ဈေးကွက်ဝင် သဘာဝဓာတ်ငွေ့ ၁၃၈ ဘီလီယံကုဗမီတာ ထုတ်လုပ်ရန်  PetroChina လျာထား


14 April, 2023

ဈေးကွက်ဝင် သဘာဝဓာတ်ငွေ့ ၁၃၈ ဘီလီယံကုဗမီတာ ထုတ်လုပ်ရန်  PetroChina လျာထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

နိုင်ငံပိုင် PetroChina သည် ဈေးကွက်ဝင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို ၄.၆ ရာခိုင်နှုန်းအထိ  ယခုနှစ် ၂၀၂၃ တွင် တိုးမြှင့်ရန် စီစဉ်နေသည်။ ၁၃၃.၄၄ ဘီလီယံကုဗမီတာ Billion cubic meters(Bcm) ထုတ်လုပ်ရန် လျာထားသည်ဟု နှစ်ပတ်လည် အစီရင်ခံစာ အကျဉ်းချုပ်တွင် ဖော်ပြထားသည်။
.
PetroChina ၏ ဈေးကွက်ဝင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုသည် ၂၀၂၂ တွင် 132.38 Bcm ရှိခဲ့ပြီး ပြည်တွင်းမှာ 126.61 Bcm နှင့် ပြည်ပမှာ 5.77 Bcm ထုတ်လုပ်ခဲ့သည်။ 
.
တရုတ်ပြည်တွင်း သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု စုစုပေါင်း 217.8 Bcm ၏ ၅၈% ကို PetroChina က ထုတ်လုပ်သည်။
 .
PetroChina သည် ၂၀၂၂ တွင် သဘာဝဒာတ်ငွေ့ 260.284 Bcm ရောင်းချခဲ့သည်။ ယင်းပမာဏတွင် တရုတ်ပြည်တွင်း အရောင်းပမာဏမှာ 207.096 Bcm ဖြစ်ပါသည်။


PetroChina ၏ သဘာဝဓာတ်ငွေ့ရောင်းချမှုလုပ်ငန်းသည် ပင်လယ်ရေကြောင်းမှ တင်သွင်းသည့်  သဘာဝဓာတ်ငွေ့ရည် liquefied natural gas  LNG အတွက် တင်သွင်းမှုကုန်ကျစရိတ်များ သိသိသာသာမြင့်တက်နေသော်လည်း ၂၀၂၂ ခုနှစ်တွင် လည်ပတ်အမြတ်ငွေ ယွမ် ၁၃ ဘီလီယံ (ဒေါ်လာ ၁.၈၉ ဘီလီယံ) ရရှိခဲ့သည်။
.
PetroChina အပါအဝင် တရုတ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်သွင်းသူ များသည် ပိုက်လိုင်းဓာတ်ငွေ့ ဈေးနှုန်း သက်သာနေခြင်းကြောင့် ၂၀၂၂ ခုနှစ်တွင် သင်္ဘောများဖြင့် LNG တင်သွင်းမှုကို လျှော့ချပြီး ပိုက်လိုင်းဓာတ်ငွေ့ တင်သွင်းမှု တိုးလာသည်။
တရုတ်နိုင်ငံ၏ ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့ တင်သွင်းမှုသည် ၂၀၂၂ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့်  မက်ထရစ်တန် ၄၅.၈ သန်းအထိ မြင့်တက်လာခဲ့သည်။ LNG တင်သွင်းမှုသည် မက်ထရစ်တန် ၆၃.၄၄ သန်းသို့ ကျဆင်းခဲ့သည်။
.
ယမန်နှစ်က တရုတ်နိုင်ငံမှ တင်သွင်းသော ဓာတ်ငွေ့ပိုက်လိုင်း၏ ပျမ်းမျှစျေးနှုန်းသည် အခွန်နှင့် အခကြေးငွေများ မပါဝင်ဘဲ ဒေါ်လာ 7.73/MMBtu ရှိသည်။
.
ရုရှားနိုင်ငံမှ ဓာတ်ငွေ့ပိုက်လိုင်း တင်သွင်းမှုသည် ၂၀၂၂ ခုနှစ်တွင် တင်သွင်းမှု ပိုများအောင် အကြောင်းပြုပေးခဲ့သည်။ ရုရှား ပိုက်လိုင်းဓာတ်ငွေ့ ၂၀၂၁ တွင် 10 Bcm တင်သွင်းခဲ့ပြီး ၂၀၂၂ တွင် 15 Bcm သို့ မြင့်တက်ခဲ့သည်။ တရုတ်နိုင်ငံမှ တင်သွင်းသော ပိုက်လိုင်းဓာတ်ငွေ့များတွင် ရုရှား ပိုက်လိုင်းဓာတ်ငွေ့သည် ဈေးအသက်သာဆုံး ဖြစ်သည်။
တရုတ်နိုင်ငံသည် တာ့ခ်မင်နစ္စတန်၊ ကာဇက်စတန်နှင့် မြန်မာနိုင်ငံတို့မှ သဘာဝဓာတ်ငွေ့များကိုလည်း ပိုက်လိုင်းမှတစ်ဆင့် တင်သွင်းပါသည်။
Source: Platts
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 190 times