဆုံး PMI မှာ ဖေဖေါ်ဝါရီလတွင် မြင်ခဲ့ကြရသည့် စံချိန်တင် ဂဏန်း (၅၅.၀) ထက် နိမ့်ဆင်းသွားခဲ့သော်လည်း နောက်ဆုံး ကိန်းဂဏန်းက ထုတ်လုပ်သူတို့၏ လုပ်ငန်းများ သိသိသာသာ တိုးချဲ့လာမှုကို ထပ်မံပြီး အချက်ပြလိုက်ပါသည်။

ယင်းတချိန်တည်းမှာ ဖိလစ်ပိုင်နိုင်ငံ၏ ကုန်စည် ထုတ်လုပ်သူတို့က အဓိက PMI ကို ၅၃.၂ သို့ တင်လိုက်ခြင်းဖြင့် ဒုတိယအမြန်ဆုံး ဦးမော့မှုကို မှတ်တမ်း တင်လိုက်ကြသည်။ ထို့အပြင် လုပ်ကိုင်မှု အခြေအနေများ၏ နောက်ဆုံး တိုးတက်လာမှုမှာ သုံးနှစ်ကျော်အတွင်း အမြန်ဆုံး ဖြစ်လာပါသည်။

အခြားနိုင်ငံများအကြားတွင် တိုးတက်မှုအား ပိုအားနည်းခဲ့ပါသည်။ ထိုင်း နှင့် ဗီယက်နမ် နှစ်နိုင်ငံစလုံး၏ အဓိကအကျဆုံး PMI ကိန်းဂဏန်းများမှာ (၅၁.၈ နှင့် ၅၁.၇ အသီးသီးဖြင့်) ဖေဖေါ်ဝါရီ၏ လတ်တလော စံချိန်တင်မြင့်တက်မှုများမှ နိမ့်ဆင်းသွားခဲ့သည်။ သို့သော်လည်း ထိုင်းကုန်စည်ထုတ်လုပ်သူတို့သည် စစ်တမ်းကို စတင်ခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှစပြီး ဒုတိယ အမြန်ဆုံး ဦးမော့မှုကို မှတ်တမ်းတင်ခဲ့ကြသည်။

အင်ဒိုနီးရှားက မတ်လတွင် အချက်ပြလိုက်သည့် အညွှန်းကိန်းမှာ အဓိကအားဖြင့် ခြောက်လတွင်း အနိမ့်ဆုံး ဖြစ်ခဲ့သည့် ဖေဖေါ်ဝါရီလ၏ တိုးတက်မှုနှုန်းနှင့် တပြေးညီရှိခဲ့ပါသည်။ ၅၁.၃ တွင် ရှိနေခဲ့သည့် အဓိကအကျဆုံး PMI က အင်ဒိုနီးရှား ထုတ်လုပ်ရေး ကဏ္ဍ ဒသမဂဏန်းမျှ ဦးမော့လာခြင်းကို ညွန်ပြနေသည်။

မတ်လတွင် ထုတ်လုပ်မှု ကျဆင်းသွားမှုကို ပြသခဲ့ကြသည့် နှစ်ခုတည်းသော နိုင်ငံများမှာ မလေးရှား နှင့် မြန်မာနိုင်ငံဖြစ်သည်။ မလေးရှားနိုင်ငံ၏ အဓိကအကျဆုံး PMI ၄၉.၆ သို့ ထိုးဆင်းသွားပြီး ငါးလကြာခဲ့သည့် တိုးတက်မှုအစဉ်ကို အဆုံးသတ်ပစ်လိုက်သည်။ မြန်မာနိုင်ငံတွင် အဓိကအကျဆုံး PMI ကိန်းဂဏန်း (၄၇.၁) မှာမူ သုံးလဆက်တိုက် ပိုမြန်သည့်နှုန်းဖြင့် ကျဆင်းမှုကို ပြနေသည်။

ယင်းအတောအတွင်း ဝန်ထမ်းဦးရေသည် မတ်လတွင် ဒုတိယလမြောက် ဆက်တိုက် လျော့နည်းလာခဲ့ရာ . ထုတ်လုပ်သူတို့သည် တိုးပြီး ငှားရမ်းရေးကို လက်တွန့်နေကြောင်း ထောက်ပြနေသည်။ အာဆီယံ ထုတ်လုပ်သူတို့သည် လက်ကျန်အလုပ်များ ရှေ့ဆက် မြင့်တက်လာသည့် တိုင်အောင် ဝန်ထမ်းဦးရေကို ဆက်လက် ဖြတ်တောက်ခဲ့ကြသည်။
ပေးသွင်းမှု ကြာမြင့်ချိန်များမှာ မတ်လတွင် ရှေ့ဆက်တိုးလာခဲ့ခြင်းက အာဆီယံ ထုတ်လုပ်သူတို့အတွက် ကုန်ကြမ်းများရှားပါးမှု နှင့် ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ ပြတ်တောက်မှုများမှာ အဆိုးဝါးဆုံး ပြဿနာအဖြစ် ကျန်ရစ်မြဲ ကျန်ရစ်နေပါသည်။ ပစ္စည်းပေးသွင်းရန် ကြာမြင့်ချိန်များ တိုးလာခဲ့သည့် အတိုင်းအတာမှာ ဖေဖေါ်ဝါရီလထက် ပိုများပြီး စစ်တမ်း သမိုင်းထဲတွင် သိသာပါသည်။
ဈေးနှုန်းများကို လေ့လာကြည့်ပါက ရာသီအလိုက် ချိန်ညှိထားသော သွင်းကုန်ဈေးနှုန်းများနှင့် ထုတ်ကုန်ရောင်းဈေးများ၏ သက်ဆိုင်ရာအညွန်းကိန်းများက မတ်လတွင် စစ်တမ်း စံချိန်များကို တင်လိုက်ကြသည့်အတွက် ငွေကြေးဖောင်းပွမှု ဖိအားများမှာ များပြားနေဆဲဖြစ်သည်။ အာဆီယံ အဖွဲ့ဝင် ခုနစ်နိုင်ငံစလုံးက ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများ တဟုန်ထိုးမြင့်တက်လာကြောင်း အစီရင်ခံခဲ့ကြပြီး ခုနစ်နိုင်ငံထဲက ငါးနိုင်ငံကမူ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များမှာ ၎င်းတို့၏ စစ်တမ်းကောက်ယူမှုကို စတင်ခဲ့ချိန်မှစပြီး အမြန်ဆုံးဖြစ်သည့် မြင့်တက်လာမှုများကို မှတ်တမ်း တင်ခဲ့ကြသည်တုံ့ပြန်သည့် အနေနှင့် ထုတ်လုပ်သူတို့က မိမိတို့၏ ရောင်းဈေးများကို စစ်တမ်း၏ စံချိန်တင် နှုန်းများဆီသို့ တင်ခဲ့ကြရပါသည်။
မည်သို့ပင်ဖြစ်စေကာမူ စိတ်ချယုံကြည်မှု အဆင့်မှာ ၂၀၁၉ ခုနှစ် မေလမှစပြီး ပူးတွဲအမြင့်ဆုံးသို့ မြင့်တက်သွားပါသည်။ ထုတ်လုပ်မှု တည်ငြိမ်လာမည်ဟု ကုမ္ပဏီများက စောင့်မျှော်နေကြကာ မြန်မာနိုင်ငံမှလွဲပြီး နိုင်ငံအားလုံးတို့က လာမည့် ၁၂ လအတွင်း ထုတ်လုပ်မှု တိုးလာမည်ဟု မျှော်လင့်ကြသည်။

သုံးသပ်ချက်

အာဆီယံ ထုတ်လုပ်ရေး နောက်ဆုံးစစ်တမ်း PMI ဒေတာကို သုံးသပ်ဖေါ်ပြရာတွင် S&P Global မှ စီးပွားရေးပညာရှင် Maryam Baluch ပြောကြားသွားသည်မှာ 
"အဓိကအကျဆုံး PMI ကိန်းဂဏန်းက ထုတ်လုပ်မှု နှင့် အော်ဒါအသစ်များ တိုးရလာမှ အားပျော့လာသည်နှင့်အမျှ အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍ၏ တိုးတက်မှု အရှိန်အဟုန် ကျလာမှုကို အချက်ပြနေပါသည်။
"ပစ္စည်းပေးသွင်းမှုဆိုင်ရာ ပြဿနာများ ရှိမြဲရှိနေကြသောကြောင့် ထုတ်လုပ်မှု တိုးတက်မှုမှာ တုံ့ဆိုင်းလာပါသည်။ ထုတ်လုပ်မှ ဦးမော့မှ အားပျော့လာခဲ့ရခြင်းမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် အော်ဒါအသစ်များ တိုးရလာမှု နှေးလာခြင်းကြောင့်ဖြစ်သည်။
ယင်းအတောအတွင်း သွင်းကုန် ဈေးနှုန်းများ၏ ငွေကြေးဖောင်းပွမှုမှာ စံချိန်တင် မြင့်တက်သွားခဲ့သည့်အတွက် ကုန်ကျစရိတ်များ၏ ဖိအားပေးမှုများမှာ ပိုပြင်းထန်လာခဲ့ပါသည်။ သို့ဖြစ်၍ ထုတ်လုပ်သူတို့က အမြတ်အစွန်းများကို ကာကွယ်နိုင်ဖို့အတွက် ၎င်းတို့၏ ရောင်းဈေးများကို အသစ်တဖန် မြှင့်ပေးခဲ့ကြရပါသည်။ ငွေကြေးဖောင်းပွမှု၏ ဖိအားပေးမှုများမှာ ခုနစ်နိုင်ငံစလုံးတွင် သိသာသည့် အဆင့်မှာ ရှိမြဲရှိနေခဲ့ပြီး ပထမသုံးလပတ် အဆုံးပိုင်းတွင် တိုးတက်မှုအပေါ်မှာ ဖိစီးလျက် ရှိနေခဲ့ပါသည်။
ခြုံပြောရလျှင် အကောင်းမြင်စိတ်ကို မြင်ရဆဲဖြစ်သော်လည်း လက်ရှိဒေတာက ရှေ့ခရီး မလွယ်ကူမည်ကို ညွှန်ပြနေပါသည်။ ထုတ်လုပ်ရေးကဏ္ဍသည် ရှိမြဲရှိနေကြသည့် ပစ္စည်းပေးသွင်းမှုဆိုင်ရာ ပြဿနာများ နှင့် ကုန်ကြမ်းများ ကျယ်ပြန့်စွာ ရှားပါးနေခြင်း၏ ဒဏ်ကို ဆက်လက် ရင်ဆိုင်နေရပြီး လာမည့် နှစ်ထဲတွင်ပါ ဆက်လက်ရင်ဆိုင်ရလိမ့်မည်ဟု ခန့်မှန်းရပါသည်။”

 

တွက်ချက်နည်း

S&P Global အာဆီယံ ထုတ်လုပ်မှု PMI ကို အင်ဒိုနီးရှား၊ မလေးရှားမြန်မာဖိလစ်ပိုင်၊ စင်ကာပူထိုင်းဗီယက်နမ် နိုင်ငံများမှ ထုတ်လုပ်သူ ၂,၁၀၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများ အတွက် ရရှိသည့် ဖြေကြားချက်မျာ အပေါ်အခြေခံပြီး S&P Global မှ တွက်ချက် ပါသည်။ ယင်းနိုင်ငံများသည် အာဆီယံ ထုတ်လုပ်သူများ၏ ထပ်တိုး တန်ဖိုး ၉၈% ကို ထုတ်လုပ် ပေးကြပါသည်*။ မေးမြန်းရန် ရွေးချယ်ခံရသူများကို GDP အား ထောက်ပံ့မှုအပေါ် အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့် လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့ပါသည်။
စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ပြပါသည်။ စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နှံ့မှု အညွန်းကို တွက်ချက်ပါသည်။ အညွန်းမှာ 'ပိုမြင့်လာမှု' ဖြေကြားချက်များ၏ ရာခိုင်နှုန်းနှင့် ‘မပြောင်းလဲ´ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွန်းများမှာ ၀ နှင့် ၁၀၀ အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကို ညွှန်ပြပါသည်။ ယင်းနောက်မှာ အညွန်းများကို ရာသီအလိုက် ညှိပေးရပါသည်။ အာဆီယံ အညွန်းများကို တစ်နိုင်ငံစီ၏ အညွန်းများအား ချိန်ဆလျက် စုပေါင်း တွက်ယူပါသည်။ နိုင်ငံများအလိုက် ချိန်ဆမှုကို နှစ်စဉ် ထုတ်လုပ်မှု ထပ်တိုးတန်ဖိုးမှ တွက်ယူပါသည်”။
အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွန်း Purchasing Managers' Index" (PMI) ဖြစ်ပါသည်။ PMI မှာ အောက်ပါ အညွန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်- အော်ဒါသစ်များ (၃၀%)၊ ထုတ်လုပ်မှု (၂၅%)၊ အလုပ်နေရာ (၂၀%)ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့် သိုလှောင်ထားသည့် ထည့်ကုန်များ (၁၀%)။ PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွန်းကို အခြား အညွန်း များနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။
ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက် ညှိပေးရမည့် အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။

PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များအတွက် ကျေးဇူးပြုပြီး [email protected] သို့ ဆက်သွယ်ပါ

*ရင်းမြစ်- ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု အညွန်းများ။

S&P Global (NYSE: SPGI)
S&P Global သည် အရေးပါသည့် အချက်အလက်များကို စီစဉ်ပေးပါသည်။ အစိုးရများ၊ စီးပွားရေး လုပ်ငန်းများ နှင့် လိုအပ်သူများအတွက် ကျွန်ုပ်တို့သည် မှန်ကန်သည့် ဒေတာ၊ ကျွမ်းကျင်မှုများ နှင့် ဆက်စပ် နည်းပညာကို တပ်ဆင်ပေးလျက် ယုံကြည်စိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ထောက်ကူပေးပါသည်။ ကျွန်ုပ်တို့၏ သုံးစွဲသူတို့အား ရင်းနှီးမြှပ်နှံမှုအသစ်များကို စိစစ်တန်ဖိုးဖြတ်နိုင်ရန် ကူညီပေးမှုမှအစ ESG နှင့် ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ တစ်ဝန်းမှာ စွမ်းအင်ကို ပုံစံပြောင်းပေးရာတွင် ၎င်းတို့အား လမ်းညွန်ပေးခြင်းဖြင့် ကျွန်ုပ်တို့သည် အခွင့်အလမ်းများကို ဖွင့်ထုတ်ပေးရင်း စိန်ခေါ်မှုများကို ဖြေရှင်းလျက် ကမ္ဘာကြီးအတွက် တိုးတက်မှုအရှိန်ကို တိုးမြှင့်ပေးကြပါသည်
နိုင်ငံတကာ အရင်းအနှီးကုန်စည်နှင့် မော်တော်ယာဉ် ဈေးကွက်များတွင် ယုံကြည်စိတ်ချရမှု အဆင့်သတ်မှတ်ချက်များစံညွှန်းများ၊ ဆန်းစစ်လေ့လာမှုများနှင့် လုပ်ငန်းစီးဆင်းမှု ဆိုင်ရာ ဖြေရှင်းနည်းများအတွက် ကမ္ဘာ့ထိပ်သီး အဖွဲ့ အစည်း အများအပြားတို့က ကျွန်ုပ်တို့အား ရှာဖွေ ချဉ်းကပ်ကြရပါသည်ကျွန်ုပ်တို့သည် မိမိတို့၏ ကမ်းလှမ်းချက်တိုင်းဖြင့် ကမ္ဘာ့ထိပ်သီး အဖွဲ့အစည်းများအား အနာဂတ်အတွက်၊ ပစ္စုပန်အတွက် စီမံရေးဆွဲနိုင်ရန် ထောက်ကူပေးကြပါသည်။


PMI အကြောင်း
ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွန်း (PMIT") စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုပါက ihsmarkit.com/products/pmi.html သို့ ဝင်ရောက်ကြည့်ရှုပါ။
 

Industry Reviews Read 455 times