နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဗဟိုဘဏ်၏ Online Trading အစီအစဉ်ဖြင့် ဆောင်ရွက်ရန် သတ်မှတ်ချက်များ 


02 August, 2023

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဗဟိုဘဏ်၏ Online Trading အစီအစဉ်ဖြင့် ဆောင်ရွက်ရန် သတ်မှတ်ချက်များ 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

 နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(AD) လိုင်စင်ရဘဏ်များသည် နိုင်ငံခြားငွေ ဈေးကွက်အတွင်း ဘဏ်နှင့် Customerများအကြား အရောင်းအဝယ် ပြုလုပ်ရာတွင် လည်းကောင်း၊ Customer အချင်းချင်း အရောင်းအဝယ်ပြုလုပ်ရာတွင်လည်းကောင်း  ၂၀၂၃ခုနှစ် ဇွန်လ (၂၂)ရက်နေ့က စတင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဦးဆောင်၍   Online Trading အစီအစဉ်ဖြင့် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။
 ထိုသို့ Online Trading ပြုလုပ်ရာတွင် ဗဟိုဘဏ်သည် အောက်ပါသတ်မှတ်ချက်များဖြင့် စိစစ်ပြီး အရောင်းအဝယ်ပြုရမည့် ကုမ္ပဏီများ၊ ပမာဏ၊ ငွေလဲလှယ်နှုန်း အစရှိသည်တို့ကို AD လိုင်စင်ရ ဘဏ်များနှင့် ညှိနှိုင်းဆုံးဖြတ်မည်ဖြစ်ပါသည်။  


အရောင်းအဝယ် ပြုလုပ်ခွင့်ရှိသည့် အခြေအနေများမှာ-
(၁) အရေးကြီးကုန်စည်များနှင့် Payment Due Date ပြည့်ပြီး transaction များကိုသာ ဝယ်ယူခွင့်ပြုမည်။ 
(၂) ကုမ္ပဏီတစ်ခုသည် ဘဏ်တစ်ဘဏ်ထက်ပို၍ ဝယ်ယူလိုပါက Import License နှင့် ID မတူသည့် Payment Due  ပြည့်ပြီးဖြစ်သော transaction များကို တင်ပြထားသည့် ဘဏ်၌ ဝယ်ယူခွင့်ပြုမည်။
(၃) ကုမ္ပဏီတစ်ခုသည် transaction တစ်ကြောင်းအတွက် ဝယ်ယူလိုသည့်ပမာဏများပြားပါက သင့်လျှော်သည့် ပမာဏကိုသာ ဝယ်ယူခွင့်ပြုမည်။
(၄) ကုမ္ပဏီတစ်ခုသည် နိုင်ငံခြားငွေဝယ်ယူလိုကြောင်း နေ့စဉ်တင်ပြနေစေကာမူ ရောင်းချနိုင် သည့် ပမာဏအပေါ်သာမူတည်၍သာ ဝယ်ယူခွင့်ပြုမည်။


အရောင်းအဝယ် ပြုလုပ်ခွင့် မရှိသည့် အခြေအနေများမှာ-
(၁) Import License ခွင့်ပြုသည့်ရက်စွဲသည် ID ရက်စွဲထက်နောက်ကျနေခြင်း။
(၂) လိုင်စင်ကုန်စည်ဖြစ်စေ ၊ Non License ကုန်စည်ဖြစ်စေ ID သက်တမ်း 
 (၆) လထက်ကျော်နေခြင်း။
(၃) တူညီသည့် Import License နှင့် ID များအားထပ်မံတင်ပြလာခြင်း။
(၄) Import License သည် ၂၀၂၂ ခုနှစ်အတွင်း ခွင့်ပြုချက်ရထားခြင်း (သို့) သက်တမ်း တိုးထားခြင်း။
(၅) သီလဝါအထူးစီးပွားရေးဇုန်ရှိ ကင်းလွတ်ဇုန် (Free Zone) တွင်လုပ်ငန်းဆောင်ရွက်နေခြင်း။

 

စိစစ်မည့်အချက်များမှာ-
(၁) သွင်းကုန်အတွက် Advanced Payment TT ဖြင့် ငွေပေးချေလိုပါက မဖြစ်မနေပေးချေရန် လိုအပ်မှုရှိ/မရှိ စိစစ်ခြင်းနှင့် Case by Case တင်ပြခွင့်ပြုချက်ရယူရန် လိုအပ်ခြင်း။
(၂) ID သည် License ရပြီး (၃) လအတွင်းဖြစ်/မဖြစ်နှင့် (၃) လထက်ပိုပါက License သက်တမ်း တိုးထားခြင်းရှိ/မရှိ စိစစ်ခြင်း။
(၃) Non-License ကုန်စည်များ၏ transaction များအတွက်နိုင်ငံခြားငွေ ဝယ်ယူလိုပါက   စီး/ကူးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် HS Code များဖြင့် စိစစ်ခြင်း။
(၄) ချေးငွေအတိုးပြန်လည်ပေးဆပ်ရန်အတွက်ဖြစ်ပါက ဗဟိုဘဏ်မှ ခွင့်ပြုထားသည့် Repayment Schedule ဖြင့် စိစစ်မည်ဖြစ်သည်။
 ထို့ကြောင့် AD လိုင်စင်ရဘဏ်များသည်  အထက်ဖော်ပြပါ သတ်မှတ်ချက်များဖြင့် ကိုက်ညီရန် စိစစ်ပြီးဖြစ်သည့် transaction များအတွက် ယင်းနှင့်သက်ဆိုင်သည့် အထောက်အထားများကို သေချာစွာ တောင်းခံစိစစ်ပြီးမှ Online Trading Platform သို့  တင်ပြရမည်ဖြစ်သည်။ Online Trading အစီအစဉ်တွင် ညှိနှိုင်းထားသည့် ငွေလဲလှယ်နှုန်းဖြင့်သာ ရောင်းဝယ်ရမည်ဖြစ်သည်။ 

 

 ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိပါက AD လိုင်စင်ရဘဏ်များကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမည်ဖြစ်သည့်အပြင် Online Trading အစီအစဉ်တွင် ညှိနှိုင်းဆုံးဖြတ်ထားသော ငွေလဲလှယ်နှုန်းဖြင့် ရောင်းဝယ်ခြင်းမရှိသော လုပ်ငန်းရှင်များကိုလည်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ကိုပိတ်သိမ်းသွားရန် ဗဟိုဘဏ်မှတစ်ဆင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဌာနသို့ အကြောင်းကြားမည် ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များကို အသိပေးရန် AD လိုင်စင်ရဘဏ်များကို ညွှန်ကြားထားကြောင်း သိရှိရသည်။  
Source UMFCCI

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

How To Laws and Regulations Tips Read 541 times