မလေးရှား Petronas ၂၀၂၂ တွင် အမြတ်ငွေ ၂ ဆတိုးခဲ့ 


15 March, 2023

မလေးရှား Petronas ၂၀၂၂ တွင် အမြတ်ငွေ ၂ ဆတိုးခဲ့ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

မလေးရှားနိုင်ငံပိုင် ရေနံကုမ္ပဏီ Petroliam Nasional Berhad သည်  ရေနံနှင့် သဘာဝဓာတ်ငွေ့ စျေးနှုန်းများ မြင့်မားနေခြင်းနှင့် အရောင်းပမာဏ ကြီးမားသည့်အတွက် သုံးလပတ်အမြတ်ငွေ ၅၅% ခုန်တက်ခဲ့ကြောင်း တနင်္လာနေ့ (မတ် ၁၃)တွင် ထုတ်ပြန်ခဲ့သည်။
သို့သော်  ကမ္ဘာ့စီးပွားရေး နှေးကွေးမည်ဟု မျှော်မှန်းထားခြင်းကြောင့် ယခုနှစ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စျေးနှုန်းများ အသင့်အတင့် ဖြစ်လိမ့်မည်ဟု ခန့်မှန့်ထားသည်။

 Petronas ဟု လူသိများသော Petroliam Nasional Berhad သည် ၂၀၂၂ ဒီဇင်ဘာလတွင် ကုန်ဆုံးသည့် ၃ လပတ်တွင် အမြတ် ရင်းဂစ် ၂၄.၄ ဘီလီယံ (ကန်ဒေါ်လာ ၅.၄၄ ဘီလီယံ) ရရှိခဲ့ကြောင်း အစီရင်ခံသည်။ ယမန်နှစ် အလားတူကာလတွင် အမြတ် ရင်းဂစ် ၁၅.၇ ဘီလီယံ ရရှိခဲ့ပါသည်။
ဝင်ငွေသည် ရင်းဂစ် ၁၀၅.၉ ဘီလီယံအထိ ရရှနခဲ့ပြီး ၃၈ ရာခိုင်နှုန်း ခုန်တက်ခဲ့ပါသည်။


ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တစ်နှစ်တာတွင် အခြား ရေနံလုပ်ငန်းကြီးများနည်းတူ Petronas သည်လည်း ဘဏ္ဍာရေး အခြေအနေ စံချိန်တင် ကောင်းမွန်ခဲ့ပါသည်။ဝင်ငွေသည် ၅၁ ရာခိုင်နှုန်း တိုးခဲ့ပြီး ရင်းဂစ် ၃၇၅.၃ ဘီလီယံ ရရှိခဲ့သည်။ အမြတ် ၂ ဆတိုးခဲ့ပြီး ရင်းဂစ် ၁၀၁.၆ ဘီလီယံ ရရှိခဲ့ပါသည်။

ရုရှား၏ ယူကရိန်းကျူးကျော်စစ် ဂယက်ကြောင့် ၂၀၂၂ တွင် မြင့်တက်ခဲ့သော ရေနံ‌နှင့် သဘာဝ‌ဓာတ်ငွေ့ ဈေးနှုန်းများသည် ယခုနှစ်တွင် ပုံမှန်ပြန်ဖြစ်သွားမည်ဟု မျှော်မှန်းကြောင်း Petronas စီအီးအို Tengku Muhammad Taufik က ပြောကြားသည်။

Petronas သည် ၎င်း၏ သဘာဝဓာတ်ငွေ့ရည် ထုတ်လုပ်သည့် ဆိပ်ခံ Malaysia LNG Dua ထံ ဓာတ်ငွေ့ပို့လွှတ်မှု ရပ်ဆိုင်းထားခဲ့သည်။ 
စက်တင်ဘာလ ၂၁ ရက်တွင် Sabah-Sarawak Gas Pipeline မှာ မြေလွှာ ရွေ့လျားမှု ဖြစ်ပေါ်ခဲ့ပြီး ဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွားခဲ့သဖြင့် မလွန်ဆန်နိုင်သောအဖြစ်ဟု ကြေညာခဲ့ပြီး ဓာတ်ငွေ့ပို့လွှတ်မှု ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။
 ကန်ထရိုက်ပါ လိုအပ်ချက် ပြည့်မီအောင် ယခုန‌ှစ်တွင် ဖြည့်ဆည်းပေးနိုင်မည်ဟု Petronas က ဆိုသည်။
ငွေကြေးဖောင်းပွမှုကြောင့်  Sabah ကမ်းလွန်မှ  Libayong ရေနက်ပိုင်း တူးထော်ရေး စီမံကိန်းကို ရပ်ဆိုင်းထားပြီး အခြားနည်းလမ်းဖြင့် လုပ်ကိုင်ရန် လေ့လာနေသည်ဟု Petronas က ပြောကြားပါသည်။

($1 = 4.4840 ringgit)
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 152 times