ကမ္ဘာ့အကြီးမားဆုံး PET ထုတ်လုပ်သူရဲ့ PET ဘူးခွံ တစ်ဖန်ပြန်သုံး ရည်မှန်းချက်


29 November, 2021

ပလတ်စတစ် ထုပ်ပိုးပစ္စည်းများ စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်း၊ အမှိုက်စီမံချုပ်ထိန်းပုံ လွဲချော်ခြင်းတို့ကြောင့် ပတ်ဝန်းကျင် အမှိုက်ပွပြီး ညစ်ညမ်းစေပါတယ်။
ဖြေရှင်းနည်းက တစ်ပတ်အပြည်လည်တဲ့ စီးပွားရေး ဖြစ်ပြီး အဲဒီစိတ်ကူးကို ၁၉၉၀ ဝန်းကျင်မှာ ပြောဆိုခဲ့ကြတယ်။ ပြုလုပ် သုံးစွဲ တစ်ဖန်ပြန်သုံး သံသရာလည်နေအောင် လုပ်ပေးထားနိုင်ရင် အမှိုက်ထွက်တာ လျော့နည်းပပျောက်သွားမယ်။ 
အဲဒီလို သံသရာလည်နိုင်ဖို့ ပြုလုပ်စဉ်မှာ ထုတ်လုပ်တဲ့ ထုတ်ကုန်များ၊ ထုပ်ပိုးပစ္စည်းများကို နောင်တစ်ချိန်မှာ ကုန်ကြမ်းအဖြစ် တစ်ဖန်ပြန်လည်သုံးစွဲနိုင်အောင် ဆောင်ရွက်စီမံပေးလိုက်ရမယ်။ ဒါပေမဲ့ အများစုက ပြုလုပ် သုံးစွဲ စွန့်ပစ် ပုံစံခွက်ထဲမှာပဲ ရှိနေကြတယ်။ 

ပြုလုပ် သုံးစွဲ တစ်ဖန်ပြန်သုံး သံသရာ လည်ဖို့ တစ်ဖန်ပြန်သုံးကို စီးပွားဖြစ် အကြီးအကျယ် လုပ်ကိုင်ဖို့လိုအပ်နေပေမဲ့ လုပ်ကိုင်တဲ့သူ နည်းပါးနေတယ်။ စိန်ခေါ်မှုက်ု ယူမယ့်သူ နည်းပါးပါတယ်။
အဲဒီစိန်ခေါ်မှုကို ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် Indorama Ventures Ltd (IVL) က ရင်ဆိုင်ကိုင်တွယ်ခဲ့ပါတယ်။ အဖျော်ယမကာထည့်တဲ့ ပလတ်စတစ်ဘူးခွံတွေကို ကုန်ကြမ်ူအဖြစ် တစ်ဖန်ပြန်သုံးပြီး ကုန်ချော ထုတ်လုပ်ပါတယ်။

Aloke Lohia, Founder & Group CEO, Indorama

IVL ရဲ့အဓိက ထုတ်ကုန်တွေက 
polyethylene terephthalate (PET), 
polyester fibers and yarns, 
wool yarns, 
purified terephthalic acid (PTA), 
ethylene oxide (EO), 
ethylene glycol (EG) အစရှိသည်များ ဖြစ်ပါတယ်။
လုပ်ငန်းစု ဝင်ငွေက တစ်နှစ် အမေရိကန်ဒေါ်လာ ၁၀.၆ ဘီလျံ ဖြစ်ပါတယ်။

IVL ကို ၁၉၉၄ ခုနှစ်မှာ Aloke Lohia က ထိုင်းနိုင်ငံမှာ စတင်ထူထောင်ခဲ့ပြီး  သိုးမွေးချည်ချော ထုတ်လုပ်ပါတယ်။ 

၁၉၉၅ မှာ ထိုင်းနိုင်ငံမှာ PET  ကော်စေ့ စက်ရုံကို စတင်လုပ်ကိုင်ပါတယ်။

၂၀၀၃ မှာ မြေက်အမေရိကမှာ StarPet ရဲ့ စက်ရုံကို ဝယ်ယူပြီး လုပ်ကိုင်ပါတယ်။

၂၀၀၆ မှာ  ဉရောပမှာ PET စက်ရုံတစ်ခုကို Orion Global ကုမ္ပဏီ အမည်ဖြင့် ထူတောင်လုပ်ကိုင်ပါတယ်။
 
၂၀၀၈ မှာ ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး ပိုလီတာ ဖိုင်ဘာ ထုတ်လုပ်ရေး လုပ်ငန်းကြီး Tuntex Thailand ကို ဝယ်ယူပြီး လုပ်ကိုင်ပါတယ်။

၂၀၀၉ မှာ ပိုလီစတာ လုပ်ငန်းခွဲတွေကို Tuntex မှာ  ပေါင်းစည်းလိုက်တယ်။ Indorama Polyester Industries လို့ အမည်ပြောင်းလဲ လိုက်တယ်။

IVL ကို အများပိုင်ကုမ္ပဏီ အဖြစ်သို့ ၂၀၀၉ မှာ ပြောင်းလဲလိုက်တယ်။ 
ကုမ္ပဏီရဲ့ ၉၉.၉၉% ကို Canopus International က အမည်ပေါက် ပိုင်ဆိုင်ပါတယ်။ Canopus International ကို  IVL ထူထောင်သူနဲ့ စီအီးအို  Aloke Lohia နဲ့ သူ့မိသားစုဝင်တွေက ပိုင်ဆိုင်ပါတယ်။ 

၂၀၁၁ မှာ IVL က PET စက်ရုံတွေကို တရုတ်၊ မက္ကဆီကို၊ အမေရိကန်၊ ပိုလန်၊ အင်ဒိုနီးရှားတို့မှာ ဝယ်ယူပြီး ကမ္ဘာ့အကြီးမားဆုံး PET ထုတ်လုပ်သူ အဖြစ်သို့ ရောက်ရှိပါတယ်။

၂၀၁၁ နိုဝင်ဘာလမှာ တစ်ဖန်ပြန်သုံး ပိုလီမာ ဖိုင်ဘာ နဲ့ PET လုပ်ငန်း Wellman International ကို ဥရောပမှာ ဝယ်ယူခဲ့ပါတယ်။ PET ဘူးခွံတွေကို တစ်ဖန်ပြန်သုံးပြီး ကော်စေ့ ထုတ်လုပ်တယ်။ ယခုအခါ PET ဘူးခွံ ၆၃ ဘီလျံကို တစ်ဖန်ပြန်လည်သုံးစွဲပေးခဲ့ပြီးပြီ ဖြစ်ပါတယ်။

PET ဘူးခွံတွေ တစ်ဖန်ပြန်လည်သုံးစွဲခြင်း recycling စက်ရုံတွေ တိုးချဲ့လုပ်ကိုင်ဖို့ အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံ ရင်းနှီးမြှုပ်နှံသွားဖို့ အစီအစဉ် ရှိပါတယ်။
၂၀၂၅ မှာ တစ်နှစ်လျှင် PET ဘူးခွံ ၅၀ ဘီလျံ တစ်ဖန်ပြန်လည် သုံးစွဲပေးနိုင်ဖို့ ရည်မှန်းချက် ထားရှိပါတယ်။

 

 

 

Global News Read 1233 times