သီရိလင်္ကာမှာ  မြန်မာနိုင်ငံအတွက် လှူဒါန်းမည့် Pfizer ကိုဗစ်ကာကွယ်ဆေး ဒေါ်လာ သန်း ၄၀ ဖိုး စွန့်ပစ်


24 December, 2022

သီရိလင်္ကာမှာ  မြန်မာနိုင်ငံအတွက် လှူဒါန်းမည့် Pfizer ကိုဗစ်ကာကွယ်ဆေး ဒေါ်လာ သန်း ၄၀ ဖိုး စွန့်ပစ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 သီရိလင်္ကာနိုင်ငံသည် မြန်မာနိုင်ငံအတွက် လှူဒါန်းရန် အစီအစဉ် မအောင်မြင်ပြီးနောက် ကန်ဒေါ်လာ သန်း ၄၀ တန် သက်တမ်းလွန် COVID-19 ကာကွယ်ဆေးများ စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ ကျွမ်းကျင်သူများ၏ ထင်မြင်ချက်များနှင့် အကြံပြုချက်များအား သီရိလင်္ကာနိုင်ငံမှတောင်းခံနေကြောင်း ကျန်းမာရေးအရာရှိများက ပြောကြားခဲ့သည်။

.

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization (WHO) ၏ ထောက်ခံချက်ဖြင့် Pfizer COVID 19 ကာကွယ်ဆေး၏ သက်တမ်းကုန်ဆုံးရက်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လကုန်မှ နှစ်ကြိမ် သက်တမ်းတိုးခဲ့ပြီး ကာကွယ်ဆေး ၆ သန်းသည် ဒီဇင်ဘာ ၃၁ ရက်တွင် သက်တမ်းထပ်မံကုန်ဆုံးမည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။

.

သီရိလင်္ကာနိုင်ငံသားအများစုသည် စတုတ္ထအကြိမ် ကာကွယ်ဆေးထပ်မံ ထိုးနှံရန် ငြင်းဆိုပြီးနောက် မြန်မာနိုင်ငံသို့ ဒေါ်လာသန်း ၄၀ ကျော်တန်ဖိုးရှိသော Pfizer ကာကွယ်ဆေး ခြောက်သန်းကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် အစိုးရက ပြောကြားခဲ့သည်။

.

“သက်တမ်းလွန် ကာကွယ်ဆေးတွေက သီရိလင်္ကာမှာ ရှိနေဆဲပါ။ ကာကွယ်ဆေးတွေကို ဘယ်လိုစွန့်ပစ်ရမလဲဆိုတဲ့ ကျွမ်းကျင်သူတွေရဲ့ ထင်မြင်ယူဆချက်တွေကို ကျွန်တော်တို့ တောင်းခံနေပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ အတွင်းရေးမှူး Janaka Chandragupta က EconomyNext သတင်းမီဒီယာသို့ ပြောကြားခဲ့သည်။

 

ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Hemantha Herath က ကာကွယ်ဆေးများ သက်တမ်းကုန်ရန် နီးကပ်လာသောကြောင့် လှူဒါန်းမှုများ ပြုလုပ်ခဲ့ခြင်း မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ 

.

သီရိလင်္ကာတွင် လူဦးရေ ၁၇.၁ သန်းကျော်သည် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံမှုကို ခံယူထားသော်လည်း စတုတ္ထအကြိမ် ကာကွယ်ဆေး ထိုးနှံခြင်းကို ၂၀၂, ၅၇၁ ဦးသာ ထိုးနှံခဲ့ကြသည်။ 

သီရိလင်္ကာနိုင်ငံတွင် ကာကွယ်ဆေးများတင်သွင်းရာတွင် နှောင့်နှေးမှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း နောက်ပိုင်းတွင် booster  ထိုးနှံရန်ိအတွက် လိုအပ်သည်ထက် ပိုမိုမှာယူခဲ့သည်။

Source EconomyNext

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Global News Read 573 times